1. ဣသရေလပြည်သားတို့၊ သင်တို့၏ဘုရားသခင်ထာဝရဘုရားထံတော်သို့ပြန်လာ ကြလော့။ သင်တို့သည်သင်တို့၏အပြစ်ကြောင့် ခြေချော်၍လဲကြပြီ။-
2. ထာဝရဘုရားထံတော်သို့ပြန်လာ၍ ကိုယ် တော်ထံဤဆုတောင်းပတ္ထနာကိုဆက်သ လျှောက်ထားလော့``အကျွန်ုပ်တို့၏အပြစ်များ ကိုလွှတ်၍၊ ကျေးဇူးတော်အားဖြင့်အကျွန်ုပ် တို့အားလက်ခံတော်မူပါ။ အကျွန်ုပ်တို့ပြု ထားသောကတိအတိုင်း ကိုယ်တော်၏ဂုဏ် တော်ကိုချီးမွမ်းပါမည်။-
3. အာရှုရိဘုရင်သည်အကျွန်ုပ်တို့ကိုမ ကယ်နိုင်ပါ။ စစ်ရထားများသည်အကျွန်ုပ် တို့ကိုမကာကွယ်နိုင်ပါ။ အကျွန်ုပ်တို့လက် ဖြင့်လုပ်သောရုပ်တုများကို အကျွန်ုပ်တို့၏ ဘုရားဟုနောက်တစ်ဖန်မခေါ်တော့ပါ။ အို ထာဝရဘုရား၊ ကိုယ်တော်သည်ခိုကိုးရာ မဲ့သောသူတို့အားကြင်နာသနားတော် မူပါ၏။''