1. ဣသရေလပြည်သားတို့သည်အသီးများ စွာသီးသောစပျစ်နွယ်ပင်နှင့်တူ၏။ သူတို့ သည်စီးပွားတိုးတက်လာသည်နှင့်အမျှ ယဇ်ပလ္လင်များစွာကိုတည်ဆောက်ကြ၏။ အသီးအနှံပေါများလာသည်နှင့်အမျှ သူတို့ကိုးကွယ်ရာကျောက်တိုင်များကို ပို၍လှပစွာတန်ဆာဆင်ကြ၏။-
2. သူတို့၏စိတ်နှလုံးသည်မစစ်မှန်သဖြင့် ယခုပင်အပြစ်ဒဏ်ခံရကြလိမ့်မည်။ ဘုရားသခင်သည်သူတို့၏ယဇ်ပလ္လင်များကိုဖြိုချ ၍သူတို့ကိုးကွယ်ရာကျောက်တိုင်များကို ဖျက်ဆီးတော်မူမည်။
3. မကြာမီ၌ပင်ဤသူတို့က``ငါတို့သည် ထာဝရဘုရားကိုမကြောက်ရွံ့သောကြောင့် ငါတို့၌ဘုရင်မရှိ၊ ဘုရင်ရှိသည့်တိုင် အောင်သူသည်ငါတို့အတွက်မည်သို့ဆောင် ရွက်ပေးနိုင်မည်နည်း'' ဟုဆိုကြလိမ့်မည်။-
4. ရှင်ဘုရင်တို့သည်အကျိုးမဲ့စကားကိုပြော ၍မမှန်သောကတိကိုပေးကာ၊ အသုံးမကျ သောသဘောတူညီချက်များရယူကြ၏။ ကတိသစ္စာမတည်ကြ၊ ထွန်ယက်ထားသော လယ်တွင်အဆိပ်ပင်ပေါက်ပွားသကဲ့သို့ တိုင်း ပြည်တွင်တရားမျှတမှုအစားမတရား မှုကြီးစိုးလျက်ရှိ၏။
5. ရှမာရိမြို့သားတို့သည်ဗေသဝင်မြို့တွင် ရှိသောရွှေနွားရုပ်ဆုံးရှုံးရသဖြင့် ကြောက်ရွံ့ ၍ငိုကြွေးမြည်တမ်းလိမ့်မည်။ ထိုရုပ်တုကို ကိုးကွယ်သောသူများနှင့်ယဇ်ပုရောဟိတ် တို့သည်ရွှေနွားရုပ်အတွက်ငိုကြွေးကြ လိမ့်မည်။ ထိုရွှေရုပ်တု၏ဘုန်းတန်ခိုးကွယ် ပျောက်၍တိုင်းတစ်ပါးသို့ယူဆောင်သွား ခြင်းခံရသောအခါ သူတို့သည်မြည် တမ်းကြလိမ့်မည်။-
6. ထိုရုပ်တုကိုအာရှုရိဧကရာဇ်ဘုရင်ကြီး အားဆက်သရန်ထိုပြည်သို့ယူဆောင်သွား ကြလိမ့်မည်။ ဣသရေလပြည်သားတို့သည် ဤရုပ်တုကိုယုံကြည်ကိုးစားမိသဖြင့် အရှက်ကွဲရလိမ့်မည်။-
7. သူတို့၏ဘုရင်သည် ရေထဲတွင်မျောပါသွား သောသစ်စကဲ့သို့ဖမ်းဆီးသွားခြင်းခံရ မည်။-
8. အာဝင်မြို့တောင်ကုန်းပေါ်ရှိ ဣသရေလ ပြည်သားတို့ကိုးကွယ်ရာဌာနများသည် ပြိုပျက်ရလိမ့်မည်။ သူတို့၏ယဇ်ပလ္လင်များ ပေါ်တွင်ဆူးပင်များ၊ ပေါင်းပင်များပေါက် လိမ့်မည်။ ထိုအခါလူတို့ကတောင်များ ကို``ငါတို့အားဖုံးကွယ်ထားကြပါ'' ဟူ၍ လည်ကောင်း၊ တောင်ကုန်းများကို``ငါတို့အား ဖုံးအုပ်ထားကြပါ'' ဟူ၍လည်ကောင်း ဟစ်အော်တောင်းပန်ကြလိမ့်မည်။
9. ထာဝရဘုရားက``ဣသရေလအမျိုးသား တို့သည်ဂိဗာမြို့တွင်ကူးလွန်လျက်ရှိသော ဒုစရိုက်ကိုဆက်လက်ကူးလွန်လျက်ရှိကြ ၏။ သို့ဖြစ်၍ဂိဗာမြို့တွင်စစ်ဘေးသည်သူ တို့ကိုမီလာလိမ့်မည်။-