သူ​ကြီး 9:27-40 Common Language Bible (BCL)

27. ထို​သူ​အ​ပေါင်း​တို့​သည်​စ​ပျစ်​ဥယျာဉ်​များ သို့​သွား​ရောက်​ကာ စ​ပျစ်​သီး​များ​ကို​ခူး​၍ စ​ပျစ်​ရည်​ပြု​လုပ်​ပြီး​လျှင် ပွဲ​လမ်း​သ​ဘင် တစ်​ရပ်​ကို​ဆင်​နွှဲ​ကြ​၏။ သူ​တို့​သည်​မိ​မိ တို့​၏​ဘု​ရား​ဝတ်​ကျောင်း​သို့​သွား​၍ စား သောက်​ကာ​အ​ဘိ​မ​လက်​အား​ပြက်​ရယ် ပြု​ကြ​၏။-

28. ဂါ​လ​က``ငါ​တို့​ရှေ​ခင်​မြို့​သား​များ​ကား အ​ဘယ်​သို့​သော​သူ​များ​ပေ​နည်း။ အ​ဘိ မ​လက်​၏​အ​စေ​ကို​အ​ဘယ်​ကြောင့်​ငါ​တို့ ခံ​နေ​ကြ​ပါ​သ​နည်း။ သူ​ကား​အ​ဘယ်​သူ နည်း။ သူ​သည်​ဂိ​ဒေါင်​၏​သား​မ​ဟုတ်​လော။ ဇေ​ဗု​လ​သည်​သူ​၏​အ​မိန့်​ကို​နာ​ခံ​ရ​သော် လည်း ငါ​တို့​ကား​အ​ဘယ်​ကြောင့်​သူ​၏​အစေ ကို​ခံ​ပါ​မည်​နည်း။ သင်​တို့​သား​ချင်း​စု​ကို စ​တင်​တည်​ထောင်​ပေး​ခဲ့​သူ​ဟာ​မော်​အား သစ္စာ​စောင့်​ကြ​လော့။-

29. အ​ကယ်​၍​ငါ​သာ​ဤ​လူ​စု​၏​ခေါင်း​ဆောင်​ဖြစ် ပါ​လျှင် အ​ဘိ​မ​လက်​ကို​ဖယ်​ရှား​ပစ်​မည်။ `သင် ၏​တပ်​ကို​အင်​အား​ဖြည့်​၍ ငါ့​ကို​လာ​ရောက် တိုက်​ခိုက်​လော့' ဟု​သူ့​အား​ငါ​ပြော​မည်။''

30. မြို့​အုပ်​ဇေ​ဗု​လ​သည်​ဂါ​လ​၏​စ​ကား​ကို ကြား​သော​အ​ခါ အ​မျက်​ထွက်​သ​ဖြင့်၊-

31. စေ​တ​မန်​များ​ကို​လွှတ်​၍​အ​ရု​မ​မြို့​ရှိ အ​ဘိ​မ​လက်​အား​လျှောက်​ထား​စေ​၏။ ``ဧ​ဗက် ၏​သား​ဂါ​လ​သည်​မိ​မိ​ညီ​အစ်​ကို​များ​နှင့် အ​တူ ရှေ​ခင်​မြို့​သို့​ရောက်​ရှိ​နေ​ပါ​သည်။ သူ​တို့ သည်​ကိုယ်​တော်​အား​မြို့​ထဲ​သို့​ဝင်​ခွင့်​ပြု​ကြ လိမ့်​မည်​မ​ဟုတ်​ပါ။-

32. သို့​ဖြစ်​၍​ကိုယ်​တော်​သည်​မိ​မိ​၏​လူ​စု​နှင့်​ညဥ့် အ​ခါ လာ​ရောက်​၍​လယ်​တော​များ​တွင်​ပုန်း အောင်း​နေ​ပြီး​လျှင်၊-

