သူ​ကြီး 6:9-24 Common Language Bible (BCL)

9. အီ​ဂျစ်​ပြည်​သူ​တို့​လက်​မှ​လည်း​ကောင်း၊ ဤ​ပြည် တွင်​သင်​တို့​အား​တိုက်​ခိုက်​သူ​တို့​၏​လက်​မှ​လည်း ကောင်း​ကယ်​ဆယ်​ခဲ့​၏။ သင်​တို့​ချီ​တက်​လာ​စဉ်​သူ တို့​အား​နှင်​ထုတ်​၍ သူ​တို့​၏​ပြည်​ကို​သင်​တို့​၏ လက်​သို့​ပေး​အပ်​ခဲ့​၏။-

10. ငါ​သည်​သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ဖြစ်​ကြောင်း​ကို​မိန့်​ကြား​၍ ယ​ခု​သင်​တို့​နေ​ထိုင်​ရာ ပြည်​ရှိ​အာ​မော​ရိ​အ​မျိုး​သား​တို့​ကိုး​ကွယ်​သည့် ဘု​ရား​များ​ကို​မ​ကိုး​ကွယ်​ကြ​ရန်​သင်​တို့​အား ပညတ်​ခဲ့​၏။ သို့​သော်​လည်း​သင်​တို့​သည်​ငါ့​စ​ကား ကို​နား​မ​ထောင်​ကြ'' ဟု​မိန့်​တော်​မူ​၏။

11. ထို​နောက်​ထာ​ဝ​ရ​ဘု​ရား​၏​ကောင်း​ကင်​တ​မန် သည်​သြ​ဖ​ရ​ရွာ​သို့​လာ​၍ အ​ဗျေ​ဇာ​သား​ချင်း စု​ဝင်​တစ်​ဦး​ဖြစ်​သူ၊ ယော​ရှ​၏​သ​ပိတ်​ပင် အောက်​၌​ထိုင်​လေ​သည်။ ယော​ရှ​၏​သား​ဂိ​ဒေါင် သည် မိ​မိ​အား​မိ​ဒျန်​အ​မျိုး​သား​တို့​မ​တွေ့ မ​မြင်​နိုင်​စေ​ရန် စ​ပျစ်​သီး​နယ်​ရာ​ကျင်း​တွင် ဂျုံ​စပါး​နယ်​လျက်​နေ​၏။-

12. ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​၏​ကောင်း​ကင်​တ​မန် သည်​သူ​၏​ရှေ့​၌​ပေါ်​လာ​၍​သူ့​အား``ခွန်​အား ကြီး​သော​အ​ချင်း​သူ​ရဲ၊ ထာ​ဝ​ရ​ဘု​ရား​သည် သင်​နှင့်​အ​တူ​ရှိ​တော်​မူ​ပြီ'' ဟု​ဆို​လေ​သည်။

13. ဂိ​ဒေါင်​က​သူ့​အား``အို အ​ရှင်၊ အ​ကယ်​၍​ထာ​ဝ​ရ ဘု​ရား​သည်​အ​ကျွန်ုပ်​တို့​နှင့်​အ​တူ​ရှိ​တော်​မူ​သည် မှန်​ပါ​လျှင် အ​ဘယ်​ကြောင့်​ဤ​ဘေး​ဆိုး​သင့်​ရောက် ရ​ပါ​သ​နည်း။ ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​တို့​အား အီ​ဂျစ်​ပြည်​မှ​ထုတ်​ဆောင်​လာ​ပုံ အ​စ​ရှိ​သည့် အံ့​သြ​ဖွယ်​အ​မှု​အ​ရာ​များ​ကို​ပြု​တော်​မူ ကြောင်း​ဘိုး​ဘေး​တို့​ပြော​ဆို​ခဲ့​ကြ​ပါ​၏။ ထို အံ့​သြ​ဖွယ်​ရာ​တို့​သည်​အ​ဘယ်​မှာ​နည်း။ ထာ​ဝ​ရ ဘု​ရား​သည်​အ​ကျွန်ုပ်​တို့​ကို​စွန့်​၍​မိ​ဒျန်​အ​မျိုး သား​တို့​၏​လက်​သို့​အပ်​တော်​မူ​ပါ​ပြီ​တ​ကား'' ဟု​ပြော​၏။

14. ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​က``သင်​၏​ကြီး​မား သော​ခွန်​အား​ဖြင့်​သွား​၍ ဣ​သ​ရေ​လ​အ​မျိုး သား​တို့​အား မိ​ဒျန်​အ​မျိုး​သား​များ​၏​လက် မှ​ကယ်​ဆယ်​လော့။ ငါ​ကိုယ်​တိုင်​ပင်​သင့်​အား စေ​လွှတ်​တော်​မူ​ပြီ'' ဟု​မိန့်​တော်​မူ​၏။

15. ဂိ​ဒေါင်​က​လည်း``အို ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ် သည်​အ​ဘယ်​သို့​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ ကို​ကယ်​ဆယ်​နိုင်​ပါ​မည်​နည်း။ အ​ကျွန်ုပ်​၏​သား ချင်း​စု​သည်​မ​နာ​ရှေ​အ​နွယ်​တွင် အား​အ​နည်း ဆုံး​သော​သူ​ဖြစ်​ပါ​၏။ အ​ကျွန်ုပ်​သည်​လည်း မိ​မိ​၏​မိ​သား​စု​တွင်​အ​ရေး​မ​ပါ၊ အ​ရာ မ​ရောက်​ဆုံး​သော​သူ​ဖြစ်​ပါ​သည်'' ဟု ပြန် လည်​လျှောက်​ထား​၏။

16. ထာ​ဝ​ရ​ဘု​ရား​က``ငါ​သည်​သင့်​ကို​ကူ​မ​မည် ဖြစ်​၍ ထို​အ​မှု​ကို​သင်​ပြု​နိုင်​လိမ့်​မည်။ သင်​သည် လူ​တစ်​ယောက်​တည်း​ကို​လုပ်​ကြံ​ရ​ဘိ​သ​ကဲ့ သို့ မိ​ဒျန်​အ​မျိုး​သား​များ​အား​အ​လွယ် တ​ကူ​နှိမ်​နင်း​နိုင်​လိမ့်​မည်'' ဟု​မိန့်​တော် မူ​၏။

17. ဂိ​ဒေါင်​က``အ​ကယ်​၍​ကိုယ်​တော်​၏​သ​ဘော တော်​နှင့်​တွေ့​မည်​ဆို​ပါ​က ကိုယ်​တော်​သည် အ​မှန်​ပင်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​တော်​မူ​ကြောင်း သက်​သေ​ခံ​အ​ထောက်​အ​ထား​တစ်​ခု​ကို​ပြ တော်​မူ​ပါ။-

18. ကိုယ်​တော်​အား​ဆက်​သ​ရန်​ပူ​ဇော်​သကာ​ကို​ယူ ဆောင်​လာ​ချိန်​တိုင်​အောင် ဤ​အ​ရပ်​မှ​ကြွ​သွား တော်​မ​မူ​ပါ​နှင့်'' ဟု​လျှောက်​လေ​၏။ကိုယ်​တော်​က​လည်း``သင်​ပြန်​လာ​ချိန်​တိုင် အောင်​ငါ​ရှိ​နေ​မည်'' ဟု​မိန့်​တော်​မူ​၏။

