3. သူ့မိခင်၏ဆွေမျိုးသားချင်းတို့သည်လည်း ရှေခင်မြို့သားများအား ဤအကြောင်းကိစ္စ ကိုသူ၏ကိုယ်စားတင်ပြကြ၏။ အဘိ မလက်သည်မိမိတို့နှင့်ဆွေမျိုးတော်စပ် သူဖြစ်သဖြင့် ရှေခင်မြို့သားများကသူ ၏နောက်သို့လိုက်ရန်ဆုံးဖြတ်လိုက်ကြ လေသည်။-
4. သူတို့သည်မိမိတို့ပဋိညာဉ်ပြုထားသည့် ဗာလဘုရား၏ဝတ်ကျောင်းမှ ငွေအခွက် ခုနစ်ဆယ်ကိုအဘိမလက်အားပေးကြ၏။ ထိုငွေဖြင့်သူသည်အခြေအနေမဲ့သူလူ ခုနစ်ဆယ်အား မိမိနောက်သို့လိုက်ရန်ငှား ရမ်းပြီးလျှင်၊-
5. သြဖရမြို့ရှိဖခင်၏အိမ်သို့သွား၍ဂိဒေါင် ၏သားများဖြစ်ကြသော မိမိ၏ညီအစ်ကို ခုနစ်ဆယ်တို့ကိုကျောက်တုံးတစ်ခုတည်း ပေါ်၌သတ်လေသည်။ သို့ရာတွင်ဂိဒေါင်၏ သားထွေးယောသံသည် ပုန်းရှောင်နေသော ကြောင့်အသက်ဘေးမှလွတ်မြောက်သွား၏။-
6. ထိုနောက်ရှေခင်မြို့နှင့်ဗေသမိလ္လောမြို့မှ မြို့သားအပေါင်းတို့သည်စုဝေးလျက် ရှေခင် မြို့ရှိအထိမ်းအမှတ်သပိတ်ပင်သို့သွား ရောက်၍ အဘိမလက်အားမင်းမြှောက်ကြ လေသည်။
7. ဤအခြင်းအရာကိုယောသံကြားသိသော အခါ ဂေရဇိမ်တောင်ထိပ်သို့တက်၍ရပ်ပြီး လျှင် အော်ဟစ်၍ဤသို့ဆို၏။ ``အချင်းရှေခင် မြို့သားတို့၊ ငါ့စကားကိုနားထောင်ကြလော့။ သို့ပြုလျှင်ဘုရားသခင်သည်လည်း သင်တို့ ၏စကားကိုနားထောင်ကောင်းနားထောင် တော်မူလိမ့်မည်။-
8. အခါတစ်ပါးကသစ်ပင်တို့သည်မိမိတို့ အတွက် ဘုရင်ရွေးချယ်ရန်ထွက်သွားခဲ့ကြ ၏။ သူတို့သည်သံလွင်ပင်အား`ငါတို့အပေါ် ၌မင်းလုပ်အုပ်စိုးပါ' ဟုပြောကြားကြ၏။-
9. သံလွင်ပင်က`သင်တို့အားအုပ်စိုးရမည်ဆို လျှင် ငါသည်ဘုရားသခင်၏ဂုဏ်အသရေ နှင့်လူတို့၏ဂုဏ်အသရေကိုပြုစုပေးရာ ဖြစ်သော ငါ၏အဆီကိုထုတ်ပေးမှုမှ ရပ်စဲရပေလိမ့်မည်' ဟုပြန်ပြောလေသည်။-
22-23. အဘိမလက်သည်ဣသရေလပြည်ကို သုံးနှစ်မျှအုပ်စိုးရ၏။ ထိုနောက်ဘုရားသခင်သည်သူနှင့်ရှေခင်မြို့သားတို့အား ပဋိပက္ခဖြစ်စေတော်မူသဖြင့် ထိုသူတို့ သည်အဘိမလက်အားပုန်ကန်ကြ၏။-
24. ဤသို့ဖြစ်ပျက်ရခြင်းမှာဂိဒေါင်၏သား ခုနစ်ဆယ်ကိုသတ်ပစ်ရန် အားပေးသူရှေခင် မြို့သားများနှင့်အဘိမလက်အား မိမိတို့ ကူးလွန်ခဲ့သည့်အပြစ်၏အခကိုပေးဆပ် ကြစေရန်ပင်ဖြစ်သတည်း။-
25. ရှေခင်မြို့သားတို့သည်အဘိမလက်အား တောင်ထိပ်များတွင် ချုံခိုချောင်းမြောင်းစေရန် အစောင့်ထားကြ၏။ ထိုအစောင့်တို့သည်ဖြတ် သန်းသွားလာသူတို့၏ဥစ္စာပစ္စည်းများကို လု ယူကြ၏။ ထိုသတင်းကိုအဘိမလက်ကြား သိရလေသည်။
