15. ဂိဒေါင်ကလည်း``အို ထာဝရဘုရား၊ အကျွန်ုပ် သည်အဘယ်သို့ဣသရေလအမျိုးသားတို့ ကိုကယ်ဆယ်နိုင်ပါမည်နည်း။ အကျွန်ုပ်၏သား ချင်းစုသည်မနာရှေအနွယ်တွင် အားအနည်း ဆုံးသောသူဖြစ်ပါ၏။ အကျွန်ုပ်သည်လည်း မိမိ၏မိသားစုတွင်အရေးမပါ၊ အရာ မရောက်ဆုံးသောသူဖြစ်ပါသည်'' ဟု ပြန် လည်လျှောက်ထား၏။
16. ထာဝရဘုရားက``ငါသည်သင့်ကိုကူမမည် ဖြစ်၍ ထိုအမှုကိုသင်ပြုနိုင်လိမ့်မည်။ သင်သည် လူတစ်ယောက်တည်းကိုလုပ်ကြံရဘိသကဲ့ သို့ မိဒျန်အမျိုးသားများအားအလွယ် တကူနှိမ်နင်းနိုင်လိမ့်မည်'' ဟုမိန့်တော် မူ၏။
17. ဂိဒေါင်က``အကယ်၍ကိုယ်တော်၏သဘော တော်နှင့်တွေ့မည်ဆိုပါက ကိုယ်တော်သည် အမှန်ပင်ထာဝရဘုရားဖြစ်တော်မူကြောင်း သက်သေခံအထောက်အထားတစ်ခုကိုပြ တော်မူပါ။-
18. ကိုယ်တော်အားဆက်သရန်ပူဇော်သကာကိုယူ ဆောင်လာချိန်တိုင်အောင် ဤအရပ်မှကြွသွား တော်မမူပါနှင့်'' ဟုလျှောက်လေ၏။ကိုယ်တော်ကလည်း``သင်ပြန်လာချိန်တိုင် အောင်ငါရှိနေမည်'' ဟုမိန့်တော်မူ၏။
19. သို့ဖြစ်၍ဂိဒေါင်သည်မိမိအိမ်သို့ပြန်ပြီး လျှင် ဆိတ်ငယ်တစ်ကောင်ကိုချက်ပြုတ်၏။ တဆေးမဲ့မုန့်ညက်တစ်တင်းဖြင့်မုန့်ကို ပြင်ဆင်၏။ ထိုနောက်ဆိတ်သားကိုတောင်း နှင့်လည်းကောင်း၊ ဆိတ်ပြုတ်ရည်ကိုအိုးတစ် လုံး၌လည်းကောင်းထည့်၍ ကောင်းကင်တမန် ရှိရာသပိတ်ပင်အောက်သို့ယူဆောင်လာပြီး လျှင်သူ့အားဆက်လေသည်။-
20. ကောင်းကင်တမန်က``ဆိတ်သားနှင့်မုန့်တို့ကို ယူ၍ဤကျောက်ပေါ်တွင်တင်၍ ဆိတ်ပြုတ် ရည်ဖြင့်သွန်းလောင်းလော့'' ဟုဆို၏။ ဤသို့ ဆိုသည့်အတိုင်းဂိဒေါင်ပြု၏။-