5. ဂိဒေါင်သည်လူတို့ကိုရေဆိပ်သို့ခေါ်ဆောင် သွားပြီးနောက် ထာဝရဘုရားက``ထိုသူတို့ တွင်ရေကိုခွေးကဲ့သို့လျှာနှင့်လျက်သောက် သောသူများနှင့် ဒူးထောက်၍သောက်သောသူ များကိုနှစ်စုခွဲလော့'' ဟုဂိဒေါင်အားမိန့် တော်မူ၏။-
6. ရေကိုလက်ခုပ်ဖြင့်ယူပြီးလျှင်လျှာနှင့် လျက်သောက်သောလူအရေအတွက်မှာ သုံးရာရှိ၍ ကျန်သောသူတို့မူကားဒူး ထောက်၍ရေကိုသောက်သူများဖြစ်ကြ၏။-
7. ထာဝရဘုရားက``ငါသည်ရေကိုလျှာ ဖြင့်လျက်သောက်သောသူသုံးရာအားဖြင့် သင့်ကိုကယ်ဆယ်၍မိဒျန်အမျိုးသား တို့အပေါ်၌အောင်ပွဲခံစေမည်။ အခြား သူအပေါင်းတို့ကိုအိမ်သို့ပြန်ရန်ပြော ကြားလော့'' ဟုဂိဒေါင်အားမိန့်တော် မူ၏။-
8. သို့ဖြစ်၍ဂိဒေါင်သည်ရိက္ခာနှင့်တံပိုး ခရာရှိသမျှကို ယူထားသောလူသုံးရာ မှတစ်ပါးအခြားဣသရေလအမျိုး သားအပေါင်းတို့ကိုအိမ်သို့ပြန်စေ၏။ မိဒျန်အမျိုးသားများ၏တပ်စခန်းမှာ အနိမ့်ပိုင်းချိုင့်ထဲတွင်ရှိသတည်း။
9. ထိုည၌ထာဝရဘုရားသည်ဂိဒေါင် အား``ထ၍သူတို့၏တပ်စခန်းကိုတိုက် ခိုက်လော့။ သင့်အားအောင်ပွဲကိုငါပေးမည်။-
10. သို့ရာတွင်အကယ်၍သင်သည်သူတို့အား တိုက်ခိုက်ရန်ကြောက်လန့်နေပါမူ သင်၏ အစေခံဖုရကိုခေါ်၍ထိုတပ်စခန်းသို့ သွားလော့။-
11. သူတို့ပြောဆိုနေကြသောစကားကိုသင် ကြားသိရလိမ့်မည်။ ထိုအခါသင်သည်တိုက် ခိုက်ရန်ရဲစွမ်းသတ္တိကိုရလိမ့်မည်'' ဟုမိန့် တော်မူ၏။ သို့ဖြစ်၍ဂိဒေါင်သည်မိမိအစေ ခံဖုရနှင့်အတူ ရန်သူ့တပ်စခန်းအစွန် နားသို့သွားလေသည်။-
12. မိဒျန်အမျိုးသား၊ အာမလက်အမျိုးသား၊ သဲကန္တာရနေလူမျိုးတို့သည်ကျိုင်းကောင် အုပ်ကြီးသဖွယ်ချိုင့်၌အိပ်နေကြ၏။ သူ တို့၏ကုလားအုတ်များသည်သမုဒ္ဒရာ ကမ်းခြေရှိသဲလုံးနှင့်အမျှများသတည်း။
13. ဂိဒေါင်ရောက်ရှိလာချိန်၌လူတစ်ယောက် သည် မိမိမြင်မက်သည့်အိပ်မက်အကြောင်း ကိုမိတ်ဆွေတစ်ဦးအားပြောပြလျက်နေ၏။ ထိုသူက``မုယောမုန့်ပြားတစ်ချပ်သည်ငါ တို့တပ်စခန်းထဲသို့လိမ့်ဝင်လာပြီးလျှင် တဲရှင်တစ်ခုနှင့်တိုက်မိသဖြင့်ထိုတဲရှင် သည်ပြိုလဲပြားချပ်၍သွားသည်ကိုငါ အိပ်မက်မြင်မက်ပါသည်'' ဟုဆိုလေသည်။
14. ထိုမိတ်ဆွေကလည်း``ထိုမုန့်ပြားသည်ဣသ ရေလအမျိုးသားယောရှ၏သားဖြစ်သူ ဂိဒေါင်၏ဋ္ဌားပင်ဖြစ်သည်။ မုန့်ပြားသည် အခြားအနက်အဋ္ဌိပ္ပါယ်ကိုမဆောင်နိုင် ရာ။ ဘုရားသခင်သည်သူ့အားမိဒျန် အမျိုးနှင့် ငါတို့တပ်တစ်ခုလုံးအပေါ်၌ အောင်ပွဲခံစေတော်မူလေပြီ'' ဟုဆို၏။
15. ထိုသူ၏အိပ်မက်နှင့်ယင်း၏အနက်အဋ္ဌိပ္ပါယ် ကိုကြားသိရသောအခါဂိဒေါင်သည်ဒူး ထောက်၍ ထာဝရဘုရားအားကိုးကွယ်၏။ ထိုနောက်ဣသရေလတပ်စခန်းသို့ပြန် ပြီးလျှင်``ထကြ၊ ထာဝရဘုရားသည်သင် တို့အားမိဒျန်တပ်အပေါ်၌အောင်ပွဲခံ စေတော်မူလေပြီ'' ဟုဆို၏။-
16. သူသည်မိမိတပ်သားသုံးရာကိုသုံးစုခွဲ ပြီးနောက် လူတိုင်းအားမီးရှူးတိုင်ပါသော အိုးတစ်လုံးနှင့်တံပိုးခရာတစ်ခုကိုပေး ၏။-
17. ထိုနောက်သူတို့အား``ရန်သူတပ်စခန်းအစွန် သို့ငါရောက်ရှိလာသောအခါ သင်တို့သည် ငါ့ကိုကြည့်၍ငါပြုသည့်အတိုင်းပြုကြ လော့။-
18. ငါနှင့်ငါ၏လူစုတံပိုးခရာမှုတ်သော အခါသင်တို့သည်လည်း စခန်းပတ်လည်၌ တံပိုးခရာများကိုမှုတ်ပြီးလျှင်`ထာဝရ ဘုရားနှင့်ဂိဒေါင်အတွက်' ဟူ၍ကြွေး ကြော်ကြလော့'' ဟုမှာထားလေသည်။
19. ဂိဒေါင်နှင့်သူ၏တပ်သားတစ်ရာတို့သည် ရန်သူ့တပ်စခန်းအစွန်သို့ သန်းခေါင်အချိန် မတိုင်မီအစောင့်ကင်းလဲပြီးစအခါ၌ ရောက်ရှိလာကြ၏။ ထိုအခါသူတို့သည် တံပိုးခရာမှုတ်၍ မိမိတို့ကိုင်ဆောင်ထား သောအိုးတို့ကိုခွဲပစ်လိုက်ကြ၏။-