26. ထိုအခါ၌ဧဗက်၏သားဂါလသည်မိမိညီ အစ်ကိုများနှင့်အတူ ရှေခင်မြို့သို့ရောက်ရှိလာ ၏။ ရှေခင်မြို့သားတို့ကလည်းသူ့အားယုံကြည် အားကိုးကြ၏။-
27. ထိုသူအပေါင်းတို့သည်စပျစ်ဥယျာဉ်များ သို့သွားရောက်ကာ စပျစ်သီးများကိုခူး၍ စပျစ်ရည်ပြုလုပ်ပြီးလျှင် ပွဲလမ်းသဘင် တစ်ရပ်ကိုဆင်နွှဲကြ၏။ သူတို့သည်မိမိ တို့၏ဘုရားဝတ်ကျောင်းသို့သွား၍ စား သောက်ကာအဘိမလက်အားပြက်ရယ် ပြုကြ၏။-
28. ဂါလက``ငါတို့ရှေခင်မြို့သားများကား အဘယ်သို့သောသူများပေနည်း။ အဘိ မလက်၏အစေကိုအဘယ်ကြောင့်ငါတို့ ခံနေကြပါသနည်း။ သူကားအဘယ်သူ နည်း။ သူသည်ဂိဒေါင်၏သားမဟုတ်လော။ ဇေဗုလသည်သူ၏အမိန့်ကိုနာခံရသော် လည်း ငါတို့ကားအဘယ်ကြောင့်သူ၏အစေ ကိုခံပါမည်နည်း။ သင်တို့သားချင်းစုကို စတင်တည်ထောင်ပေးခဲ့သူဟာမော်အား သစ္စာစောင့်ကြလော့။-
29. အကယ်၍ငါသာဤလူစု၏ခေါင်းဆောင်ဖြစ် ပါလျှင် အဘိမလက်ကိုဖယ်ရှားပစ်မည်။ `သင် ၏တပ်ကိုအင်အားဖြည့်၍ ငါ့ကိုလာရောက် တိုက်ခိုက်လော့' ဟုသူ့အားငါပြောမည်။''
30. မြို့အုပ်ဇေဗုလသည်ဂါလ၏စကားကို ကြားသောအခါ အမျက်ထွက်သဖြင့်၊-
31. စေတမန်များကိုလွှတ်၍အရုမမြို့ရှိ အဘိမလက်အားလျှောက်ထားစေ၏။ ``ဧဗက် ၏သားဂါလသည်မိမိညီအစ်ကိုများနှင့် အတူ ရှေခင်မြို့သို့ရောက်ရှိနေပါသည်။ သူတို့ သည်ကိုယ်တော်အားမြို့ထဲသို့ဝင်ခွင့်ပြုကြ လိမ့်မည်မဟုတ်ပါ။-
32. သို့ဖြစ်၍ကိုယ်တော်သည်မိမိ၏လူစုနှင့်ညဥ့် အခါ လာရောက်၍လယ်တောများတွင်ပုန်း အောင်းနေပြီးလျှင်၊-
33. နောက်တစ်နေ့နံနက်နေထွက်ချိန်၌ထ၍မြို့ ကိုရုတ်တရက်တိုက်ခိုက်တော်မူပါ။ ဂါလနှင့် သူ၏လူစုတို့သည်ကိုယ်တော်အားတိုက်ခိုက် ရန်ထွက်လာသောအခါ ကိုယ်တော်သည်မိမိ ၏အလုံးအရင်းနှင့်သူတို့ကိုတိုက်ခိုက် တော်မူပါ။''
34. သို့ဖြစ်၍အဘိမလက်နှင့်သူ၏လူအပေါင်း တို့သည် ညဥ့်အခါလာရောက်ပြီးလျှင်လေးစု ခွဲ၍ရှေခင်မြို့ပြင်၌ပုန်းအောင်းနေကြ၏။-
35. သူတို့သည်ဂါလထွက်၍မြို့တခါးဝ၌ရပ် နေသည်ကိုမြင်သောအခါ မိမိတို့ပုန်းအောင်း ရာမှထွက်လာကြ၏။-
36. ဂါလသည်သူတို့ကိုမြင်သဖြင့်ဇေဗုလ အား``ကြည့်လော့၊ တောင်ထိပ်များပေါ်မှလူ တို့ဆင်းလာနေကြ၏'' ဟုဆို၏။ဇေဗုလက``ထိုအရာတို့သည်လူများမဟုတ်။ တောင်မှကျလာသောအရိပ်များသာဖြစ်သည်'' ဟုပြန်ပြော၏။