သူ​ကြီး 9:8-25 Common Language Bible (BCL)

8. အ​ခါ​တစ်​ပါး​က​သစ်​ပင်​တို့​သည်​မိ​မိ​တို့ အ​တွက် ဘု​ရင်​ရွေး​ချယ်​ရန်​ထွက်​သွား​ခဲ့​ကြ ၏။ သူ​တို့​သည်​သံ​လွင်​ပင်​အား`ငါ​တို့​အ​ပေါ် ၌​မင်း​လုပ်​အုပ်​စိုး​ပါ' ဟု​ပြော​ကြား​ကြ​၏။-

9. သံ​လွင်​ပင်​က`သင်​တို့​အား​အုပ်​စိုး​ရ​မည်​ဆို လျှင် ငါ​သည်​ဘု​ရား​သ​ခင်​၏​ဂုဏ်​အ​သ​ရေ နှင့်​လူ​တို့​၏​ဂုဏ်​အ​သ​ရေ​ကို​ပြု​စု​ပေး​ရာ ဖြစ်​သော ငါ​၏​အ​ဆီ​ကို​ထုတ်​ပေး​မှု​မှ ရပ်​စဲ​ရ​ပေ​လိမ့်​မည်' ဟု​ပြန်​ပြော​လေ​သည်။-

10. ထို​အ​ခါ​သစ်​ပင်​တို့​သည်​သင်္ဘော​သ​ဖန်း​ပင်​ထံ သို့​သွား​၍`ငါ​တို့​အ​ပေါ်​၌​မင်း​လုပ်​အုပ်​စိုး​ပါ' ဟု​တောင်း​ပန်​ကြ​၏။-

11. သို့​ရာ​တွင်​သင်္ဘော​သ​ဖန်း​ပင်​က`သင်​တို့​အား အုပ်​စိုး​နိုင်​ရန် ငါ​သည်​ကောင်း​၍​ချို​မြိန်​သော အ​သီး​များ​ကို​သီး​ပေး​ခြင်း​မှ​ရပ်​စဲ​ရ​ပေ လိမ့်​မည်' ဟု​ဆို​၏။-

12. သို့​ဖြစ်​၍​သစ်​ပင်​တို့​သည်​စ​ပျစ်​နွယ်​ပင်​ထံ သို့​သွား​ရောက်​ကာ`သင်​သည်​လာ​၍​ငါ​တို့ အ​ပေါ်​၌​မင်း​လုပ်​အုပ်​စိုး​ပါ' ဟု​ပန်​ကြား ကြ​၏။-

13. သို့​ရာ​တွင်​စပျစ်​နွယ်​ပင်​က`သင်​တို့​အား​အုပ်​စိုး နိုင်​ရန် ငါ​သည်​ဘု​ရား​သ​ခင်​၏​စိတ်​နှင့်​လူ​၏ စိတ်​ကို​ရွှင်​လန်း​စေ​တတ်​သော စ​ပျစ်​ရည်​ကို ထုတ်​လုပ်​ပေး​မှု​မှ​ရပ်​စဲ​လိုက်​ရ​ပေ​လိမ့်​မည်' ဟု​ပြန်​ပြော​လေ​သည်။-

14. ထို့​ကြောင့်​သစ်​ပင်​အ​ပေါင်း​တို့​သည်​ဆူး​ချုံ အား မိ​မိ​တို့​အ​ပေါ်​၌​မင်း​လုပ်​အုပ်​စိုး​ရန် လျှောက်​ထား​ကြ​၏။-

15. ဆူး​ချုံ​က​လည်း`အ​ကယ်​၍​သင်​တို့​သည်​ငါ့ အား​အ​မှန်​ပင် မိ​မိ​တို့​အ​ပေါ်​၌​မင်း​လုပ် အုပ်​စိုး​စေ​လို​ပါ​မူ​ငါ​၏​အ​ရိပ်​တွင်​ဝင် ရောက်​ခို​လှုံ​၍​နေ​ကြ​လော့။ ယင်း​သို့​ခို​လှုံ​ခြင်း မ​ပြု​ဘဲ​နေ​ခဲ့​သော်​ငါ​၏​အ​ခက်​အ​လက် များ​အ​ကြား​မှ​မီး​ထွက်​၍ လေ​ဗ​နုန်​အာ​ရစ် ပင်​တို့​ကို​လောင်​ကျွမ်း​သွား​စေ​လိမ့်​မည်' ဟု ပြန်​ပြော​လေ​သည်။

16. ထို​နောက်​ယော​သံ​သည်​ဆက်​လက်​၍``ထို့​ကြောင့် သင်​တို့​သည်​အ​ဘိ​မ​လက်​ကို​မင်း​မြှောက်​ရာ ၌ အ​မှန်​တ​ကယ်​ပင်​ရိုး​သား​စွာ​သစ္စာ​စောင့် သိ​သူ​များ​ဖြစ်​ကြ​ပါ​၏​လော။ သင်​တို့​သည် ဂိ​ဒေါင်​၏​ဂုဏ်​ကျေး​ဇူး​ကို​အ​မှတ်​ရ​လျက် သူ​ပြု​ခဲ့​သည့်​အ​မှု​အ​ရာ​များ​နှင့်​ထိုက် လျောက်​စွာ​သူ​၏​အိမ်​ထောင်​စု​အ​ပေါ်​၌ ကျေး​ဇူး​တုံ့​ပြန်​ရာ​ရောက်​ပါ​၏​လော။-

