16. သူတို့သည်အဘယ်ကြောင့်သိုးများနှင့်အတူ နေရစ်ခဲ့ကြပါသနည်း။သိုးစုများအားသိုးထိန်းတို့ခေါ်သံကို နားထောင်လို၍လော။ရုဗင်အနွယ်ဝင်တို့ညီညွတ်မှုမရှိသည်ကား မှန်၏။ သူတို့သည်မိမိတို့၏စိတ်ကိုမဆုံးဖြတ်နိုင်ကြ။
17. ဂိလဒ်အနွယ်ဝင်တို့သည်ယော်ဒန်မြစ် အရှေ့ဘက်တွင်နေရစ်ကြ၏။ဒန်အနွယ်ဝင်တို့သည်လည်းသင်္ဘောများ အနီးတွင်နေရစ်ကြ၏။အာရှာအနွယ်ဝင်တို့သည်ပင်လယ်ကမ်းခြေ အနီးတွင်နေရစ်ကြလေသည်။
18. သို့ရာတွင်ဇာဗုလုန်နယ်နှင့်နဿလိနယ်မှ လူတို့သည်ကားစစ်မြေပြင်တွင်၊မိမိတို့၏အသက်ကိုပမာဏမပြုဘဲ စွန့်စားကြသတည်း။
19. ရှင်ဘုရင်တို့သည်လာ၍မေဂိဒ္ဒေါချောင်း အနီး တာနက်မြို့၌တိုက်ခိုက်ကြ၏။ခါနာန်ဘုရင်တို့သည်တိုက်ခိုက်ကြသော်လည်း ငွေကိုလုယူခွင့်မရကြ။
20. ကြယ်နက္ခတ်တို့သည်ကောင်းကင်ပြင်မှ တိုက်ခိုက်ကြ၏။သူတို့သည်မိုးကောင်းကင်ကိုဖြတ်သန်းသွားစဉ် သိသရကိုတိုက်ခိုက်ကြ၏။
21. အဟုန်ပြင်းသည့်ကိရှုန်မြစ်သည်ရေလျှံ၍ ရန်သူတို့အားမျောပါသွားစေ၏။ငါချီတက်မည်။ ခွန်အားဗလနှင့်ရှေ့သို့ ချီတက်မည်။
22. ထိုအခါမြင်းတို့သည်ဒုန်းစိုင်း၍မြေကို ခွာနှင့် ပေါက်လျက်လာကြ၏။
23. ထာဝရဘုရား၏ကောင်းကင်တမန်က ``မေရောဇမြို့ကိုကျိန်ဆဲကြလော့။ထိုမြို့သားတို့အားကျိန်ဆဲကြလော့။သူတို့သည်ထာဝရဘုရား၏ဘက်မှ ကူညီရန်မလာကြ။ထာဝရဘုရားအတွက်တိုက်ခိုက်ရန်စစ်သည်တော်များမလာကြ'' ဟုမြွက်ဆို၏။
24. ကေနိအမျိုးသားဟေဗာ၏ဇနီးယေလသည်တဲရှင်တွင်နေထိုင်သူ၊အမျိုးသမီးတို့အနက် မင်္ဂလာအရှိဆုံးဖြစ်၏။