50. ထိုနောက်အဘိမလက်သည် သေဗတ်မြို့သို့ သွားရောက်ဝိုင်းရံထားပြီးလျှင်သိမ်းယူ လိုက်လေသည်။-
51. မြို့ထဲ၌ခိုင်ခံ့သည့်ရဲတိုက်ရှိ၏။ ခေါင်းဆောင် များအပါအဝင်ယောကျာ်းမိန်းမအပေါင်း တို့သည် ထိုရဲတိုက်ထဲသို့ဝင်ပြေးကြ၏။ သူ တို့သည်ရဲတိုက်ကိုအလုံပိတ်ပြီးလျှင် ခေါင်မိုးပေါ်သို့တက်၍နေကြ၏။-
52. အဘိမလက်သည်လည်းရဲတိုက်ကိုတိုက်ခိုက် ရန်လာ၏။ သူသည်ရဲတိုက်တံခါးကိုမီးရှို့ရန် ချဉ်းကပ်သောအခါ၊-
53. အမျိုးသမီးတစ်ယောက်သည်ကျိတ်ဆုံကျောက် တစ်လုံးကို သူ၏ဦးခေါင်းပေါ်သို့ပစ်ချလိုက် သဖြင့်သူ၏ဦးခေါင်းကွဲ၍သွားလေသည်။-
54. ထိုအခါသူသည်မိမိ၏လက်နက်ကိုကိုင် ဆောင်သောလူငယ်အား အလျင်အမြန်ခေါ် ပြီးလျှင်``သင်၏ဋ္ဌားကိုဋ္ဌားအိမ်မှထုတ်၍ ငါ့ကိုသတ်လော့။ ငါသည်အမျိုးသမီး၏ လက်ချက်ဖြင့်သေရသည်ဟူ၍အပြောမခံ လို'' ဟုဆို၏။ သို့ဖြစ်၍လူငယ်သည်အဘိ မလက်အားဋ္ဌားနှင့်ထိုး၍သတ်လိုက်လေ သည်။-