7. သူတို့သည်ငါ့ထံမှရှောင်ဖယ်လျက်သွားမြဲ သွားကြ၏။ သူတို့ထမ်းရသောထမ်းပိုးကြောင့် ညည်းတွားအော်ဟစ်သော်လည်းမည်သူက မျှထိုထမ်းပိုးကိုပင့်ပေးလိမ့်မည်မဟုတ်။
8. ``အို ဣသရေလငါသည်သင့်ကိုအဘယ်သို့ ပစ်ပယ်နိုင်မည်နည်း။ငါသည်သင့်ကိုအဘယ်သို့ စွန့်ပစ်နိုင်မည်နည်း။ငါသည်အာဒမာမြို့ကိုဖျက်ဆီးသကဲ့သို့ လည်းကောင်း၊ဇေဘိုင်မြို့ကိုပျက်သုဉ်းစေသကဲ့သို့လည်း ကောင်း၊သင့်ကိုအဘယ်သို့သုတ်သင်ဖျက်ဆီးနိုင်မည် နည်း။သင်တို့အပေါ်၌ငါ့မေတ္တာကရုဏာသည် ကြီးမားလှသောကြောင့်၊ငါ၏စိတ်နှလုံးသည်ထိုသို့မပြုရက်နိုင်။
9. ငါသည်အမျက်ထွက်၍သင့်အားဒဏ်ခတ်တော် မမူ၊ငါသည်ဣသရေလအားနောက်တစ်ဖန် သုတ်သင်ဖျက်ဆီးမည်မဟုတ်၊အဘယ်ကြောင့်ဆိုသော်၊ငါသည်လူသားမဟုတ်၊ ဘုရားသခင်ဖြစ်တော်မူသောကြောင့်တည်း။သန့်ရှင်းမြင့်မြတ်တော်မူသောအရှင်၊ငါဘုရားသခင်သည်သင်တို့နှင့်အတူရှိ တော်မူ၏။ငါသည်အမျက်ထွက်လျက်သင်တို့ထံသို့ ကြွလာမည်မဟုတ်။
10. ``ခြင်္သေ့ဟောက်သကဲ့သို့ငါသည် ရန်သူများ ကိုဟောက်သည့်အခါငါ၏လူမျိုးတော်သည် ငါ့နောက်သို့လိုက်ကြလိမ့်မည်။ သူတို့သည် အနောက်အရပ်မှငါ့ထံသို့အဆော တလျင်လာကြလိမ့်မည်။-
11. ငှက်များကဲ့သို့အီဂျစ်ပြည်မှလည်းကောင်း၊ ချိုးငှက်ကဲ့သို့အာရှုရိပြည်မှလည်းကောင်း လျင်မြန်စွာပျံလာကြလိမ့်မည်။ ငါသည်သူ တို့အားမိမိတို့နေရင်းပြည်သို့တစ်ဖန်ခေါ် ဆောင်လာမည်။ ဤသည်ကားငါထာဝရ ဘုရားမိန့်တော်မူသောစကားဖြစ်သတည်း။
12. ထာဝရဘုရားက``ဣသရေလပြည်သားတို့ သည် ငါ့အားမုသားစကားပြောဆို၍လှည့် စားကြပြီ။ ယုဒပြည်သားတို့သည်သန့်ရှင်း မြင့်မြတ်၍သစ္စာတော်တည်မြဲသောငါ ဘုရားသခင်အားပုန်ကန်နေကြသေး၏။