13. သို့ရာတွင်သင်တို့သည်ဒုစရိုက်မျိုးစေ့ကို စိုက်ပျိုး၍ဒုစရိုက်အသီးအနှံကိုရိတ် သိမ်းကြ၏။ သင်တို့သည်မုသား၏ဒုစရိုက် အသီးအနှံကိုစားကြပြီ။``သင်တို့သည်သင်တို့၏စစ်ရထားများနှင့် စစ်သည်အင်အားကြီးမားခြင်းကိုအားကိုး ကြခြင်းကြောင့်၊-
14. စစ်ပွဲတွင်သင်တို့အားရန်သူများတိုက်ခိုက် ၍သင်တို့၏ခံတပ်များပြိုပျက်ကုန်ကြလိမ့် မည်။ ရှာလမန်ဘုရင်စစ်ချီ၍ဗေသာဗေလ မြို့ကိုတိုက်ခိုက်ဖျက်ဆီးသောအခါ မိခင် နှင့်ကလေးများသတ်ဖြတ်သုတ်သင်ခြင်း ခံရကြ၏။-
15. ဗေသလမြို့သားတို့၊ သင်တို့သည်ကြီးလေး သောဒုစရိုက်ကိုကူးလွန်ခဲ့သဖြင့် ထိုကဲ့ သို့သောအဖြစ်အပျက်မျိုးနှင့်ကြုံရလိမ့် မည်။ စစ်ပွဲစလျှင်စခြင်းဣသရေလဘုရင် ကျဆုံးရလိမ့်မည်'' ဟုမိန့်တော်မူ၏။