36. ဂါလသည်သူတို့ကိုမြင်သဖြင့်ဇေဗုလ အား``ကြည့်လော့၊ တောင်ထိပ်များပေါ်မှလူ တို့ဆင်းလာနေကြ၏'' ဟုဆို၏။ဇေဗုလက``ထိုအရာတို့သည်လူများမဟုတ်။ တောင်မှကျလာသောအရိပ်များသာဖြစ်သည်'' ဟုပြန်ပြော၏။
37. ဂါလကလည်း``ကြည့်လော့၊ တောင်ထိပ်ပေါ်မှလူ များဆင်းလာနေကြ၏။ လူတစ်စုသည်ဗေဒင် ဆရာသပိတ်ပင်မှလာသောလမ်းဖြင့်လာ နေကြ၏'' ဟုဆိုပြန်၏။
38. ထိုအခါဇေဗုလက``သင်၏လေလုံးကြီး သမျှသည် ယခုအဘယ်သို့ရောက်ရှိသွားပြီ နည်း။ ဤသူအဘိမလက်၏အစေကို ငါတို့ အဘယ်ကြောင့်ခံပါမည်နည်းဟုပြောဆိုခဲ့ သူမှာသင်ပင်မဟုတ်ပါလော။ ထိုသူတို့သည် ကား သင်မထီမဲ့မြင်ပြောဆိုခဲ့သူများဖြစ် သည်။ ယခုသင်ထွက်၍သူတို့အားတိုက်ခိုက် ပါလော့'' ဟုဆို၏။-
39. ဂါလသည်ရှေခင်မြို့သားတို့ကိုရှေ့ဆောင်၍ အဘိမလက်အားတိုက်လေသည်။ အဘိမလက် သည်ဂါလကိုလိုက်၍တိုက်၏။-
40. ထိုအခါဂါလထွက်ပြေးလေ၏။ မြို့တံခါး အနီး၌ပင်လျှင် လူအမြောက်အမြားထိခိုက် ဒဏ်ရာရရှိကြသည်။-
41. အဘိမလက်သည်အရုမမြို့၌နေ၏။ ဇေဗုလ သည်ဂါလနှင့်သူ၏ညီအစ်ကိုများအားရှေခင် မြို့မှနှင်ထုတ်လိုက်ရာ သူတို့သည်ထိုမြို့သို့ နောက်တစ်ဖန်လာရောက်နေထိုင်ခြင်းမပြုနိုင် တော့ချေ။
42. နောက်တစ်နေ့၌ရှေခင်မြို့သားတို့သည်လယ် တောသို့ထွက်ရန် အကြံအစည်ပြုလျက်ရှိ ကြောင်းကိုအဘိမလက်ကြားသိရသဖြင့်၊-
43. မိမိ၏လူတို့ကိုသုံးစုခွဲ၍လယ်များတွင်ပုန်း အောင်းစောင့်ဆိုင်းလျက်နေ၏။ မြို့ထဲမှလူတို့ ထွက်လာသည်ကိုမြင်လျှင် သူသည်ပုန်းအောင်း ရာမှထွက်၍သူတို့အားလုပ်ကြံလေ၏။-
44. အဘိမလက်နှင့်သူ၏လူစုသည်မြို့တံခါး ကိုစောင့်ထိန်းရန်သွားကြစဉ် အခြားလူနှစ်စု တို့လယ်ထဲမှလူတို့အားတိုက်ခိုက်သတ်ဖြတ် ပစ်လိုက်ကြလေသည်။-
45. တိုက်ပွဲမှာတစ်နေကုန်တစ်နေခန်းဖြစ်သတည်း။ အဘိမလက်သည်မြို့ကိုသိမ်းယူလိုက်ပြီးနောက် မြို့သားတို့ကိုသတ်ဖြတ်၍ မြို့ရိုးတို့ကိုဖြိုချ ကာမြို့တည်ရာကိုဆားနှင့်ကြဲဖြန့်လေသည်။
46. ရှေခင်ရဲတိုက်ရှိခေါင်းဆောင်အပေါင်းတို့သည် ထိုသတင်းကိုကြားသောအခါ မိမိတို့ပဋိ ညာဉ်ပြုထားသည့်ဗာလဘုရားဝတ်ကျောင်း ရှိခိုင်ခံ့သောအခန်းထဲသို့ဝင်၍နေကြ၏။-
47. ယင်းသို့သူတို့ဝင်နေကြကြောင်းကိုအဘိ မလက်သိလေလျှင်၊-