33. နောက်​တစ်​နေ့​နံ​နက်​နေ​ထွက်​ချိန်​၌​ထ​၍​မြို့ ကို​ရုတ်​တ​ရက်​တိုက်​ခိုက်​တော်​မူ​ပါ။ ဂါ​လ​နှင့် သူ​၏​လူ​စု​တို့​သည်​ကိုယ်​တော်​အား​တိုက်​ခိုက် ရန်​ထွက်​လာ​သော​အ​ခါ ကိုယ်​တော်​သည်​မိ​မိ ၏​အ​လုံး​အ​ရင်း​နှင့်​သူ​တို့​ကို​တိုက်​ခိုက် တော်​မူ​ပါ။''

34. သို့​ဖြစ်​၍​အဘိ​မလက်​နှင့်​သူ​၏​လူ​အ​ပေါင်း တို့​သည် ညဥ့်​အ​ခါ​လာ​ရောက်​ပြီး​လျှင်​လေး​စု ခွဲ​၍​ရှေ​ခင်​မြို့​ပြင်​၌​ပုန်း​အောင်း​နေ​ကြ​၏။-

35. သူ​တို့​သည်​ဂါ​လ​ထွက်​၍​မြို့​တ​ခါး​ဝ​၌​ရပ် နေ​သည်​ကို​မြင်​သော​အ​ခါ မိ​မိ​တို့​ပုန်း​အောင်း ရာ​မှ​ထွက်​လာ​ကြ​၏။-

36. ဂါ​လ​သည်​သူ​တို့​ကို​မြင်​သ​ဖြင့်​ဇေ​ဗု​လ အား``ကြည့်​လော့၊ တောင်​ထိပ်​များ​ပေါ်​မှ​လူ တို့​ဆင်း​လာ​နေ​ကြ​၏'' ဟု​ဆို​၏။ဇေ​ဗု​လ​က``ထို​အ​ရာ​တို့​သည်​လူ​များ​မ​ဟုတ်။ တောင်​မှ​ကျ​လာ​သော​အ​ရိပ်​များ​သာ​ဖြစ်​သည်'' ဟု​ပြန်​ပြော​၏။

37. ဂါလ​က​လည်း``ကြည့်​လော့၊ တောင်​ထိပ်​ပေါ်​မှ​လူ များ​ဆင်း​လာ​နေ​ကြ​၏။ လူ​တစ်​စု​သည်​ဗေ​ဒင် ဆ​ရာ​သ​ပိတ်​ပင်​မှ​လာ​သော​လမ်း​ဖြင့်​လာ နေ​ကြ​၏'' ဟု​ဆို​ပြန်​၏။

38. ထို​အ​ခါ​ဇေ​ဗု​လ​က``သင်​၏​လေ​လုံး​ကြီး သ​မျှ​သည် ယ​ခု​အ​ဘယ်​သို့​ရောက်​ရှိ​သွား​ပြီ နည်း။ ဤ​သူ​အဘိ​မလက်​၏​အ​စေ​ကို ငါ​တို့ အ​ဘယ်​ကြောင့်​ခံ​ပါ​မည်​နည်း​ဟု​ပြော​ဆို​ခဲ့ သူ​မှာ​သင်​ပင်​မ​ဟုတ်​ပါ​လော။ ထို​သူ​တို့​သည် ကား သင်​မ​ထီ​မဲ့​မြင်​ပြော​ဆို​ခဲ့​သူ​များ​ဖြစ် သည်။ ယ​ခု​သင်​ထွက်​၍​သူ​တို့​အား​တိုက်​ခိုက် ပါ​လော့'' ဟု​ဆို​၏။-

39. ဂါ​လ​သည်​ရှေ​ခင်​မြို့​သား​တို့​ကို​ရှေ့​ဆောင်​၍ အ​ဘိ​မ​လက်​အား​တိုက်​လေ​သည်။ အ​ဘိ​မ​လက် သည်​ဂါ​လ​ကို​လိုက်​၍​တိုက်​၏။-

40. ထို​အ​ခါ​ဂါ​လ​ထွက်​ပြေး​လေ​၏။ မြို့​တံ​ခါး အ​နီး​၌​ပင်​လျှင် လူ​အ​မြောက်​အ​မြား​ထိ​ခိုက် ဒဏ်​ရာ​ရ​ရှိ​ကြ​သည်။-

သူ​ကြီး 9