9. ငါ၏စိတ်နှလုံးသည်ဣသရေလစစ်သူကြီး များ ထံသို့လည်းကောင်း၊စေတနာစိတ်နှင့်စစ်ပွဲဝင်ကြသည့်ပြည်သူ များ ထံသို့လည်းကောင်းနူးညွတ်လျက်ရှိပါ၏။ထို့ကြောင့်ထာဝရဘုရား၏ဂုဏ်တော်ကို ချီးမွမ်းကြလော့။
10. ကုန်းနှီးပေါ်တွင်ထိုင်၍မြည်းဖြူကိုစီးကြ သူတို့နှင့် သွားလာလေရာတွင်ခြေလျင်လျှောက်ရသူတို့ဤအကြောင်း အရာကို စဉ်းစားဆင်ခြင်ကြလော့။
11. နားထောင်ကြလော့။ရေတွင်းများပတ်လည်တွင်ဆူညံနေသော လူအုပ်တို့သည်ထာဝရဘုရား၏အောင်ပွဲတော် အကြောင်းကိုလည်းကောင်းဣသရေလအမျိုးသားတို့၏အောင်ပွဲများအကြောင်းကိုလည်းကောင်းပြောကြားလျက်နေ ကြ၏။ထိုအခါထာဝရဘုရား၏လူမျိုးတော်သည် မိမိတို့မြို့များမှချီတက်လာကြ၏။
12. ရှေ့ဆောင်ပါလော့။ အို ဒေဗောရရှေ့ဆောင်ပါလော့။ရှေ့ဆောင်ပါလော့။ သီချင်းဆိုပါလော့။ ရှေ့ဆောင်ပါလော့။အဘိနောင်၏သားဗာရက်ရှေ့သို့ချီတက်ပါလော့။သင်၏သုံ့ပန်းတို့ကိုထုတ်ဆောင်သွားပါလော့။
13. ထိုနောက်သစ္စာရှိသူတို့သည်မိမိတို့၏ ခေါင်းဆောင်များထံသို့လာကြ၏။ထာဝရဘုရား၏လူမျိုးတော်သည်စစ်ပွဲဝင်ရန် အသင့်ပြင်လျက်သူ့ထံသို့လာကြ၏။
14. သူတို့သည်ဗင်္ယာမိန်အနွယ်ဝင်တို့နောက်က လိုက်၍ဧဖရိမ်နယ်မြေမှချိုင့်ဝှမ်းထဲသို့ဆင်းလာ ကြ၏။စစ်သူကြီးများသည်မာခိရအနွယ်ထဲမှ လည်းကောင်းစစ်အရာရှိတို့သည်ဇာဗုလုန်အနွယ် ထဲမှလည်းကောင်းဆင်းလာကြ၏။