သြ​ဗ​ဒိ 1:2-13 Common Language Bible (BCL)

2. ထာ​ဝ​ရ​ဘု​ရား​သည်​ဧ​ဒုံ​ပြည်​အား ``ငါ​သည်​သင့်​ကို​အား​အင်​ချည့်​နဲ့​စေ​မည်။လူ​အ​ပေါင်း​တို့​သည်​သင့်​ကို​ရွံ​ရှာ စက်​ဆုတ်​ကြ​လိမ့်​မည်။

3. သင်​၏​မာန်​မာ​န​သည်​သင့်​ကို​လှည့်​စား ထား​လေ​ပြီ။သင်​၏​မြို့​တော်​သည်​ကျောက်​တုံး​ကျောက်​ခဲ ဖြင့် ပြီး​သော​ခံ​တပ်​မြို့​ဖြစ်​၍၊သင်​၏​တည်​နေ​ရာ​သည်​မြင့်​မား​သော တောင်​ပေါ်​တွင်​ဖြစ်​သ​ဖြင့်၊`ငါ့​အား​အ​ဘယ်​သူ​ဆွဲ​ချ​နိုင်​ပါ​နည်း' ဟုသင်​သည်​တစ်​ကိုယ်​တည်း​ပြော​ဆို​နေ​တတ်​၏။

4. သင်​သည်​လင်း​ယုန်​ငှက်​၏​အ​သိုက်​တ​မျှ မြင့်​မား​ရာ​တွင်​တည်​နေ​သ​ဖြင့်၊ကြယ်​တာ​ရာ​တို့​အ​လယ်​သို့​ပင် ရောက်​ရှိ​နေ​စေ​ပါ​မူ၊သင့်​ကို​ငါ​ဆွဲ​ချ​မည်။

5. ``သူ​ခိုး​တို့​သည်​ညဥ့်​အ​ခါ​လာ​ခဲ့​သော်၊မိ​မိ​တို့​အ​လို​ရှိ​ရာ​ပစ္စည်း​များ​ကို​သာ လျှင် ယူ​ငင်​သွား​ကြ​၏။စ​ပျစ်​သီး​ဆွတ်​ခူး​ရန်​လာ​သော​သူ​တို့​သည် လည်း၊စ​ပျစ်​သီး​အ​နည်း​ငယ်​ကို​ချန်​ထား​ခဲ့​တတ် ကြ​၏။သို့​ရာ​တွင်​သင်​၏​ရန်​သူ​တို့​မူ​ကား၊သင်​၏ ပစ္စည်း​များ​ကို အ​ကုန်​အ​စင်​သိမ်း​ယူ​သွား​ကြ​လေ​ပြီ။

6. ဧ​သော​၏​သား​မြေး​တို့၊သင်​တို့​၏​ဥစ္စာ​ဘဏ္ဍာ​များ​ကို တိုက်​ခိုက်​လု​ယက်​သွား​ကြ​လေ​ကုန်​ပြီ။

7. သင်​တို့​၏​မ​ဟာ​မိတ်​များ​သည်​လိမ်​လည် လှည့်​စား​လျက်၊သင်​တို့​အား​မိ​မိ​တို့​ပြည်​မှ​နှင်​ထုတ်​ကြ လေ​ပြီ။သင်​တို့​နှင့်​အ​တူ​ငြိမ်း​ချမ်း​စွာ​နေ​ထိုင်​ခဲ့ သူ​များ​က၊ ယ​ခု​သင်​တို့​အား​လွှမ်း​မိုး​လိုက်​ကြ​လေ​ပြီ။သင်​တို့​နှင့်​အ​တူ​စား​သောက်​ခဲ့​သည့်မိတ်​ဆွေ​များ​သည်​သင်​တို့​အ​တွက်​ထောင် ချောက်​ကို ထောင်​ထား​ကြ​လေ​ပြီ။သူ​တို့​သည်​သင်​တို့​ကို​ရည်​မှတ်​၍ဤ​သူ​တို့​၏​အ​သိ​အ​လိမ္မာ​ကား​အ​ဘယ် သို့ ရောက်​ရှိ​သွား​လေ​ပြီ​နည်း​ဟု​ဆို​ကြ​၏။

