သူ​ကြီး 6:20-28 Common Language Bible (BCL)

20. ကောင်း​ကင်​တ​မန်​က``ဆိတ်​သား​နှင့်​မုန့်​တို့​ကို ယူ​၍​ဤ​ကျောက်​ပေါ်​တွင်​တင်​၍ ဆိတ်​ပြုတ် ရည်​ဖြင့်​သွန်း​လောင်း​လော့'' ဟု​ဆို​၏။ ဤ​သို့ ဆို​သည့်​အ​တိုင်း​ဂိ​ဒေါင်​ပြု​၏။-

21. ထို​အ​ခါ​ကောင်း​ကင်​တ​မန်​သည်​လက်​ကို​ဆန့်​၍ မိ​မိ​ကိုင်​ထား​သည့်​တုတ်​ဖျား​ဖြင့်​ဆိတ်​သား​နှင့် မုန့်​တို့​ကို​တို့​ထိ​လိုက်​ရာ ကျောက်​ထဲ​မှ​မီး​လျှံ ထွက်​၍​ဆိတ်​သား​နှင့်​မုန့်​တို့​ကို​ကျွမ်း​လောင် စေ​၏။ ထို​နောက်​ကောင်း​ကင်​တ​မန်​သည်​ပျောက် ကွယ်​သွား​လေ​သည်။

22. ထို​အ​ခါ​ဂိ​ဒေါင်​သည်​မိ​မိ​တွေ့​ရှိ​ခဲ့​သူ​မှာ ထာ​ဝ​ရ​ဘု​ရား​၏​ကောင်း​ကင်​တ​မန်​ပင်​ဖြစ် ကြောင်း​သိ​လေ​လျှင် ကြောက်​လန့်​လျက်​ဤ​သို့ ဆို​၏။ ``အို အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ် သည်​ကိုယ်​တော်​၏​ကောင်း​ကင်​တ​မန်​နှင့်​မျက် နှာ​ချင်း​ဆိုင်​တွေ့​မြင်​ရ​ပါ​ပြီ​တ​ကား'' ဟု​လျှောက်​လေ​သည်။

23. သို့​ရာ​တွင်​ထာ​ဝ​ရ​ဘု​ရား​က``စိတ်​အေး​ချမ်း သာ​စွာ​နေ​လော့။ မ​စိုး​ရိမ်​နှင့်။ သင်​သည်​သေ​ရ လိမ့်​မည်​မ​ဟုတ်'' ဟု​သူ့​အား​မိန့်​တော်​မူ​၏။-

24. ဂိ​ဒေါင်​သည်​ထို​အ​ရပ်​၌​ထာ​ဝ​ရ​ဘု​ရား အ​ဖို့​ယဇ်​ပလ္လင်​တစ်​ခု​တည်​ဆောက်​၍``ထာ​ဝ​ရ ဘု​ရား​သည်​စိတ်​အေး​ချမ်း​ခြင်း​ဖြစ်​တော်​မူ​၏'' ဟူ​သော​အ​မည်​ဖြင့်​မှည့်​ခေါ်​လေ​သည်။ (ထို ယဇ်​ပလ္လင်​သည်​အ​ဗျေ​ဇာ​သား​ချင်း​စု​ပိုင် သြ​ဖ​ရ​ရွာ​၌​ယ​နေ့​တိုင်​အောင်​တည်​ရှိ သ​တည်း။)

25. ထို​ည​၌​ထာ​ဝ​ရ​ဘု​ရား​သည်​ဂိ​ဒေါင်​အား``သင့် ဖ​ခင်​၏​နွား​ထီး​နှင့်​အ​ခြား​ခုနစ်​နှစ်​သား​နွား​ထီး တစ်​ကောင်​ကို​ယူ​လော့။ ဗာ​လ​ဘု​ရား​အ​ဖို့​သင့် ဖ​ခင်​တည်​ဆောက်​ထား​သည့်​ယဇ်​ပလ္လင်​ကို​ဖြို​ချ ပြီး​လျှင် ထို​ယဇ်​ပလ္လင်​၏​အ​နီး​ရှိ​အာ​ရှ​ရ​နတ် သ​မီး​၏​အ​မှတ်​လက္ခ​ဏာ​အ​ဖြစ်​ဖြင့်​စိုက် ထား​သည့်​သစ်​ပင်​တို့​ကို​ခုတ်​လှဲ​ပစ်​လော့။-

26. ဤ​တောင်​ပူ​စာ​ထိပ်​တွင်​သင်​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​အ​တွက် ယဇ်​ပလ္လင်​ကို​အ​ခိုင် အ​မာ​တည်​ဆောက်​လော့။ ထို​နောက်​ဒု​တိ​ယ​နွား ထီး​ကို​ယူ​ပြီး​လျှင်​သင်​ခုတ်​လှဲ​ထား​သည့် အာ ရှ​ရ​နတ်​သ​မီး​၏​အ​မှတ်​လက္ခ​ဏာ​ကို​ထင်း အ​ဖြစ်​အ​သုံး​ပြု​၍​မီး​ရှို့​ပူ​ဇော်​လော့'' ဟု မိန့်​တော်​မူ​၏။-

27. သို့​ဖြစ်​၍​ဂိ​ဒေါင်​သည်​အ​စေ​ခံ​ဆယ်​ယောက် ကို​ခေါ်​၍ မိ​မိ​အား​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော် မူ​သည့်​အ​တိုင်း​ပြု​စေ​သည်။ သူ​သည်​မိ​မိ အိမ်​ထောင်​စု​ဝင်​တို့​ကို​လည်း​ကောင်း၊ မြို့​သူ မြို့​သား​များ​ကို​လည်း​ကောင်း​ကြောက်​သ​ဖြင့် ဤ​အ​မှု​ကို​နေ့​အချိန်​၌​မ​ပြု​ဝံ့​ဘဲ​ည အ​ချိန်​၌​ပြု​၏။

28. နောက်​တစ်​နေ့​နံ​နက်​စော​စော​မြို့​သား​တို့​နိုး​ထ ကြ​သော​အ​ခါ သူ​တို့​သည်​ဗာလ​ဘု​ရား​၏​ယဇ် ပလ္လင်​နှင့်​အာ​ရှ​ရ​နတ်​သ​မီး​၏ အ​မှတ်​လက္ခ ဏာ​သစ်​ပင်​တို့​ပြို​လဲ​လျက်​နေ​သည်​ကို​လည်း ကောင်း၊ ယဇ်​ပလ္လင်​သစ်​တစ်​ခု​ပေါ်​တွင်​ဒု​တိ​ယ နွား​ထီး​ကို မီး​ရှို့​ပူ​ဇော်​ထား​လျက်​ရှိ​သည် ကို​လည်း​ကောင်း​တွေ့​မြင်​ကြ​၏။-

သူ​ကြီး 6