သူ​ကြီး 7:15-19 Common Language Bible (BCL)

15. ထို​သူ​၏​အိပ်​မက်​နှင့်​ယင်း​၏​အ​နက်​အ​ဋ္ဌိပ္ပါယ် ကို​ကြား​သိ​ရ​သော​အ​ခါ​ဂိ​ဒေါင်​သည်​ဒူး ထောက်​၍ ထာ​ဝ​ရ​ဘု​ရား​အား​ကိုး​ကွယ်​၏။ ထို​နောက်​ဣ​သ​ရေ​လ​တပ်​စ​ခန်း​သို့​ပြန် ပြီး​လျှင်``ထ​ကြ၊ ထာ​ဝ​ရ​ဘု​ရား​သည်​သင် တို့​အား​မိ​ဒျန်​တပ်​အ​ပေါ်​၌​အောင်​ပွဲ​ခံ စေ​တော်​မူ​လေ​ပြီ'' ဟု​ဆို​၏။-

16. သူ​သည်​မိ​မိ​တပ်​သား​သုံး​ရာ​ကို​သုံး​စု​ခွဲ ပြီး​နောက် လူ​တိုင်း​အား​မီး​ရှူး​တိုင်​ပါ​သော အိုး​တစ်​လုံး​နှင့်​တံ​ပိုး​ခ​ရာ​တစ်​ခု​ကို​ပေး ၏။-

17. ထို​နောက်​သူ​တို့​အား``ရန်​သူ​တပ်​စ​ခန်း​အ​စွန် သို့​ငါ​ရောက်​ရှိ​လာ​သော​အ​ခါ သင်​တို့​သည် ငါ့​ကို​ကြည့်​၍​ငါ​ပြု​သည့်​အ​တိုင်း​ပြု​ကြ လော့။-

18. ငါ​နှင့်​ငါ​၏​လူ​စု​တံ​ပိုး​ခ​ရာ​မှုတ်​သော အ​ခါ​သင်​တို့​သည်​လည်း စ​ခန်း​ပတ်​လည်​၌ တံ​ပိုး​ခ​ရာ​များ​ကို​မှုတ်​ပြီး​လျှင်`ထာ​ဝ​ရ ဘု​ရား​နှင့်​ဂိ​ဒေါင်​အ​တွက်' ဟူ​၍​ကြွေး ကြော်​ကြ​လော့'' ဟု​မှာ​ထား​လေ​သည်။

19. ဂိ​ဒေါင်​နှင့်​သူ​၏​တပ်​သား​တစ်​ရာ​တို့​သည် ရန်​သူ့​တပ်​စ​ခန်း​အ​စွန်​သို့ သန်း​ခေါင်​အ​ချိန် မ​တိုင်​မီ​အ​စောင့်​ကင်း​လဲ​ပြီး​စ​အ​ခါ​၌ ရောက်​ရှိ​လာ​ကြ​၏။ ထို​အ​ခါ​သူ​တို့​သည် တံ​ပိုး​ခ​ရာ​မှုတ်​၍ မိ​မိ​တို့​ကိုင်​ဆောင်​ထား သော​အိုး​တို့​ကို​ခွဲ​ပစ်​လိုက်​ကြ​၏။-

သူ​ကြီး 7