သြ​ဗ​ဒိ 1:10-21 Common Language Bible (BCL)

10. ``သင်​သည်​မိ​မိ​၏​ညီ​အစ်​ကို​များ​ဖြစ်​သည့်၊ယာ​ကုပ်​သား​မြေး​တို့​အား​လု​ယက် သတ်​ဖြတ်​ခဲ့​သည်​ဖြစ်​၍၊သုတ်​သင်​ဖျက်​ဆီး​ခြင်း​ကို​ခံ​ရ​လိမ့်​မည်။ ထာ​ဝ​စဉ်​အ​သ​ရေ​ပျက်​လိမ့်​မည်။

11. ရန်​သူ​များ​သည်၊ထို​သူ​တို့​၏​မြို့​တံ​ခါး များ​ကို​ဖြို​ချ​ချိန်​၌၊ သင်​သည်​နံ​ဘေး​သို့​ဖယ်​၍​ရပ်​နေ​ခဲ့​၏။သင်​သည်၊ယေ​ရု​ရှ​လင်​မြို့​၏​စည်း​စိမ်​ဥစ္စာ များ​ကို သိမ်း​ယူ​ကာ၊မိ​မိ​တို့​အ​ချင်း​ချင်း​တို့​အားခွဲ​ဝေ​ပေး​သူ​လူ​မျိုး​ခြား​များ​နှင့်​မ​ခြား၊ ဆိုး​ယုတ်​သူ​ဖြစ်​ပေ​သည်။

12. သင်​သည်​ယု​ဒ​ပြည်​ရှိ​မိ​မိ​၏​ညီ​အစ်​ကို​များ၊ကံ​ကြမ္မာ​ဆိုး​နှင့်​ကြုံ​တွေ့​ရ​သည်​ကို​ကျိတ်​၍၊ နှစ်​ထောင်း​အား​ရ​မ​ဖြစ်​သင့်။သူ​တို့​ဆုံး​ပါး​ပျက်​စီး​ချိန်​၌​ဝမ်း​မြောက် ဝမ်း​သာ​မ​ဖြစ်​သင့်။သူ​တို့​စိတ်​ဒုက္ခ​ရောက်​ကြ​သော​အ​ခါ၊ သင်​သည်​မ​ဝါ​ကြွား​သင့်။

13. သင်​သည်​ငါ​၏​လူ​မျိုး​တော်ဆင်း​ရဲ​ဒုက္ခ​ရောက်​ရ​ကြ​သည်​ကို​ကျိတ်​၍ နှစ်​ထောင်း​အား​ရ​ဖြစ်​ကာ၊သူ​တို့​ဘေး​အန္တ​ရာယ်​ဆိုး​နှင့်​ကြုံ​တွေ့​ရ ချိန်​၌ သူ​တို့​၏​မြို့​ထဲ​သို့​မ​ဝင်​သင့်။သူ​တို့​၏​ဥစ္စာ​ပစ္စည်း​များ​ကို​မ​သိမ်း​မ ယူ​သင့်။

14. သင်​သည်​ကြိုး​စား​၍​ထွက်​ပြေး​ကြ​သူ​တို့ အား​ဖမ်း​ဆီး​ရန် လမ်း​ဆုံ​လမ်း​ခွ​များ​တွင်​ရပ်​လျက်​မ​နေ​သင့်။ထို​သူ​တို့​ဘေး​အန္တ​ရာယ်​ဆိုး​နှင့်​ကြုံ​တွေ့​ရ ချိန်​၌ သူ​တို့​အား​ရန်​သူ​လက်​သို့​မ​အပ်​သင့်။

15. ``ငါ​ထာ​ဝ​ရ​ဘု​ရား​သည်​လူ​မျိုး​တ​ကာ တို့​အား၊တ​ရား​စီ​ရင်​တော်​မူ​မည့်​နေ့​ရက်​အ​ချိန် ကျ​ရောက်​လာ​လိမ့်​မည်။အို ဧ​ဒုံ​ပြည်​သူ​တစ်​ပါး​တို့​အား သင်​ပြု​ကျင့်​ခဲ့​သည့်​အ​တိုင်း၊သူ​တစ်​ပါး​တို့​သည်​သင့်​အား​ပြု​ကျင့်​ကြ လိမ့်​မည်။သူ​တို့​နှင့်​သင်​ဆက်​ဆံ​ခဲ့​သည့်​နည်း​အ​တိုင်း သူ​တို့​သည်​သင်​နှင့်​ဆက်​ဆံ​ကြ​လိမ့်​မည်။