19. သို့​ဖြစ်​၍​ဂိ​ဒေါင်​သည်​မိ​မိ​အိမ်​သို့​ပြန်​ပြီး လျှင် ဆိတ်​ငယ်​တစ်​ကောင်​ကို​ချက်​ပြုတ်​၏။ တ​ဆေး​မဲ့​မုန့်​ညက်​တစ်​တင်း​ဖြင့်​မုန့်​ကို ပြင်​ဆင်​၏။ ထို​နောက်​ဆိတ်​သား​ကို​တောင်း နှင့်​လည်း​ကောင်း၊ ဆိတ်​ပြုတ်​ရည်​ကို​အိုး​တစ် လုံး​၌​လည်း​ကောင်း​ထည့်​၍ ကောင်း​ကင်​တ​မန် ရှိ​ရာ​သပိတ်​ပင်​အောက်​သို့​ယူ​ဆောင်​လာ​ပြီး လျှင်​သူ့​အား​ဆက်​လေ​သည်။-

20. ကောင်း​ကင်​တ​မန်​က``ဆိတ်​သား​နှင့်​မုန့်​တို့​ကို ယူ​၍​ဤ​ကျောက်​ပေါ်​တွင်​တင်​၍ ဆိတ်​ပြုတ် ရည်​ဖြင့်​သွန်း​လောင်း​လော့'' ဟု​ဆို​၏။ ဤ​သို့ ဆို​သည့်​အ​တိုင်း​ဂိ​ဒေါင်​ပြု​၏။-

21. ထို​အ​ခါ​ကောင်း​ကင်​တ​မန်​သည်​လက်​ကို​ဆန့်​၍ မိ​မိ​ကိုင်​ထား​သည့်​တုတ်​ဖျား​ဖြင့်​ဆိတ်​သား​နှင့် မုန့်​တို့​ကို​တို့​ထိ​လိုက်​ရာ ကျောက်​ထဲ​မှ​မီး​လျှံ ထွက်​၍​ဆိတ်​သား​နှင့်​မုန့်​တို့​ကို​ကျွမ်း​လောင် စေ​၏။ ထို​နောက်​ကောင်း​ကင်​တ​မန်​သည်​ပျောက် ကွယ်​သွား​လေ​သည်။

22. ထို​အ​ခါ​ဂိ​ဒေါင်​သည်​မိ​မိ​တွေ့​ရှိ​ခဲ့​သူ​မှာ ထာ​ဝ​ရ​ဘု​ရား​၏​ကောင်း​ကင်​တ​မန်​ပင်​ဖြစ် ကြောင်း​သိ​လေ​လျှင် ကြောက်​လန့်​လျက်​ဤ​သို့ ဆို​၏။ ``အို အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ် သည်​ကိုယ်​တော်​၏​ကောင်း​ကင်​တ​မန်​နှင့်​မျက် နှာ​ချင်း​ဆိုင်​တွေ့​မြင်​ရ​ပါ​ပြီ​တ​ကား'' ဟု​လျှောက်​လေ​သည်။

23. သို့​ရာ​တွင်​ထာ​ဝ​ရ​ဘု​ရား​က``စိတ်​အေး​ချမ်း သာ​စွာ​နေ​လော့။ မ​စိုး​ရိမ်​နှင့်။ သင်​သည်​သေ​ရ လိမ့်​မည်​မ​ဟုတ်'' ဟု​သူ့​အား​မိန့်​တော်​မူ​၏။-

24. ဂိ​ဒေါင်​သည်​ထို​အ​ရပ်​၌​ထာ​ဝ​ရ​ဘု​ရား အ​ဖို့​ယဇ်​ပလ္လင်​တစ်​ခု​တည်​ဆောက်​၍``ထာ​ဝ​ရ ဘု​ရား​သည်​စိတ်​အေး​ချမ်း​ခြင်း​ဖြစ်​တော်​မူ​၏'' ဟူ​သော​အ​မည်​ဖြင့်​မှည့်​ခေါ်​လေ​သည်။ (ထို ယဇ်​ပလ္လင်​သည်​အ​ဗျေ​ဇာ​သား​ချင်း​စု​ပိုင် သြ​ဖ​ရ​ရွာ​၌​ယ​နေ့​တိုင်​အောင်​တည်​ရှိ သ​တည်း။)

သူ​ကြီး 6