9. သို့ရာတွင်သင်တို့အားအီဂျစ်ပြည်မှထုတ် ဆောင်ခဲ့သော သင်တို့၏ဘုရားသခင်ငါ ထာဝရဘုရားသည် သဲကန္တာရ၌သင် တို့တဲများနှင့်နေထိုင်သည်နည်းတူ ယခု တစ်ဖန်တဲများ၌နေထိုင်စေဦးမည်။
10. ``ငါသည်ပရောဖက်တို့အားဗျာဒိတ်ပေး ၍ ရူပါရုံများစွာကိုမြင်စေခဲ့ပြီ။ သူတို့ အားဖြင့်ငါ၏လူမျိုးတော်ကိုသတိပေး ခဲ့ပြီ။-
11. သို့သော်လည်းသူတို့သည်ဂိလဒ်ပြည်တွင် ရုပ်တုများကိုကိုးကွယ်ကြ၏။ ထိုသို့ကိုး ကွယ်သူတို့သည်သေရမည်။ ဂိလဂါလ မြို့တွင်နွားများကိုယဇ်ပူဇော်ကြ၍ထို အရပ်၌ရှိသောယဇ်ပလ္လင်တို့သည်ကွင်း ပြင်များထဲတွင်ကျောက်ပုံများအဖြစ် ကျန်ရစ်လိမ့်မည်။''
12. ငါတို့၏ဘိုးဘေးဖြစ်သောယာကုပ်သည် အာရံပြည်သို့ထွက်ပြေး၍ မယားရရန် လူတစ်ဦးထံ၌သိုးကျောင်းရ၏။-
13. ထာဝရဘုရားသည်ဣသရေလပြည် သားတို့အားကျွန်ခံရာအီဂျစ်ပြည်မှ ထုတ်ဆောင်ရန်နှင့်စောင့်ရှောက်ရန်ပရောဖက် တစ်ပါးကိုစေလွှတ်တော်မူ၏။-
14. ဣသရေလပြည်သားတို့သည်ထာဝရ ဘုရားအား ခါးသီးစွာအမျက်ဒေါသ ထွက်စေ၏။ သူတို့၏ဒုစရိုက်အပြစ်များ ကြောင့်သေဒဏ်ခံသင့်ကြ၏။ သူတို့သည် ထာဝရဘုရား၏ဘုန်းအသရေတော်ကို ရှုတ်ချသောကြောင့် ကိုယ်တော်သည်သူတို့ ကိုဒဏ်ခတ်တော်မူလိမ့်မည်။