16. ငါ့​လူ​မျိုး​တော်​သည်​ငါ​၏​သန့်​ရှင်း​မြင့် မြတ်​သော တောင်​တော်​ပေါ်​တွင်၊ငါ​၏​ဆိုး​ရွား​သော​အ​မျက်​တော်​စ​ပျစ် ရည်​ကို သောက်​ရ​ကြ​လေ​ပြီ။အ​နီး​အ​နား​ဝန်း​ကျင်​ရှိ​လူ​မျိုး​တ​ကာ​တို့ သည်​လည်းထို​ထက်​ပင်​ပို​မို​ဆိုး​ရွား​သည့်​အ​မျက်​တော် စ​ပျစ်​ရည်​ကို​သောက်​ရ​ကြ​လိမ့်​မည်။သူ​တို့​သည်​ယင်း​ကို​အ​ကုန်​အ​စင်​သောက် ပြီး​နောက်၊ ကွယ်​ပျောက်​၍​သွား​ကြ​လိမ့်​မည်။

17. ``သို့​ရာ​တွင်၊ဇိ​အုန်​တောင်​တော်​ပေါ်​တွင်​ဘေး လွတ်​သူ​လူ​အ​ချို့​ရှိ​လိမ့်​မည်။ထို​တောင်​တော်​သည်​သန့်​ရှင်း​မြင့်​မြတ်​ရာ အ​ရပ်​ဖြစ်​လိမ့်​မည်။ယာ​ကုပ်​၏​မျိုး​ဆက်​တို့​သည်​မိ​မိ​တို့ ပိုင်​ဆိုင်​ခွင့်​ရှိ​သည်။ပြည်​တော်​ကို​အ​ပိုင်​ရ​ကြ​လိမ့်​မည်။

18. ယာ​ကုပ်​၏​မျိုး​ဆက်​များ​နှင့်​ယော​သပ်​၏ မျိုး​ဆက်​များ​သည်​မီး​နှင့်​တူ​လိမ့်​မည်။မီး​သည်​အ​မှိုက်​သ​ရိုက်​ကို​ကျွမ်း​လောင်​စေ သ​ကဲ့​သို့၊သူ​တို့​သည်​ဧ​သော​၏​မျိုး​ဆက်​များ​ကို သုတ်​သင်​ဖျက်​ဆီး​ကြ​လိမ့်​မည်။ဧ​သော​၏​သား​မြေး​တစ်​စုံ​တစ်​ယောက်​မျှ အ​သက် မ​သေ​ဘဲ​ကျန်​ရှိ​လိမ့်​မည်​မဟုတ်။ဤ​ကား​ငါ​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဟ​သည့် စ​ကား​ဖြစ်​၏။

19. ``ယု​ဒ​ပြည်​တောင်း​ပိုင်း​မှ​လူ​တို့​သည် ဧ​ဒုံ​ပြည် ကို​လည်း​ကောင်း၊အ​နောက်​တောင်​ခြေ​ဒေ​သ​များ​မှ​လူ​တို့​ကဖိ​လိတ္တိ​ပြည်​ကို​လည်း​ကောင်း​သိမ်း​ယူ​ကြ လိမ့်​မည်။ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်၊ဧ​ဖ​ရိမ်​နှင့် ရှ​မာ​ရိ​နယ်​မြေ​များ​ကို​ပိုင်​ဆိုင်​ရ​ကြ​လျက်၊ဗင်္ယာ​မိန်​လူ​မျိုး​တို့​က​ဂိ​လဒ်​ပြည်​ကို​ရ​ရှိ​ကြ လိမ့်​မည်။

20. ဣ​သ​ရေ​လ​ပြည်​မြောက်​ပိုင်း​မှ​ပြည်​နှင်​ဒဏ် သင့်​သူ​တို့​၏​တပ်​မ​တော်​သည်​ပြန်​လာ​၍၊မြောက်​ဘက်​ရှိ​ဇ​ရတ္တ​မြို့​တိုင်​အောင်​ဖို​နိ​ရှ ပြည်​ကို သိမ်း​ယူ​ကြ​လိမ့်​မည်။ယေ​ရု​ရှ​လင်​မြို့​မှ​ပြည်​နှင်​ဒဏ်​သင့်​၍ သေ​ဖ​ရဒ်​မြို့​သို့ ရောက်​ရှိ​နေ​သူ​များ​သည်ယု​ဒ​ပြည်​တောင်​ပိုင်း​မြို့​များ​ကို​သိမ်း​ယူ ကြ​လိမ့်​မည်။

21. အောင်​ပွဲ​ရ​ယေ​ရု​ရှ​လင်​မြို့​သား​တို့​သည်၊ ဧ​ဒုံ​ပြည်​ကို​တိုက်​ခိုက်​အုပ်​စိုး​ကြ​လိမ့်​မည်။ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​ကိုယ်​တော်​တိုင် ထို​ပြည်​တွင်​နန်း​စံ​တော်​မူ​လိမ့်​မည်။'' ပ​ရော​ဖက်​သြ​ဗ​ဒိ​၏​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​ပြီး​၏။

သြ​ဗ​ဒိ 1