8. ``ငါ​သည်​ဧ​ဒုံ​ပြည်​ကို​အ​ပြစ်​ဒဏ်​ခတ်​ချိန်​၌၊ သူ​၏​ပ​ညာ​ရှိ​များ​ကို​သုတ်​သင်​၍၊အ​သိ​ပ​ညာ​ရှိ​သ​မျှ​ကို ပယ်​ရှင်း​ပစ်​မည်။

9. လက်​နက်​ကိုင်​စွဲ​သူ​တေ​မန်​မြို့​သား​တို့​သည် ကြောက်​လန့်​တုန်​လှုပ်​ကြ​လိမ့်​မည်။ဧ​ဒုံ​ပြည်​ရှိ​စစ်​သည်​တပ်​သား​အ​ပေါင်း​တို့ သည် အ​သတ်​ခံ​ရ​ကြ​လိမ့်​မည်။

10. ``သင်​သည်​မိ​မိ​၏​ညီ​အစ်​ကို​များ​ဖြစ်​သည့်၊ယာ​ကုပ်​သား​မြေး​တို့​အား​လု​ယက် သတ်​ဖြတ်​ခဲ့​သည်​ဖြစ်​၍၊သုတ်​သင်​ဖျက်​ဆီး​ခြင်း​ကို​ခံ​ရ​လိမ့်​မည်။ ထာ​ဝ​စဉ်​အ​သ​ရေ​ပျက်​လိမ့်​မည်။

11. ရန်​သူ​များ​သည်၊ထို​သူ​တို့​၏​မြို့​တံ​ခါး များ​ကို​ဖြို​ချ​ချိန်​၌၊ သင်​သည်​နံ​ဘေး​သို့​ဖယ်​၍​ရပ်​နေ​ခဲ့​၏။သင်​သည်၊ယေ​ရု​ရှ​လင်​မြို့​၏​စည်း​စိမ်​ဥစ္စာ များ​ကို သိမ်း​ယူ​ကာ၊မိ​မိ​တို့​အ​ချင်း​ချင်း​တို့​အားခွဲ​ဝေ​ပေး​သူ​လူ​မျိုး​ခြား​များ​နှင့်​မ​ခြား၊ ဆိုး​ယုတ်​သူ​ဖြစ်​ပေ​သည်။

12. သင်​သည်​ယု​ဒ​ပြည်​ရှိ​မိ​မိ​၏​ညီ​အစ်​ကို​များ၊ကံ​ကြမ္မာ​ဆိုး​နှင့်​ကြုံ​တွေ့​ရ​သည်​ကို​ကျိတ်​၍၊ နှစ်​ထောင်း​အား​ရ​မ​ဖြစ်​သင့်။သူ​တို့​ဆုံး​ပါး​ပျက်​စီး​ချိန်​၌​ဝမ်း​မြောက် ဝမ်း​သာ​မ​ဖြစ်​သင့်။သူ​တို့​စိတ်​ဒုက္ခ​ရောက်​ကြ​သော​အ​ခါ၊ သင်​သည်​မ​ဝါ​ကြွား​သင့်။

13. သင်​သည်​ငါ​၏​လူ​မျိုး​တော်ဆင်း​ရဲ​ဒုက္ခ​ရောက်​ရ​ကြ​သည်​ကို​ကျိတ်​၍ နှစ်​ထောင်း​အား​ရ​ဖြစ်​ကာ၊သူ​တို့​ဘေး​အန္တ​ရာယ်​ဆိုး​နှင့်​ကြုံ​တွေ့​ရ ချိန်​၌ သူ​တို့​၏​မြို့​ထဲ​သို့​မ​ဝင်​သင့်။သူ​တို့​၏​ဥစ္စာ​ပစ္စည်း​များ​ကို​မ​သိမ်း​မ ယူ​သင့်။

သြ​ဗ​ဒိ 1