သူ​ကြီး 7:20-25 Common Language Bible (BCL)

20. အ​ခြား​တပ်​သား​နှစ်​စု​သည်​လည်း​ဤ​နည်း တူ​ပင်​ပြု​ကြ​၏။ သူ​တို့​အား​လုံး​ပင်​ဘယ် လက်​ဖြင့်​မီး​ရှူး​တိုင်​ကို​ကိုင်​၍ ညာ​လက်​ဖြင့် တံ​ပိုး​ခ​ရာ​ကို​ကိုင်​ထား​ကြ​လေ​သည်။ ထို နောက်``ထာ​ဝ​ရ​ဘု​ရား​နှင့်​ဂိ​ဒေါင်​၏​ဋ္ဌား'' ဟူ​၍​ကြွေး​ကြော်​ကြ​၏။-

21. သူ​တို့​သည်​ရန်​သူ့​တပ်​စ​ခန်း​ပတ်​လည်​၌ အ​သီး​သီး​မိ​မိ​တို့​နေ​ရာ​၌​ရပ်​နေ​ကြ​၏။ ထို​အ​ခါ​ရန်​သူ​တပ်​တစ်​တပ်​လုံး​ပင်​လျှင် အော်​ဟစ်​ထွက်​ပြေး​ကြ​လေ​သည်။-

22. ဂိဒေါင်​၏​တပ်​သား​တို့​တံ​ပိုး​ခ​ရာ​များ​ကို မှုတ်​ကြ​စဉ်​အ​ခါ​၌ ထာ​ဝ​ရ​ဘု​ရား​သည် ရန်​သူ​တို့​အား​အ​ချင်း​ချင်း​ဋ္ဌား​လက်​နက် ဖြင့်​တိုက်​ခိုက်​စေ​တော်​မူ​၏။ သူ​တို့​သည်​ဇေ​ရ ရတ်​အ​ရပ်​သို့​ဦး​တည်​လျက်​ဗက်​ရှိတ္တ​မြို့​သို့ တိုင်​အောင်​လည်း​ကောင်း၊ တဗ္ဗတ်​မြို့​အ​နီး​အာ ဗေ​လ​မ​ဟော​လ​မြို့​သို့​တိုင်​အောင်​လည်း ကောင်း​ထွက်​ပြေး​ကြ​လေ​သည်။

23. ထို​အ​ခါ​န​ဿ​လိ​နှင့်​အာ​ရှာ​အ​နွယ်​ဝင် တို့​ကို​လည်း​ကောင်း၊ မ​နာ​ရှေ​ဒေ​သ​နှစ်​ပိုင်း စ​လုံး​မှ​လူ​တို့​ကို​လည်း​ကောင်း​ဆင့်​ခေါ် လိုက်​ရာ သူ​တို့​သည်​မိ​ဒျန်​အ​မျိုး​သား​တို့ ကို​လိုက်​လံ​တိုက်​ခိုက်​ကြ​၏။-

24. ဂိ​ဒေါင်​သည်​ဧ​ဖ​ရိမ်​တောင်​ကုန်း​ဒေ​သ​အ​ရပ် ရပ်​သို့​စေ​တ​မန်​များ​ကို​လွှတ်​၍``မိ​ဒျန်​အ​မျိုး သား​တို့​အား​တိုက်​ခိုက်​ရန်​ဆင်း​ခဲ့​ကြ​လော့။ ယော်​ဒန်​မြစ်​ကို​လည်း​ကောင်း၊ ဗက်​ဗာ​ရ​ရွာ​တိုင် အောင်​ရှိ​သ​မျှ​သော​ချောင်း​ငယ်​တို့​ကို​လည်း ကောင်း ထို​သူ​တို့​မ​ကူး​မ​ဖြတ်​နိုင်​စေ​ရန်​သိမ်း ယူ​ကြ​လော့'' ဟု​မှာ​ကြား​လိုက်​၏။ ဧ​ဖ​ရိမ် အ​နွယ်​ဝင်​အ​ပေါင်း​တို့​သည်​စု​ရုံး​ပြီး​လျှင် ယော်​ဒန်​မြစ်​နှင့်​ဗက်​ဗာ​ရ​ရွာ​အ​ထိ​ချောင်း ငယ်​ရှိ​သ​မျှ​တို့​ကို​သိမ်း​ယူ​ကြ​၏။-

25. သူ​တို့​သည်​မိ​ဒျန်​ဗိုလ်​ချုပ်​နှစ်​ဦး​ဖြစ်​သော သြ​ရ​ဘ​နှင့်​ဇေ​ဘ​တို့​ကို​လက်​ရ​ဖမ်း​မိ​သ ဖြင့် သြ​ရ​ဘ​အား​သြ​ရ​ဘ​ကျောက်​၌​လည်း ကောင်း၊ ဇေ​ဘ​ကို​ဇေ​ဘ​စ​ပျစ်​သီး​နယ်​ရာ အ​ရပ်​၌​လည်း​ကောင်း​ကွပ်​မျက်​လိုက်​ကြ လေ​သည်။ သူ​တို့​သည်​မိ​ဒျန်​အ​မျိုး​သား တို့​နောက်​သို့​ဆက်​လက်​လိုက်​လံ​ကြ​ပြီး နောက် သြ​ရ​ဘ​နှင့်​ဇေ​ဘ​တို့​၏​ဦး​ခေါင်း ကို​ယော်​ဒန်​မြစ်​အ​ရှေ့​ဘက်​ကမ်း​သို့​ရောက် ရှိ​နေ​သော​ဂိ​ဒေါင်​၏​ထံ​သို့​ယူ​ဆောင်​ခဲ့ ကြ​၏။

သူ​ကြီး 7