6. ထို့ကြောင့်ယာကုပ်အနွယ်ဝင်တို့၊ သင်တို့ ၏ဘုရားသခင်ကိုယုံကြည်၍အထံ တော်သို့ပြန်ကြလော့၊ သစ္စာစောင့်လော့၊ ဖြောင့် မတ်စွာကျင့်လော့၊ သင်တို့၏ဘုရားသခင် ကိုစိတ်ရှည်စွာစောင့်စားလျက်နေကြလော့။
7. ထာဝရဘုရားက``ဣသရေလပြည်သား တို့သည်ခါနာန်အမျိုးသားတို့ကဲ့သို့ပင် မရိုးသားကြချေ။ သူတို့သည်မမှန်သော အလေးချိန်ခွင်ဖြင့်ဝယ်သူတို့အားရောင်း ချတတ်၏။-
8. သူတို့က`ငါတို့သည်ကြွယ်ဝချမ်းသာကြ၏။ ငွေကြေးအမြောက်အမြားစုဆောင်းမိပြီ။ မည်သူကမျှငါတို့အားမတရားရသော ငွေဖြင့်ကြွယ်ဝချမ်းသာသည်ဟုမစွပ်စွဲ နိုင်' ဟုဆိုကြ၏။-
9. သို့ရာတွင်သင်တို့အားအီဂျစ်ပြည်မှထုတ် ဆောင်ခဲ့သော သင်တို့၏ဘုရားသခင်ငါ ထာဝရဘုရားသည် သဲကန္တာရ၌သင် တို့တဲများနှင့်နေထိုင်သည်နည်းတူ ယခု တစ်ဖန်တဲများ၌နေထိုင်စေဦးမည်။