4. သင်သည်လင်းယုန်ငှက်၏အသိုက်တမျှ မြင့်မားရာတွင်တည်နေသဖြင့်၊ကြယ်တာရာတို့အလယ်သို့ပင် ရောက်ရှိနေစေပါမူ၊သင့်ကိုငါဆွဲချမည်။
5. ``သူခိုးတို့သည်ညဥ့်အခါလာခဲ့သော်၊မိမိတို့အလိုရှိရာပစ္စည်းများကိုသာ လျှင် ယူငင်သွားကြ၏။စပျစ်သီးဆွတ်ခူးရန်လာသောသူတို့သည် လည်း၊စပျစ်သီးအနည်းငယ်ကိုချန်ထားခဲ့တတ် ကြ၏။သို့ရာတွင်သင်၏ရန်သူတို့မူကား၊သင်၏ ပစ္စည်းများကို အကုန်အစင်သိမ်းယူသွားကြလေပြီ။
6. ဧသော၏သားမြေးတို့၊သင်တို့၏ဥစ္စာဘဏ္ဍာများကို တိုက်ခိုက်လုယက်သွားကြလေကုန်ပြီ။
7. သင်တို့၏မဟာမိတ်များသည်လိမ်လည် လှည့်စားလျက်၊သင်တို့အားမိမိတို့ပြည်မှနှင်ထုတ်ကြ လေပြီ။သင်တို့နှင့်အတူငြိမ်းချမ်းစွာနေထိုင်ခဲ့ သူများက၊ ယခုသင်တို့အားလွှမ်းမိုးလိုက်ကြလေပြီ။သင်တို့နှင့်အတူစားသောက်ခဲ့သည့်မိတ်ဆွေများသည်သင်တို့အတွက်ထောင် ချောက်ကို ထောင်ထားကြလေပြီ။သူတို့သည်သင်တို့ကိုရည်မှတ်၍ဤသူတို့၏အသိအလိမ္မာကားအဘယ် သို့ ရောက်ရှိသွားလေပြီနည်းဟုဆိုကြ၏။
8. ``ငါသည်ဧဒုံပြည်ကိုအပြစ်ဒဏ်ခတ်ချိန်၌၊ သူ၏ပညာရှိများကိုသုတ်သင်၍၊အသိပညာရှိသမျှကို ပယ်ရှင်းပစ်မည်။
9. လက်နက်ကိုင်စွဲသူတေမန်မြို့သားတို့သည် ကြောက်လန့်တုန်လှုပ်ကြလိမ့်မည်။ဧဒုံပြည်ရှိစစ်သည်တပ်သားအပေါင်းတို့ သည် အသတ်ခံရကြလိမ့်မည်။
10. ``သင်သည်မိမိ၏ညီအစ်ကိုများဖြစ်သည့်၊ယာကုပ်သားမြေးတို့အားလုယက် သတ်ဖြတ်ခဲ့သည်ဖြစ်၍၊သုတ်သင်ဖျက်ဆီးခြင်းကိုခံရလိမ့်မည်။ ထာဝစဉ်အသရေပျက်လိမ့်မည်။
11. ရန်သူများသည်၊ထိုသူတို့၏မြို့တံခါး များကိုဖြိုချချိန်၌၊ သင်သည်နံဘေးသို့ဖယ်၍ရပ်နေခဲ့၏။သင်သည်၊ယေရုရှလင်မြို့၏စည်းစိမ်ဥစ္စာ များကို သိမ်းယူကာ၊မိမိတို့အချင်းချင်းတို့အားခွဲဝေပေးသူလူမျိုးခြားများနှင့်မခြား၊ ဆိုးယုတ်သူဖြစ်ပေသည်။
12. သင်သည်ယုဒပြည်ရှိမိမိ၏ညီအစ်ကိုများ၊ကံကြမ္မာဆိုးနှင့်ကြုံတွေ့ရသည်ကိုကျိတ်၍၊ နှစ်ထောင်းအားရမဖြစ်သင့်။သူတို့ဆုံးပါးပျက်စီးချိန်၌ဝမ်းမြောက် ဝမ်းသာမဖြစ်သင့်။သူတို့စိတ်ဒုက္ခရောက်ကြသောအခါ၊ သင်သည်မဝါကြွားသင့်။
13. သင်သည်ငါ၏လူမျိုးတော်ဆင်းရဲဒုက္ခရောက်ရကြသည်ကိုကျိတ်၍ နှစ်ထောင်းအားရဖြစ်ကာ၊သူတို့ဘေးအန္တရာယ်ဆိုးနှင့်ကြုံတွေ့ရ ချိန်၌ သူတို့၏မြို့ထဲသို့မဝင်သင့်။သူတို့၏ဥစ္စာပစ္စည်းများကိုမသိမ်းမ ယူသင့်။
14. သင်သည်ကြိုးစား၍ထွက်ပြေးကြသူတို့ အားဖမ်းဆီးရန် လမ်းဆုံလမ်းခွများတွင်ရပ်လျက်မနေသင့်။ထိုသူတို့ဘေးအန္တရာယ်ဆိုးနှင့်ကြုံတွေ့ရ ချိန်၌ သူတို့အားရန်သူလက်သို့မအပ်သင့်။
15. ``ငါထာဝရဘုရားသည်လူမျိုးတကာ တို့အား၊တရားစီရင်တော်မူမည့်နေ့ရက်အချိန် ကျရောက်လာလိမ့်မည်။အို ဧဒုံပြည်သူတစ်ပါးတို့အား သင်ပြုကျင့်ခဲ့သည့်အတိုင်း၊သူတစ်ပါးတို့သည်သင့်အားပြုကျင့်ကြ လိမ့်မည်။သူတို့နှင့်သင်ဆက်ဆံခဲ့သည့်နည်းအတိုင်း သူတို့သည်သင်နှင့်ဆက်ဆံကြလိမ့်မည်။
16. ငါ့လူမျိုးတော်သည်ငါ၏သန့်ရှင်းမြင့် မြတ်သော တောင်တော်ပေါ်တွင်၊ငါ၏ဆိုးရွားသောအမျက်တော်စပျစ် ရည်ကို သောက်ရကြလေပြီ။အနီးအနားဝန်းကျင်ရှိလူမျိုးတကာတို့ သည်လည်းထိုထက်ပင်ပိုမိုဆိုးရွားသည့်အမျက်တော် စပျစ်ရည်ကိုသောက်ရကြလိမ့်မည်။သူတို့သည်ယင်းကိုအကုန်အစင်သောက် ပြီးနောက်၊ ကွယ်ပျောက်၍သွားကြလိမ့်မည်။