သူ​ကြီး 6:4-9 Common Language Bible (BCL)

4. သူ​တို့​သည်​ဣ​သ​ရေ​လ​မြေ​ပေါ်​တွင်​တပ်​စ​ခန်း ချ​၍ တောင်​ဘက်​ရှိ​ဂါ​ဇ​မြို့​တစ်​ဝိုက်​မြေ​ယာ​များ တိုင်​အောင် အ​သီး​အ​နှံ​တို့​ကို​ဖျက်​ဆီး​ပစ်​တတ် ကြ​၏။ သူ​တို့​သည်​သိုး​နွား​မြည်း​မှ​စ​၍​ရှိ​သ​မျှ ကို​သိမ်း​ယူ​ကြ​သ​ဖြင့် ဣ​သ​ရေ​လ​အ​မျိုး​သား တို့​အ​တွက်​အ​ဘယ်​စား​စ​ရာ​မျှ​မ​ကျန်​တော့ ချေ။-

5. သူ​တို့​သည်​မိ​မိ​တို့​၏​တဲရှင်​များ၊ သိုး​နွား​များ နှင့်​ပြန်​လာ​တတ်​ကြ​၏။ သူ​တို့​၏​အ​ရေ​အ​တွက် မှာ​ကျိုင်း​ကောင်​အုပ်​ကဲ့​သို့​များ​သ​တည်း။ သူ​တို့ နှင့်​သူ​တို့​၏​ကု​လား​အုတ်​များ​မှာ​လည်း​မ​ရေ မ​တွက်​နိုင်​အောင်​များ​ပြား​သည်။ သူ​တို့​သည် ဝင်​ရောက်​လာ​၍​ရှိ​သ​မျှ​ကို​ဖျက်​ဆီး​ပစ် ကြ​၏။-

6. ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​သူ​တို့​ကို ခု​ခံ​နိုင်​စွမ်း​မ​ရှိ​ချေ။

7. ထို​အ​ခါ​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် မိ​ဒျန် အ​မျိုး​သား​တို့​၏​ရန်​ကြောင့်​မိ​မိ​တို့​အား ကူ​မ တော်​မူ​ရန်​ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့​ဟစ် အော်​လျှောက်​ထား​ကြ​၏။-

8. သို့​ဖြစ်​၍​ကိုယ်​တော်​သည်​ပ​ရော​ဖက်​တစ်​ပါး​ကို သူ​တို့​ထံ​သို့​စေ​လွှတ်​တော်​မူ​သည်။ ပ​ရော​ဖက် မှ​တစ်​ဆင့်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​က``ငါ​သည်​သင်​တို့ ကျွန်​ခံ​ရာ​အီ​ဂျစ်​ပြည်​မှ​သင်​တို့​အား​ထုတ် ဆောင်​ခဲ့​၏။-

9. အီ​ဂျစ်​ပြည်​သူ​တို့​လက်​မှ​လည်း​ကောင်း၊ ဤ​ပြည် တွင်​သင်​တို့​အား​တိုက်​ခိုက်​သူ​တို့​၏​လက်​မှ​လည်း ကောင်း​ကယ်​ဆယ်​ခဲ့​၏။ သင်​တို့​ချီ​တက်​လာ​စဉ်​သူ တို့​အား​နှင်​ထုတ်​၍ သူ​တို့​၏​ပြည်​ကို​သင်​တို့​၏ လက်​သို့​ပေး​အပ်​ခဲ့​၏။-

သူ​ကြီး 6