ဟော​ရှေ 2:1-9 Common Language Bible (BCL)

1. သို့​ဖြစ်​၍​သင်​တို့​သည်​ဣ​သ​ရေ​လ​နိုင်​ငံ သား​ချင်း​တို့​အား``ဘု​ရား​သ​ခင်​၏​လူ​စု'' ဟူ​၍​လည်း​ကောင်း၊ ``ထာ​ဝ​ရ​ဘု​ရား​သ​နား ကြင်​နာ​သူ​များ'' ဟူ​၍​လည်း​ကောင်း​ကင်​ပွန်း တပ်​ခေါ်​ကြ​လော့။

2. ငါ​၏​သား​သမီး​တို့​သင်​တို့​၏​မိ​ခင်​အား​မေတ္တာ ရပ်​ခံ​လော့။ သူ​သည်​ငါ​၏​ဇ​နီး​မ​ဟုတ်​တော့ ပြီ။ ငါ​သည်​လည်း​သူ​၏​ခင်​ပွန်း​မ​ဟုတ်​တော့ ပြီ၊ သို့​ရာ​တွင်​မျောက်​မ​ထား​သော​အ​ကျင့် နှင့်​ပြည့်​တန်​ဆာ​အ​လုပ်​ကို​စွန့်​ရန် သင်​တို့ ၏​မိ​ခင်​အား​မေတ္တာ​ရပ်​ခံ​လော့။-

3. ထို​အ​ကျင့်​များ​ကို​မ​စွန့်​လျှင်​ငါ​သည်​သူ​၏ အ​ဝတ်​ကို​ချွတ်​၍ သူ​မွေး​သည့်​နေ့​က​ကဲ့​သို့ အ​ဝတ်​အ​ချည်း​စည်း​ရှိ​စေ​မည်၊ သူ့​အား​သွေ့ ခြောက်​၍​အ​သုံး​မ​ကျ​သော​လွင်​ပြင်​ကဲ့​သို့ ဖြစ်​စေ​သ​ဖြင့် သူ​သည်​ရေ​ငတ်​၍​အ​သက် ဆုံး​ရ​လိမ့်​မည်။-

4. သူ​၏​သား​သ​မီး​တို့​သည်​ပြည့်​တန်​ဆာ​မ ၏​သား​သ​မီး​များ​ဖြစ်​လာ​ကြ​သော​ကြောင့် ငါ​သည်​သူ​တို့​အား​သ​နား​ကြင်​နာ​မည် မ​ဟုတ်။-

5. သူ​တို့​မိ​ခင်​သည်​သစ္စာ​မဲ့​လျက်​သူ​တို့​အား အ​ရှက်​မဲ့​စွာ​မွေး​ဖွား​ခဲ့​၏။ သူ​ကိုယ်​တိုင် က``ငါ့​အား​စား​စ​ရာ​အ​စာ​ရေ​စာ၊ သိုး မွေး၊ ချည်​နှင့်​သံ​လွင်​ဆီ၊ စ​ပျစ်​ရည်​ကို ပေး​သော​ချစ်​သူ​တို့​နောက်​သို့​ငါ​လိုက် မည်'' ဟု​ဆို​၏။

6. သို့​ဖြစ်​၍​ငါ​သည်​သူ​မ​ထွက်​နိုင်​ရန်​ဆူး စည်း​ရိုး​ခတ်​၍ လမ်း​ရှာ​မ​တွေ့​နိုင်​ရန်​တံ တိုင်း​ဖြင့်​ကာ​ရံ​ထား​မည်။-

7. သူ​သည်​ချစ်​သူ​တို့​နောက်​သို့​ပြေး​လိုက်​သော် လည်း​မီ​မည်​မဟုတ်၊ ရှာ​သော်​လည်း​တွေ့​မည် မ​ဟုတ်၊ ထို​အ​ခါ​သူ​က``ငါ​သည်​ခင်​ပွန်း ဟောင်း​ထံ​သို့​ပြန်​မည်။ ငါ​သည်​ခင်​ပွန်း​သစ် နှင့်​ပေါင်း​သင်း​နေ​ထိုင်​ရ​သည်​ထက် ခင်​ပွန်း ဟောင်း​နှင့်​ပေါင်း​သင်း​နေ​ထိုင်​ရ​သည်​က ပို​၍​ကောင်း​သည်'' ဟု​ဆို​လိမ့်​မည်။

8. သူ​သည်​ဗာ​လ​ဘု​ရား​ကို​ဝတ်​ပြု​ရာ​၌ ပူ​ဇော်​ဆက်​သ​သော​ဂျုံ​စ​ပါး၊ စ​ပျစ်​ရည်၊ သံ​လွင်​ဆီ၊ ရွှေ​နှင့်​ငွေ​တို့​ကို​ငါ့​ထံ​မှ​ရ​ရှိ သည်​ဟု​သူ​မ​သိ။-

9. သို့​ဖြစ်​၍​ငါ​သည်​ကောက်​ရိတ်​သိမ်း​ချိန်​တွင် ငါ​၏​ဂျုံ​စ​ပါး​နှင့်​စ​ပျစ်​ရည်​ကို​လည်း ကောင်း၊ သူ​ဝတ်​ရန်​ငါ​ပေး​ထား​သော​သိုး​မွေး နှင့်​ချည်​ကို​လည်း​ကောင်း​ပြန်​၍​သိမ်း​ယူ​မည်။-

21-22. ထို​အ​ခါ​၌​ငါ​၏​လူ​မျိုး​တော်ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဆု​တောင်း ပတ္ထ​နာ​ကို နား​ညောင်း​တော်​မူ​မည်။ငါ​သည်​မြေ​ကြီး​ပေါ်​တွင်​မိုး​ကို​ရွာ​စေ​သ​ဖြင့်မြေ​ကြီး​မှ​စ​ပါး၊ စ​ပျစ်​သီး​နှင့်​သံ​လွင်​သီး များ သီး​လိမ့်​မည်။

ဟော​ရှေ 2