13. သင်သည်ငါ၏လူမျိုးတော်ဆင်းရဲဒုက္ခရောက်ရကြသည်ကိုကျိတ်၍ နှစ်ထောင်းအားရဖြစ်ကာ၊သူတို့ဘေးအန္တရာယ်ဆိုးနှင့်ကြုံတွေ့ရ ချိန်၌ သူတို့၏မြို့ထဲသို့မဝင်သင့်။သူတို့၏ဥစ္စာပစ္စည်းများကိုမသိမ်းမ ယူသင့်။
14. သင်သည်ကြိုးစား၍ထွက်ပြေးကြသူတို့ အားဖမ်းဆီးရန် လမ်းဆုံလမ်းခွများတွင်ရပ်လျက်မနေသင့်။ထိုသူတို့ဘေးအန္တရာယ်ဆိုးနှင့်ကြုံတွေ့ရ ချိန်၌ သူတို့အားရန်သူလက်သို့မအပ်သင့်။
15. ``ငါထာဝရဘုရားသည်လူမျိုးတကာ တို့အား၊တရားစီရင်တော်မူမည့်နေ့ရက်အချိန် ကျရောက်လာလိမ့်မည်။အို ဧဒုံပြည်သူတစ်ပါးတို့အား သင်ပြုကျင့်ခဲ့သည့်အတိုင်း၊သူတစ်ပါးတို့သည်သင့်အားပြုကျင့်ကြ လိမ့်မည်။သူတို့နှင့်သင်ဆက်ဆံခဲ့သည့်နည်းအတိုင်း သူတို့သည်သင်နှင့်ဆက်ဆံကြလိမ့်မည်။