ဟော​ရှေ 1:4-7 Common Language Bible (BCL)

4. ထာ​ဝ​ရ​ဘု​ရား​က​ဟော​ရှေ​အား``သင်​၏​သား ကို`ယေ​ဇ​ရေ​လ' ဟု​နာ​မည်​မှည့်​လော့၊ အ​ဘယ် ကြောင့်​ဆို​သော်​ဣ​သ​ရေ​လ​ဘုရင်​၏​ဘိုး​တော် ယေ​ဟု​သည် ယေ​ဇ​ရေ​လ​မြို့​တွင်​သတ်​ဖြတ် လုပ်​ကြံ​ခဲ့​သည့်​လူ​သတ်​မှု​များ​အ​တွက် ငါ သည်​ဣ​သ​ရေ​လ​ဘု​ရင်​ကို​ဒဏ်​ခတ်​မည်။ ယေ​ဟု​မင်း​ဆက်​ကို​တိမ်​ကော​စေ​မည်။-

5. ထို​အ​ချိန်​ကျ​ရောက်​လျှင်​ငါ​သည်​ယေ​ဇ​ရေ​လ ချိုင့်​ဝှမ်း​တွင် ဣ​သ​ရေ​လ​နိုင်​ငံ​၏​အာ​ဏာ​စက် ကို​ပျက်​သုဉ်း​စေ​မည်'' ဟု​မိန့်​တော်​မူ​သည်။

6. ဂေါ​မာ​တွင်​ဒု​တိ​ယ​က​လေး​တစ်​ယောက်​ဖွား မြင်​လေ​၏။ ထို​က​လေး​သည်​သ​မီး​မိန်း​က​လေး ဖြစ်​သည်။ ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​က​ဟော​ရှေ အား``ငါ​သည်​ဣ​သ​ရေ​လ​ပြည်​သား​တို့​ကို နောင်​အ​ခါ​တွင် သ​နား​ကြင်​နာ​၍​အ​ပြစ် လွှတ်​မည်​မ​ဟုတ်​သော​ကြောင့်​ထို​သ​မီး ကို`မေ​တ္တာ​မဲ့' ဟု​နာ​မည်​မှည့်​လော့။-

7. ငါ​သည်​ယု​ဒ​ပြည်​သား​တို့​ကို​မူ​ကား သ​နား​ကြင်​နာ​ဦး​မည်။ သူ​တို့​၏​ဘု​ရား​သ​ခင်​ငါ​ထာ​ဝ​ရ​ဘု​ရား​သည်​သူ​တို့ အား​ကယ်​တင်​မည်။ သို့​ရာ​တွင်​စစ်​တိုက် ခြင်း​အား​ဖြင့်​လည်း​ကောင်း၊ လေး၊ မြား၊ ဋ္ဌား၊ မြင်း၊ မြင်း​တပ်​အား​ဖြင့်​လည်း​ကောင်း​သူ တို့​အား​ကယ်​တင်​မည်​မ​ဟုတ်။

ဟော​ရှေ 1