1. ဣသရေလပြည်သားတို့မိုးလင်းမှမိုးချုပ် အထိ ပြုလုပ်ကျင့်ကြံနေသမျှတို့သည် အကျိုးမရှိ၊ အချည်းနှီးသက်သက်ဖြစ်၏။ သူတို့တွင်သစ္စာဖောက်မှု၊ အကြမ်းဖက်မှု များတိုးပွားများပြားလျက်ရှိ၏။ သူတို့ သည်အာရှုရိပြည်နှင့်မဟာမိတ်ဖွဲ့လျက် ပင် အီဂျစ်ပြည်နှင့်ကုန်သွယ်ကြ၏'' ဟု မိန့်တော်မူ၏။
2. ထာဝရဘုရားသည်ယုဒပြည်သားတို့ ကိုစွဲချက်တင်တော်မူ၏။ ဣသရေလကို လည်းသူတို့၏အကျင့်ကြောင့်ဒဏ်ခတ် တော်မူမည်။ ကိုယ်တော်သည်သူတို့၏အပြု အမူအတိုင်းအကျိုးအပြစ်ကိုဆပ်ပေး မည်။-
3. သူတို့၏ဘိုးဘေးဖြစ်သောယာကုပ်သည် အမိဝမ်းတွင်း၌ရှိစဉ်ကပင် အမြွှာအစ်ကို ဧသောနှင့်ရန်ဘက်ပြုခဲ့၏။ ယာကုပ်သည် ကြီးပြင်းလာသောအခါ ဘုရားသခင်ကို ဆန့်ကျင်၍ရန်ဘက်ပြုခဲ့၏။-
4. သူသည်ကောင်းကင်တမန်နှင့်ရန်ဘက်ပြု ၍အနိုင်ယူခဲ့သည်။ သူသည်ငို၍ကောင်းချီး မင်္ဂလာကိုတောင်းခံ၏။ ဗေသလမြို့တွင် ဘုရားသခင်သည်ယာကုပ်ထံသို့ကြွ လာ၍ဗျာဒိတ်ပေးတော်မူ၏။-
5. ထိုဘုရားသည်အနန္တတန်ခိုးရှင်ဘုရားသခင်ဖြစ်တော်မူ၏။ ကိုယ်တော်၏ဘွဲ့ နာမတော်ကားထာဝရဘုရားဖြစ် သတည်း။-
6. ထို့ကြောင့်ယာကုပ်အနွယ်ဝင်တို့၊ သင်တို့ ၏ဘုရားသခင်ကိုယုံကြည်၍အထံ တော်သို့ပြန်ကြလော့၊ သစ္စာစောင့်လော့၊ ဖြောင့် မတ်စွာကျင့်လော့၊ သင်တို့၏ဘုရားသခင် ကိုစိတ်ရှည်စွာစောင့်စားလျက်နေကြလော့။
7. ထာဝရဘုရားက``ဣသရေလပြည်သား တို့သည်ခါနာန်အမျိုးသားတို့ကဲ့သို့ပင် မရိုးသားကြချေ။ သူတို့သည်မမှန်သော အလေးချိန်ခွင်ဖြင့်ဝယ်သူတို့အားရောင်း ချတတ်၏။-