သူ​ကြီး 9:17-25 Common Language Bible (BCL)

17. ငါ​၏​ဖ​ခင်​သည်​သင်​တို့​အ​တွက်​စစ်​ပွဲ​ဝင်​ခဲ့ သည်​ကို​လည်း​ကောင်း၊ မိ​မိ​အ​သက်​ကို​ပ​ဋ္ဌာ​န မ​ထား​ဘဲ​သင်​တို့​အား မိ​ဒျန်​အ​မျိုး​သား​တို့ လက်​မှ​ကယ်​ဆယ်​ခဲ့​သည်​ကို​လည်း​ကောင်း အောက်​မေ့​သ​တိ​ရ​ကြ​လော့။-

18. သို့​ရာ​တွင်​သင်​တို့​သည်​ယ​နေ့​ပင်​လျှင်​သူ​၏ အိမ်​ထောင်​စု​အား ဆန့်​ကျင်​ဘက်​ပြု​ခဲ့​ကြ လေ​ပြီ။ သူ​၏​သား​ခု​နစ်​ဆယ်​ကို​ကျောက်​တုံး တစ်​ခု​တည်း​အ​ပေါ်​၌​သတ်​ပစ်​ခဲ့​ကြ​လေ ပြီ။ ကျွန်​မိန်း​မ​နှင့်​ရ​သော​သား​အ​ဘိ​မ​လက် သည်​သင်​တို့​၏​ဆွေ​မျိုး​သား​ချင်း​ဖြစ်​ကာ မျှ​ဖြင့် သူ့​အား​သင်​တို့​မင်း​မြှောက်​ခဲ့​ကြ​၏။-

19. ထို့​ကြောင့်​ဂိ​ဒေါင်​နှင့်​သူ​၏​အိမ်​ထောင်​စု​အား သင်​တို့​ယ​နေ့​ပြု​သည့်​အ​မှု​သည်​ရိုး​သား ဖြောင့်​မှန်​သည်​ဆို​ပါ​မူ သင်​တို့​သည်​အ​ဘိ မ​လက်​နှင့်​အ​တူ​တ​ကွ​ဝမ်း​မြောက်​နိုင်​ကြ ပါ​စေ​သော။-

20. သို့​ရာ​တွင်​အ​ကယ်​၍​ဤ​အ​မှု​သည်​မ​ရိုး မ​ဖြောင့်​လျှင်​မူ​ကား အ​ဘိ​မ​လက်​ထံ​မှ မီး​လျှံ​ထွက်​၍​ရှေ​ခင်​မြို့​နှင့်​ဗေ​သ​မိလ္လော​မြို့ ရှိ​လူ​တို့​အား​ကျွမ်း​လောင်​ပါ​စေ​သော။ ရှေ​ခင် မြို့​နှင့်​ဗေ​သ​မိလ္လော​မြို့​ရှိ​လူ​တို့​ထံ​မှ​လည်း မီး​လျှံ​ထွက်​၍​အ​ဘိ​မ​လက်​အား​ကျွမ်း လောင်​ပါ​စေ​သော။''

21. ထို​နောက်​ယော​သံ​သည်​မိ​မိ​အစ်​ကို​အ​ဘိ မ​လက်​ကို​ကြောက်​သ​ဖြင့် ထွက်​ပြေး​ပြီး လျှင်​ဗေ​ရ​မြို့​သို့​သွား​ရောက်​နေ​ထိုင်​လေ​၏။-

22-23. အ​ဘိ​မ​လက်​သည်​ဣ​သ​ရေ​လ​ပြည်​ကို သုံး​နှစ်​မျှ​အုပ်​စိုး​ရ​၏။ ထို​နောက်​ဘု​ရား​သ​ခင်​သည်​သူ​နှင့်​ရှေ​ခင်​မြို့​သား​တို့​အား ပ​ဋိ​ပက္ခ​ဖြစ်​စေ​တော်​မူ​သ​ဖြင့် ထို​သူ​တို့ သည်​အ​ဘိ​မ​လက်​အား​ပုန်​ကန်​ကြ​၏။-

24. ဤ​သို့​ဖြစ်​ပျက်​ရ​ခြင်း​မှာ​ဂိ​ဒေါင်​၏​သား ခု​နစ်​ဆယ်​ကို​သတ်​ပစ်​ရန် အား​ပေး​သူ​ရှေ​ခင် မြို့​သား​များ​နှင့်​အ​ဘိ​မ​လက်​အား မိ​မိ​တို့ ကူး​လွန်​ခဲ့​သည့်​အ​ပြစ်​၏​အ​ခ​ကို​ပေး​ဆပ် ကြ​စေ​ရန်​ပင်​ဖြစ်​သတည်း။-

25. ရှေ​ခင်​မြို့​သား​တို့​သည်​အ​ဘိ​မ​လက်​အား တောင်​ထိပ်​များ​တွင် ချုံ​ခို​ချောင်း​မြောင်း​စေ​ရန် အ​စောင့်​ထား​ကြ​၏။ ထို​အ​စောင့်​တို့​သည်​ဖြတ် သန်း​သွား​လာ​သူ​တို့​၏​ဥစ္စာ​ပစ္စည်း​များ​ကို လု ယူ​ကြ​၏။ ထို​သ​တင်း​ကို​အ​ဘိ​မ​လက်​ကြား သိ​ရ​လေ​သည်။

သူ​ကြီး 9