သူ​ကြီး 9:36-39 Common Language Bible (BCL)

36. ဂါ​လ​သည်​သူ​တို့​ကို​မြင်​သ​ဖြင့်​ဇေ​ဗု​လ အား``ကြည့်​လော့၊ တောင်​ထိပ်​များ​ပေါ်​မှ​လူ တို့​ဆင်း​လာ​နေ​ကြ​၏'' ဟု​ဆို​၏။ဇေ​ဗု​လ​က``ထို​အ​ရာ​တို့​သည်​လူ​များ​မ​ဟုတ်။ တောင်​မှ​ကျ​လာ​သော​အ​ရိပ်​များ​သာ​ဖြစ်​သည်'' ဟု​ပြန်​ပြော​၏။

37. ဂါလ​က​လည်း``ကြည့်​လော့၊ တောင်​ထိပ်​ပေါ်​မှ​လူ များ​ဆင်း​လာ​နေ​ကြ​၏။ လူ​တစ်​စု​သည်​ဗေ​ဒင် ဆ​ရာ​သ​ပိတ်​ပင်​မှ​လာ​သော​လမ်း​ဖြင့်​လာ နေ​ကြ​၏'' ဟု​ဆို​ပြန်​၏။

38. ထို​အ​ခါ​ဇေ​ဗု​လ​က``သင်​၏​လေ​လုံး​ကြီး သ​မျှ​သည် ယ​ခု​အ​ဘယ်​သို့​ရောက်​ရှိ​သွား​ပြီ နည်း။ ဤ​သူ​အဘိ​မလက်​၏​အ​စေ​ကို ငါ​တို့ အ​ဘယ်​ကြောင့်​ခံ​ပါ​မည်​နည်း​ဟု​ပြော​ဆို​ခဲ့ သူ​မှာ​သင်​ပင်​မ​ဟုတ်​ပါ​လော။ ထို​သူ​တို့​သည် ကား သင်​မ​ထီ​မဲ့​မြင်​ပြော​ဆို​ခဲ့​သူ​များ​ဖြစ် သည်။ ယ​ခု​သင်​ထွက်​၍​သူ​တို့​အား​တိုက်​ခိုက် ပါ​လော့'' ဟု​ဆို​၏။-

39. ဂါ​လ​သည်​ရှေ​ခင်​မြို့​သား​တို့​ကို​ရှေ့​ဆောင်​၍ အ​ဘိ​မ​လက်​အား​တိုက်​လေ​သည်။ အ​ဘိ​မ​လက် သည်​ဂါ​လ​ကို​လိုက်​၍​တိုက်​၏။-

သူ​ကြီး 9