သူ​ကြီး 9:45-52 Common Language Bible (BCL)

45. တိုက်​ပွဲ​မှာ​တစ်​နေ​ကုန်​တစ်​နေ​ခန်း​ဖြစ်​သ​တည်း။ အ​ဘိ​မ​လက်​သည်​မြို့​ကို​သိမ်း​ယူ​လိုက်​ပြီး​နောက် မြို့​သား​တို့​ကို​သတ်​ဖြတ်​၍ မြို့​ရိုး​တို့​ကို​ဖြို​ချ ကာ​မြို့​တည်​ရာ​ကို​ဆား​နှင့်​ကြဲ​ဖြန့်​လေ​သည်။

46. ရှေခင်​ရဲ​တိုက်​ရှိ​ခေါင်း​ဆောင်​အ​ပေါင်း​တို့​သည် ထို​သ​တင်း​ကို​ကြား​သော​အ​ခါ မိ​မိ​တို့​ပ​ဋိ ညာဉ်​ပြု​ထား​သည့်​ဗာလ​ဘု​ရား​ဝတ်​ကျောင်း ရှိ​ခိုင်​ခံ့​သော​အ​ခန်း​ထဲ​သို့​ဝင်​၍​နေ​ကြ​၏။-

47. ယင်း​သို့​သူ​တို့​ဝင်​နေ​ကြ​ကြောင်း​ကို​အ​ဘိ မ​လက်​သိ​လေ​လျှင်၊-

48. မိ​မိ​၏​လူ​တို့​နှင့်​အ​တူ​ဇာ​လ​မုန်​တောင်​သို့ တက်​ပြီး​နောက် ပု​ဆိန်​ဖြင့်​သစ်​ကိုင်း​တစ်​ခု​ကို ခုတ်​၍​ထမ်း​၏။ မိ​မိ​၏​လူ​တို့​အား​လည်း​ထို နည်း​တူ​အ​လျင်​အ​မြန်​ပြု​ရန်​ပြော​လေ​သည်။-

49. သို့​ဖြစ်​၍​လူ​တိုင်း​ပင်​သစ်​ကိုင်း​တစ်​ခု​စီ​ကို ခုတ်​၍ အ​ဘိ​မ​လက်​၏​နောက်​က​လိုက်​ပြီး​လျှင် ခိုင်​ခံ့​သော​အ​ခန်း​ကို​မီး​ပုံ​ရှို့​ကြ​၏။ ရဲ​တိုက် ထဲ​မှ​လူ​အ​ပေါင်း​တို့​သည်​သေ​ကြ​ကုန်​၏။ ဤ​သူ​တို့​၏​အ​ရေ​အ​တွက်​မှာ​ယောကျာ်း မိန်း​မ​တစ်​ထောင်​ခန့်​ရှိ​သ​တည်း။

50. ထို​နောက်​အ​ဘိ​မ​လက်​သည် သေ​ဗတ်​မြို့​သို့ သွား​ရောက်​ဝိုင်း​ရံ​ထား​ပြီး​လျှင်​သိမ်း​ယူ လိုက်​လေ​သည်။-

51. မြို့​ထဲ​၌​ခိုင်​ခံ့​သည့်​ရဲ​တိုက်​ရှိ​၏။ ခေါင်း​ဆောင် များ​အ​ပါ​အ​ဝင်​ယောကျာ်း​မိန်း​မ​အ​ပေါင်း တို့​သည် ထို​ရဲ​တိုက်​ထဲ​သို့​ဝင်​ပြေး​ကြ​၏။ သူ တို့​သည်​ရဲ​တိုက်​ကို​အ​လုံ​ပိတ်​ပြီး​လျှင် ခေါင်​မိုး​ပေါ်​သို့​တက်​၍​နေ​ကြ​၏။-

52. အ​ဘိ​မ​လက်​သည်​လည်း​ရဲ​တိုက်​ကို​တိုက်​ခိုက် ရန်​လာ​၏။ သူ​သည်​ရဲ​တိုက်​တံခါး​ကို​မီး​ရှို့​ရန် ချဉ်း​ကပ်​သော​အ​ခါ၊-

သူ​ကြီး 9