သူ​ကြီး 9:41-51 Common Language Bible (BCL)

41. အ​ဘိ​မ​လက်​သည်​အ​ရု​မ​မြို့​၌​နေ​၏။ ဇေ​ဗု​လ သည်​ဂါ​လ​နှင့်​သူ​၏​ညီ​အစ်​ကို​များ​အား​ရှေ​ခင် မြို့​မှ​နှင်​ထုတ်​လိုက်​ရာ သူ​တို့​သည်​ထို​မြို့​သို့ နောက်​တစ်​ဖန်​လာ​ရောက်​နေ​ထိုင်​ခြင်း​မ​ပြု​နိုင် တော့​ချေ။

42. နောက်​တစ်​နေ့​၌​ရှေခင်​မြို့​သား​တို့​သည်​လယ် တော​သို့​ထွက်​ရန် အ​ကြံ​အ​စည်​ပြု​လျက်​ရှိ ကြောင်း​ကို​အ​ဘိ​မ​လက်​ကြား​သိ​ရ​သ​ဖြင့်၊-

43. မိ​မိ​၏​လူ​တို့​ကို​သုံး​စု​ခွဲ​၍​လယ်​များ​တွင်​ပုန်း အောင်း​စောင့်​ဆိုင်း​လျက်​နေ​၏။ မြို့​ထဲ​မှ​လူ​တို့ ထွက်​လာ​သည်​ကို​မြင်​လျှင် သူ​သည်​ပုန်း​အောင်း ရာ​မှ​ထွက်​၍​သူ​တို့​အား​လုပ်​ကြံ​လေ​၏။-

44. အ​ဘိ​မ​လက်​နှင့်​သူ​၏​လူ​စု​သည်​မြို့​တံ​ခါး ကို​စောင့်​ထိန်း​ရန်​သွား​ကြ​စဉ် အ​ခြား​လူ​နှစ်​စု တို့​လယ်​ထဲ​မှ​လူ​တို့​အား​တိုက်​ခိုက်​သတ်​ဖြတ် ပစ်​လိုက်​ကြ​လေ​သည်။-

45. တိုက်​ပွဲ​မှာ​တစ်​နေ​ကုန်​တစ်​နေ​ခန်း​ဖြစ်​သ​တည်း။ အ​ဘိ​မ​လက်​သည်​မြို့​ကို​သိမ်း​ယူ​လိုက်​ပြီး​နောက် မြို့​သား​တို့​ကို​သတ်​ဖြတ်​၍ မြို့​ရိုး​တို့​ကို​ဖြို​ချ ကာ​မြို့​တည်​ရာ​ကို​ဆား​နှင့်​ကြဲ​ဖြန့်​လေ​သည်။

46. ရှေခင်​ရဲ​တိုက်​ရှိ​ခေါင်း​ဆောင်​အ​ပေါင်း​တို့​သည် ထို​သ​တင်း​ကို​ကြား​သော​အ​ခါ မိ​မိ​တို့​ပ​ဋိ ညာဉ်​ပြု​ထား​သည့်​ဗာလ​ဘု​ရား​ဝတ်​ကျောင်း ရှိ​ခိုင်​ခံ့​သော​အ​ခန်း​ထဲ​သို့​ဝင်​၍​နေ​ကြ​၏။-

47. ယင်း​သို့​သူ​တို့​ဝင်​နေ​ကြ​ကြောင်း​ကို​အ​ဘိ မ​လက်​သိ​လေ​လျှင်၊-

48. မိ​မိ​၏​လူ​တို့​နှင့်​အ​တူ​ဇာ​လ​မုန်​တောင်​သို့ တက်​ပြီး​နောက် ပု​ဆိန်​ဖြင့်​သစ်​ကိုင်း​တစ်​ခု​ကို ခုတ်​၍​ထမ်း​၏။ မိ​မိ​၏​လူ​တို့​အား​လည်း​ထို နည်း​တူ​အ​လျင်​အ​မြန်​ပြု​ရန်​ပြော​လေ​သည်။-

49. သို့​ဖြစ်​၍​လူ​တိုင်း​ပင်​သစ်​ကိုင်း​တစ်​ခု​စီ​ကို ခုတ်​၍ အ​ဘိ​မ​လက်​၏​နောက်​က​လိုက်​ပြီး​လျှင် ခိုင်​ခံ့​သော​အ​ခန်း​ကို​မီး​ပုံ​ရှို့​ကြ​၏။ ရဲ​တိုက် ထဲ​မှ​လူ​အ​ပေါင်း​တို့​သည်​သေ​ကြ​ကုန်​၏။ ဤ​သူ​တို့​၏​အ​ရေ​အ​တွက်​မှာ​ယောကျာ်း မိန်း​မ​တစ်​ထောင်​ခန့်​ရှိ​သ​တည်း။

50. ထို​နောက်​အ​ဘိ​မ​လက်​သည် သေ​ဗတ်​မြို့​သို့ သွား​ရောက်​ဝိုင်း​ရံ​ထား​ပြီး​လျှင်​သိမ်း​ယူ လိုက်​လေ​သည်။-

51. မြို့​ထဲ​၌​ခိုင်​ခံ့​သည့်​ရဲ​တိုက်​ရှိ​၏။ ခေါင်း​ဆောင် များ​အ​ပါ​အ​ဝင်​ယောကျာ်း​မိန်း​မ​အ​ပေါင်း တို့​သည် ထို​ရဲ​တိုက်​ထဲ​သို့​ဝင်​ပြေး​ကြ​၏။ သူ တို့​သည်​ရဲ​တိုက်​ကို​အ​လုံ​ပိတ်​ပြီး​လျှင် ခေါင်​မိုး​ပေါ်​သို့​တက်​၍​နေ​ကြ​၏။-

သူ​ကြီး 9