1. ဣသရေလပြည်သားတို့၊ သင်တို့၏ဘုရားသခင်ထာဝရဘုရားထံတော်သို့ပြန်လာ ကြလော့။ သင်တို့သည်သင်တို့၏အပြစ်ကြောင့် ခြေချော်၍လဲကြပြီ။-
2. ထာဝရဘုရားထံတော်သို့ပြန်လာ၍ ကိုယ် တော်ထံဤဆုတောင်းပတ္ထနာကိုဆက်သ လျှောက်ထားလော့``အကျွန်ုပ်တို့၏အပြစ်များ ကိုလွှတ်၍၊ ကျေးဇူးတော်အားဖြင့်အကျွန်ုပ် တို့အားလက်ခံတော်မူပါ။ အကျွန်ုပ်တို့ပြု ထားသောကတိအတိုင်း ကိုယ်တော်၏ဂုဏ် တော်ကိုချီးမွမ်းပါမည်။-
3. အာရှုရိဘုရင်သည်အကျွန်ုပ်တို့ကိုမ ကယ်နိုင်ပါ။ စစ်ရထားများသည်အကျွန်ုပ် တို့ကိုမကာကွယ်နိုင်ပါ။ အကျွန်ုပ်တို့လက် ဖြင့်လုပ်သောရုပ်တုများကို အကျွန်ုပ်တို့၏ ဘုရားဟုနောက်တစ်ဖန်မခေါ်တော့ပါ။ အို ထာဝရဘုရား၊ ကိုယ်တော်သည်ခိုကိုးရာ မဲ့သောသူတို့အားကြင်နာသနားတော် မူပါ၏။''
4. ထာဝရဘုရားက၊``ငါ၏လူမျိုးတော်ကိုငါ့ထံသို့ ပြန်လာစေမည်။ငါသည်သူတို့အားအကြွင်းမဲ့ချစ်မည်။ သူတို့အပေါ်၌အမျက်တော်ပြေပြီ။
5. မိုးရေသည်ခြောက်သွေ့သောမြေကိုစိုပြေစေ သကဲ့သို့ငါသည်ဣသရေလပြည်သားတို့အား စိုပြေပွင့်လန်းစေမည်။သူတို့သည်ပန်းပင်ကဲ့သို့ဖူးပွင့်ကြလိမ့်မည်။လေဗနုန်တောမှသစ်ပင်ကဲ့သို့အမြစ်စွဲလိမ့်မည်။