သြ​ဗ​ဒိ 1:5-12 Common Language Bible (BCL)

5. ``သူ​ခိုး​တို့​သည်​ညဥ့်​အ​ခါ​လာ​ခဲ့​သော်၊မိ​မိ​တို့​အ​လို​ရှိ​ရာ​ပစ္စည်း​များ​ကို​သာ လျှင် ယူ​ငင်​သွား​ကြ​၏။စ​ပျစ်​သီး​ဆွတ်​ခူး​ရန်​လာ​သော​သူ​တို့​သည် လည်း၊စ​ပျစ်​သီး​အ​နည်း​ငယ်​ကို​ချန်​ထား​ခဲ့​တတ် ကြ​၏။သို့​ရာ​တွင်​သင်​၏​ရန်​သူ​တို့​မူ​ကား၊သင်​၏ ပစ္စည်း​များ​ကို အ​ကုန်​အ​စင်​သိမ်း​ယူ​သွား​ကြ​လေ​ပြီ။

6. ဧ​သော​၏​သား​မြေး​တို့၊သင်​တို့​၏​ဥစ္စာ​ဘဏ္ဍာ​များ​ကို တိုက်​ခိုက်​လု​ယက်​သွား​ကြ​လေ​ကုန်​ပြီ။

7. သင်​တို့​၏​မ​ဟာ​မိတ်​များ​သည်​လိမ်​လည် လှည့်​စား​လျက်၊သင်​တို့​အား​မိ​မိ​တို့​ပြည်​မှ​နှင်​ထုတ်​ကြ လေ​ပြီ။သင်​တို့​နှင့်​အ​တူ​ငြိမ်း​ချမ်း​စွာ​နေ​ထိုင်​ခဲ့ သူ​များ​က၊ ယ​ခု​သင်​တို့​အား​လွှမ်း​မိုး​လိုက်​ကြ​လေ​ပြီ။သင်​တို့​နှင့်​အ​တူ​စား​သောက်​ခဲ့​သည့်မိတ်​ဆွေ​များ​သည်​သင်​တို့​အ​တွက်​ထောင် ချောက်​ကို ထောင်​ထား​ကြ​လေ​ပြီ။သူ​တို့​သည်​သင်​တို့​ကို​ရည်​မှတ်​၍ဤ​သူ​တို့​၏​အ​သိ​အ​လိမ္မာ​ကား​အ​ဘယ် သို့ ရောက်​ရှိ​သွား​လေ​ပြီ​နည်း​ဟု​ဆို​ကြ​၏။

8. ``ငါ​သည်​ဧ​ဒုံ​ပြည်​ကို​အ​ပြစ်​ဒဏ်​ခတ်​ချိန်​၌၊ သူ​၏​ပ​ညာ​ရှိ​များ​ကို​သုတ်​သင်​၍၊အ​သိ​ပ​ညာ​ရှိ​သ​မျှ​ကို ပယ်​ရှင်း​ပစ်​မည်။

9. လက်​နက်​ကိုင်​စွဲ​သူ​တေ​မန်​မြို့​သား​တို့​သည် ကြောက်​လန့်​တုန်​လှုပ်​ကြ​လိမ့်​မည်။ဧ​ဒုံ​ပြည်​ရှိ​စစ်​သည်​တပ်​သား​အ​ပေါင်း​တို့ သည် အ​သတ်​ခံ​ရ​ကြ​လိမ့်​မည်။

10. ``သင်​သည်​မိ​မိ​၏​ညီ​အစ်​ကို​များ​ဖြစ်​သည့်၊ယာ​ကုပ်​သား​မြေး​တို့​အား​လု​ယက် သတ်​ဖြတ်​ခဲ့​သည်​ဖြစ်​၍၊သုတ်​သင်​ဖျက်​ဆီး​ခြင်း​ကို​ခံ​ရ​လိမ့်​မည်။ ထာ​ဝ​စဉ်​အ​သ​ရေ​ပျက်​လိမ့်​မည်။

11. ရန်​သူ​များ​သည်၊ထို​သူ​တို့​၏​မြို့​တံ​ခါး များ​ကို​ဖြို​ချ​ချိန်​၌၊ သင်​သည်​နံ​ဘေး​သို့​ဖယ်​၍​ရပ်​နေ​ခဲ့​၏။သင်​သည်၊ယေ​ရု​ရှ​လင်​မြို့​၏​စည်း​စိမ်​ဥစ္စာ များ​ကို သိမ်း​ယူ​ကာ၊မိ​မိ​တို့​အ​ချင်း​ချင်း​တို့​အားခွဲ​ဝေ​ပေး​သူ​လူ​မျိုး​ခြား​များ​နှင့်​မ​ခြား၊ ဆိုး​ယုတ်​သူ​ဖြစ်​ပေ​သည်။

12. သင်​သည်​ယု​ဒ​ပြည်​ရှိ​မိ​မိ​၏​ညီ​အစ်​ကို​များ၊ကံ​ကြမ္မာ​ဆိုး​နှင့်​ကြုံ​တွေ့​ရ​သည်​ကို​ကျိတ်​၍၊ နှစ်​ထောင်း​အား​ရ​မ​ဖြစ်​သင့်။သူ​တို့​ဆုံး​ပါး​ပျက်​စီး​ချိန်​၌​ဝမ်း​မြောက် ဝမ်း​သာ​မ​ဖြစ်​သင့်။သူ​တို့​စိတ်​ဒုက္ခ​ရောက်​ကြ​သော​အ​ခါ၊ သင်​သည်​မ​ဝါ​ကြွား​သင့်။

သြ​ဗ​ဒိ 1