17. ငါ​၏​ဖ​ခင်​သည်​သင်​တို့​အ​တွက်​စစ်​ပွဲ​ဝင်​ခဲ့ သည်​ကို​လည်း​ကောင်း၊ မိ​မိ​အ​သက်​ကို​ပ​ဋ္ဌာ​န မ​ထား​ဘဲ​သင်​တို့​အား မိ​ဒျန်​အ​မျိုး​သား​တို့ လက်​မှ​ကယ်​ဆယ်​ခဲ့​သည်​ကို​လည်း​ကောင်း အောက်​မေ့​သ​တိ​ရ​ကြ​လော့။-

18. သို့​ရာ​တွင်​သင်​တို့​သည်​ယ​နေ့​ပင်​လျှင်​သူ​၏ အိမ်​ထောင်​စု​အား ဆန့်​ကျင်​ဘက်​ပြု​ခဲ့​ကြ လေ​ပြီ။ သူ​၏​သား​ခု​နစ်​ဆယ်​ကို​ကျောက်​တုံး တစ်​ခု​တည်း​အ​ပေါ်​၌​သတ်​ပစ်​ခဲ့​ကြ​လေ ပြီ။ ကျွန်​မိန်း​မ​နှင့်​ရ​သော​သား​အ​ဘိ​မ​လက် သည်​သင်​တို့​၏​ဆွေ​မျိုး​သား​ချင်း​ဖြစ်​ကာ မျှ​ဖြင့် သူ့​အား​သင်​တို့​မင်း​မြှောက်​ခဲ့​ကြ​၏။-

19. ထို့​ကြောင့်​ဂိ​ဒေါင်​နှင့်​သူ​၏​အိမ်​ထောင်​စု​အား သင်​တို့​ယ​နေ့​ပြု​သည့်​အ​မှု​သည်​ရိုး​သား ဖြောင့်​မှန်​သည်​ဆို​ပါ​မူ သင်​တို့​သည်​အ​ဘိ မ​လက်​နှင့်​အ​တူ​တ​ကွ​ဝမ်း​မြောက်​နိုင်​ကြ ပါ​စေ​သော။-

20. သို့​ရာ​တွင်​အ​ကယ်​၍​ဤ​အ​မှု​သည်​မ​ရိုး မ​ဖြောင့်​လျှင်​မူ​ကား အ​ဘိ​မ​လက်​ထံ​မှ မီး​လျှံ​ထွက်​၍​ရှေ​ခင်​မြို့​နှင့်​ဗေ​သ​မိလ္လော​မြို့ ရှိ​လူ​တို့​အား​ကျွမ်း​လောင်​ပါ​စေ​သော။ ရှေ​ခင် မြို့​နှင့်​ဗေ​သ​မိလ္လော​မြို့​ရှိ​လူ​တို့​ထံ​မှ​လည်း မီး​လျှံ​ထွက်​၍​အ​ဘိ​မ​လက်​အား​ကျွမ်း လောင်​ပါ​စေ​သော။''

21. ထို​နောက်​ယော​သံ​သည်​မိ​မိ​အစ်​ကို​အ​ဘိ မ​လက်​ကို​ကြောက်​သ​ဖြင့် ထွက်​ပြေး​ပြီး လျှင်​ဗေ​ရ​မြို့​သို့​သွား​ရောက်​နေ​ထိုင်​လေ​၏။-

24. ဤ​သို့​ဖြစ်​ပျက်​ရ​ခြင်း​မှာ​ဂိ​ဒေါင်​၏​သား ခု​နစ်​ဆယ်​ကို​သတ်​ပစ်​ရန် အား​ပေး​သူ​ရှေ​ခင် မြို့​သား​များ​နှင့်​အ​ဘိ​မ​လက်​အား မိ​မိ​တို့ ကူး​လွန်​ခဲ့​သည့်​အ​ပြစ်​၏​အ​ခ​ကို​ပေး​ဆပ် ကြ​စေ​ရန်​ပင်​ဖြစ်​သတည်း။-

25. ရှေ​ခင်​မြို့​သား​တို့​သည်​အ​ဘိ​မ​လက်​အား တောင်​ထိပ်​များ​တွင် ချုံ​ခို​ချောင်း​မြောင်း​စေ​ရန် အ​စောင့်​ထား​ကြ​၏။ ထို​အ​စောင့်​တို့​သည်​ဖြတ် သန်း​သွား​လာ​သူ​တို့​၏​ဥစ္စာ​ပစ္စည်း​များ​ကို လု ယူ​ကြ​၏။ ထို​သ​တင်း​ကို​အ​ဘိ​မ​လက်​ကြား သိ​ရ​လေ​သည်။

သူ​ကြီး 9