8. အခါတစ်ပါးကသစ်ပင်တို့သည်မိမိတို့ အတွက် ဘုရင်ရွေးချယ်ရန်ထွက်သွားခဲ့ကြ ၏။ သူတို့သည်သံလွင်ပင်အား`ငါတို့အပေါ် ၌မင်းလုပ်အုပ်စိုးပါ' ဟုပြောကြားကြ၏။-
9. သံလွင်ပင်က`သင်တို့အားအုပ်စိုးရမည်ဆို လျှင် ငါသည်ဘုရားသခင်၏ဂုဏ်အသရေ နှင့်လူတို့၏ဂုဏ်အသရေကိုပြုစုပေးရာ ဖြစ်သော ငါ၏အဆီကိုထုတ်ပေးမှုမှ ရပ်စဲရပေလိမ့်မည်' ဟုပြန်ပြောလေသည်။-
10. ထိုအခါသစ်ပင်တို့သည်သင်္ဘောသဖန်းပင်ထံ သို့သွား၍`ငါတို့အပေါ်၌မင်းလုပ်အုပ်စိုးပါ' ဟုတောင်းပန်ကြ၏။-
11. သို့ရာတွင်သင်္ဘောသဖန်းပင်က`သင်တို့အား အုပ်စိုးနိုင်ရန် ငါသည်ကောင်း၍ချိုမြိန်သော အသီးများကိုသီးပေးခြင်းမှရပ်စဲရပေ လိမ့်မည်' ဟုဆို၏။-
12. သို့ဖြစ်၍သစ်ပင်တို့သည်စပျစ်နွယ်ပင်ထံ သို့သွားရောက်ကာ`သင်သည်လာ၍ငါတို့ အပေါ်၌မင်းလုပ်အုပ်စိုးပါ' ဟုပန်ကြား ကြ၏။-
13. သို့ရာတွင်စပျစ်နွယ်ပင်က`သင်တို့အားအုပ်စိုး နိုင်ရန် ငါသည်ဘုရားသခင်၏စိတ်နှင့်လူ၏ စိတ်ကိုရွှင်လန်းစေတတ်သော စပျစ်ရည်ကို ထုတ်လုပ်ပေးမှုမှရပ်စဲလိုက်ရပေလိမ့်မည်' ဟုပြန်ပြောလေသည်။-
14. ထို့ကြောင့်သစ်ပင်အပေါင်းတို့သည်ဆူးချုံ အား မိမိတို့အပေါ်၌မင်းလုပ်အုပ်စိုးရန် လျှောက်ထားကြ၏။-