54. ထိုအခါသူသည်မိမိ၏လက်နက်ကိုကိုင် ဆောင်သောလူငယ်အား အလျင်အမြန်ခေါ် ပြီးလျှင်``သင်၏ဋ္ဌားကိုဋ္ဌားအိမ်မှထုတ်၍ ငါ့ကိုသတ်လော့။ ငါသည်အမျိုးသမီး၏ လက်ချက်ဖြင့်သေရသည်ဟူ၍အပြောမခံ လို'' ဟုဆို၏။ သို့ဖြစ်၍လူငယ်သည်အဘိ မလက်အားဋ္ဌားနှင့်ထိုး၍သတ်လိုက်လေ သည်။-
55. ဣသရေလအမျိုးသားတို့သည် အဘိမလက် သေကြောင်းကိုကြားသိကြသောအခါ မိမိ တို့အိမ်သို့ပြန်သွားကြ၏။
56. ထိုသို့အဘိမလက်သည်မိမိ၏ညီအစ်ကို ခုနစ်ဆယ်ကိုသတ်ဖြတ်ခြင်းဖြင့် ဖခင်အား ပြုမိသည့်ဒုစရိုက်အပြစ်အတွက်ဘုရားသခင်ဒဏ်ခံစေတော်မူ၏။-
57. ဂိဒေါင်၏သားယောသံကျိန်ဆဲခဲ့သည့် စကားအတိုင်းရှေခင်မြို့သားတို့သည်လည်း မိမိတို့၏ဆိုးယုတ်မှုအတွက်အပြစ်ဒဏ် ခံစေတော်မူသတည်း။