သူ​ကြီး 9:21-31 Common Language Bible (BCL)

21. ထို​နောက်​ယော​သံ​သည်​မိ​မိ​အစ်​ကို​အ​ဘိ မ​လက်​ကို​ကြောက်​သ​ဖြင့် ထွက်​ပြေး​ပြီး လျှင်​ဗေ​ရ​မြို့​သို့​သွား​ရောက်​နေ​ထိုင်​လေ​၏။-

22-23. အ​ဘိ​မ​လက်​သည်​ဣ​သ​ရေ​လ​ပြည်​ကို သုံး​နှစ်​မျှ​အုပ်​စိုး​ရ​၏။ ထို​နောက်​ဘု​ရား​သ​ခင်​သည်​သူ​နှင့်​ရှေ​ခင်​မြို့​သား​တို့​အား ပ​ဋိ​ပက္ခ​ဖြစ်​စေ​တော်​မူ​သ​ဖြင့် ထို​သူ​တို့ သည်​အ​ဘိ​မ​လက်​အား​ပုန်​ကန်​ကြ​၏။-

24. ဤ​သို့​ဖြစ်​ပျက်​ရ​ခြင်း​မှာ​ဂိ​ဒေါင်​၏​သား ခု​နစ်​ဆယ်​ကို​သတ်​ပစ်​ရန် အား​ပေး​သူ​ရှေ​ခင် မြို့​သား​များ​နှင့်​အ​ဘိ​မ​လက်​အား မိ​မိ​တို့ ကူး​လွန်​ခဲ့​သည့်​အ​ပြစ်​၏​အ​ခ​ကို​ပေး​ဆပ် ကြ​စေ​ရန်​ပင်​ဖြစ်​သတည်း။-

25. ရှေ​ခင်​မြို့​သား​တို့​သည်​အ​ဘိ​မ​လက်​အား တောင်​ထိပ်​များ​တွင် ချုံ​ခို​ချောင်း​မြောင်း​စေ​ရန် အ​စောင့်​ထား​ကြ​၏။ ထို​အ​စောင့်​တို့​သည်​ဖြတ် သန်း​သွား​လာ​သူ​တို့​၏​ဥစ္စာ​ပစ္စည်း​များ​ကို လု ယူ​ကြ​၏။ ထို​သ​တင်း​ကို​အ​ဘိ​မ​လက်​ကြား သိ​ရ​လေ​သည်။

26. ထို​အ​ခါ​၌​ဧ​ဗက်​၏​သား​ဂါ​လ​သည်​မိ​မိ​ညီ အစ်​ကို​များ​နှင့်​အ​တူ ရှေ​ခင်​မြို့​သို့​ရောက်​ရှိ​လာ ၏။ ရှေ​ခင်​မြို့​သား​တို့​က​လည်း​သူ့​အား​ယုံ​ကြည် အား​ကိုး​ကြ​၏။-

27. ထို​သူ​အ​ပေါင်း​တို့​သည်​စ​ပျစ်​ဥယျာဉ်​များ သို့​သွား​ရောက်​ကာ စ​ပျစ်​သီး​များ​ကို​ခူး​၍ စ​ပျစ်​ရည်​ပြု​လုပ်​ပြီး​လျှင် ပွဲ​လမ်း​သ​ဘင် တစ်​ရပ်​ကို​ဆင်​နွှဲ​ကြ​၏။ သူ​တို့​သည်​မိ​မိ တို့​၏​ဘု​ရား​ဝတ်​ကျောင်း​သို့​သွား​၍ စား သောက်​ကာ​အ​ဘိ​မ​လက်​အား​ပြက်​ရယ် ပြု​ကြ​၏။-

28. ဂါ​လ​က``ငါ​တို့​ရှေ​ခင်​မြို့​သား​များ​ကား အ​ဘယ်​သို့​သော​သူ​များ​ပေ​နည်း။ အ​ဘိ မ​လက်​၏​အ​စေ​ကို​အ​ဘယ်​ကြောင့်​ငါ​တို့ ခံ​နေ​ကြ​ပါ​သ​နည်း။ သူ​ကား​အ​ဘယ်​သူ နည်း။ သူ​သည်​ဂိ​ဒေါင်​၏​သား​မ​ဟုတ်​လော။ ဇေ​ဗု​လ​သည်​သူ​၏​အ​မိန့်​ကို​နာ​ခံ​ရ​သော် လည်း ငါ​တို့​ကား​အ​ဘယ်​ကြောင့်​သူ​၏​အစေ ကို​ခံ​ပါ​မည်​နည်း။ သင်​တို့​သား​ချင်း​စု​ကို စ​တင်​တည်​ထောင်​ပေး​ခဲ့​သူ​ဟာ​မော်​အား သစ္စာ​စောင့်​ကြ​လော့။-

29. အ​ကယ်​၍​ငါ​သာ​ဤ​လူ​စု​၏​ခေါင်း​ဆောင်​ဖြစ် ပါ​လျှင် အ​ဘိ​မ​လက်​ကို​ဖယ်​ရှား​ပစ်​မည်။ `သင် ၏​တပ်​ကို​အင်​အား​ဖြည့်​၍ ငါ့​ကို​လာ​ရောက် တိုက်​ခိုက်​လော့' ဟု​သူ့​အား​ငါ​ပြော​မည်။''

30. မြို့​အုပ်​ဇေ​ဗု​လ​သည်​ဂါ​လ​၏​စ​ကား​ကို ကြား​သော​အ​ခါ အ​မျက်​ထွက်​သ​ဖြင့်၊-

31. စေ​တ​မန်​များ​ကို​လွှတ်​၍​အ​ရု​မ​မြို့​ရှိ အ​ဘိ​မ​လက်​အား​လျှောက်​ထား​စေ​၏။ ``ဧ​ဗက် ၏​သား​ဂါ​လ​သည်​မိ​မိ​ညီ​အစ်​ကို​များ​နှင့် အ​တူ ရှေ​ခင်​မြို့​သို့​ရောက်​ရှိ​နေ​ပါ​သည်။ သူ​တို့ သည်​ကိုယ်​တော်​အား​မြို့​ထဲ​သို့​ဝင်​ခွင့်​ပြု​ကြ လိမ့်​မည်​မ​ဟုတ်​ပါ။-

သူ​ကြီး 9