19. ထို့ကြောင့်ဂိဒေါင်နှင့်သူ၏အိမ်ထောင်စုအား သင်တို့ယနေ့ပြုသည့်အမှုသည်ရိုးသား ဖြောင့်မှန်သည်ဆိုပါမူ သင်တို့သည်အဘိ မလက်နှင့်အတူတကွဝမ်းမြောက်နိုင်ကြ ပါစေသော။-
20. သို့ရာတွင်အကယ်၍ဤအမှုသည်မရိုး မဖြောင့်လျှင်မူကား အဘိမလက်ထံမှ မီးလျှံထွက်၍ရှေခင်မြို့နှင့်ဗေသမိလ္လောမြို့ ရှိလူတို့အားကျွမ်းလောင်ပါစေသော။ ရှေခင် မြို့နှင့်ဗေသမိလ္လောမြို့ရှိလူတို့ထံမှလည်း မီးလျှံထွက်၍အဘိမလက်အားကျွမ်း လောင်ပါစေသော။''
21. ထိုနောက်ယောသံသည်မိမိအစ်ကိုအဘိ မလက်ကိုကြောက်သဖြင့် ထွက်ပြေးပြီး လျှင်ဗေရမြို့သို့သွားရောက်နေထိုင်လေ၏။-
22-23. အဘိမလက်သည်ဣသရေလပြည်ကို သုံးနှစ်မျှအုပ်စိုးရ၏။ ထိုနောက်ဘုရားသခင်သည်သူနှင့်ရှေခင်မြို့သားတို့အား ပဋိပက္ခဖြစ်စေတော်မူသဖြင့် ထိုသူတို့ သည်အဘိမလက်အားပုန်ကန်ကြ၏။-
24. ဤသို့ဖြစ်ပျက်ရခြင်းမှာဂိဒေါင်၏သား ခုနစ်ဆယ်ကိုသတ်ပစ်ရန် အားပေးသူရှေခင် မြို့သားများနှင့်အဘိမလက်အား မိမိတို့ ကူးလွန်ခဲ့သည့်အပြစ်၏အခကိုပေးဆပ် ကြစေရန်ပင်ဖြစ်သတည်း။-
25. ရှေခင်မြို့သားတို့သည်အဘိမလက်အား တောင်ထိပ်များတွင် ချုံခိုချောင်းမြောင်းစေရန် အစောင့်ထားကြ၏။ ထိုအစောင့်တို့သည်ဖြတ် သန်းသွားလာသူတို့၏ဥစ္စာပစ္စည်းများကို လု ယူကြ၏။ ထိုသတင်းကိုအဘိမလက်ကြား သိရလေသည်။
26. ထိုအခါ၌ဧဗက်၏သားဂါလသည်မိမိညီ အစ်ကိုများနှင့်အတူ ရှေခင်မြို့သို့ရောက်ရှိလာ ၏။ ရှေခင်မြို့သားတို့ကလည်းသူ့အားယုံကြည် အားကိုးကြ၏။-