သူ​ကြီး 5:13-23 Common Language Bible (BCL)

13. ထို​နောက်​သစ္စာ​ရှိ​သူ​တို့​သည်​မိ​မိ​တို့​၏ ခေါင်း​ဆောင်​များ​ထံ​သို့​လာ​ကြ​၏။ထာ​ဝ​ရ​ဘု​ရား​၏​လူ​မျိုး​တော်​သည်​စစ်​ပွဲ​ဝင်​ရန် အ​သင့်​ပြင်​လျက်​သူ့​ထံ​သို့​လာ​ကြ​၏။

14. သူ​တို့​သည်​ဗင်္ယာ​မိန်​အ​နွယ်​ဝင်​တို့​နောက်​က လိုက်​၍ဧ​ဖ​ရိမ်​နယ်​မြေ​မှ​ချိုင့်​ဝှမ်း​ထဲ​သို့​ဆင်း​လာ ကြ​၏။စစ်​သူ​ကြီး​များ​သည်​မာ​ခိ​ရ​အ​နွယ်​ထဲ​မှ လည်း​ကောင်းစစ်​အ​ရာ​ရှိ​တို့​သည်​ဇာ​ဗု​လုန်​အ​နွယ် ထဲ​မှ​လည်း​ကောင်း​ဆင်း​လာ​ကြ​၏။

15. ဣ​သ​ခါ​အ​နွယ်​ဝင်​တို့​၏​ခေါင်း​ဆောင်​များ သည် ဒေ​ဗော​ရ​နှင့်​အ​တူ​လိုက်​ပါ​လာ​ကြ​၏။ဣ​သ​ခါ​အ​နွယ်​ဝင်​တို့​သည်​ဗာ​ရက်​နှင့်​အ​တူ လိုက်​လာ​ကြ​၏။သူ​တို့​သည်​ဗာ​ရက်​နှင့်​အ​တူ​လိုက်​၍ ချိုင့်​ထဲ​သို့​ဆင်း​ခဲ့​ကြ​၏။ရု​ဗင်​အ​နွယ်​ဝင်​တို့​မူ​ကား​ညီ​ညွတ်​မှု​မ​ရှိ​သဖြင့် လိုက်​ပါ​လာ​ရန်​မိ​မိ​တို့​စိတ်​ကို​မ​ဆုံး​ဖြတ်​နိုင်​ကြ။

16. သူ​တို့​သည်​အ​ဘယ်​ကြောင့်​သိုး​များ​နှင့်​အ​တူ နေ​ရစ်​ခဲ့​ကြ​ပါ​သ​နည်း။သိုး​စု​များ​အား​သိုး​ထိန်း​တို့​ခေါ်​သံ​ကို နား​ထောင်​လို​၍​လော။ရု​ဗင်​အ​နွယ်​ဝင်​တို့​ညီ​ညွတ်​မှု​မ​ရှိ​သည်​ကား မှန်​၏။ သူ​တို့​သည်​မိ​မိ​တို့​၏​စိတ်​ကို​မ​ဆုံး​ဖြတ်​နိုင်​ကြ။

17. ဂိ​လဒ်​အ​နွယ်​ဝင်​တို့​သည်​ယော်​ဒန်​မြစ် အ​ရှေ့​ဘက်​တွင်​နေ​ရစ်​ကြ​၏။ဒန်​အ​နွယ်​ဝင်​တို့​သည်​လည်း​သင်္ဘော​များ အ​နီး​တွင်​နေ​ရစ်​ကြ​၏။အာ​ရှာ​အ​နွယ်​ဝင်​တို့​သည်​ပင်​လယ်​ကမ်း​ခြေ အ​နီး​တွင်​နေ​ရစ်​ကြ​လေ​သည်။

18. သို့​ရာ​တွင်​ဇာ​ဗု​လုန်​နယ်​နှင့်​န​ဿ​လိ​နယ်​မှ လူ​တို့​သည်​ကား​စစ်​မြေ​ပြင်​တွင်၊မိ​မိ​တို့​၏​အ​သက်​ကို​ပ​မာ​ဏ​မ​ပြု​ဘဲ စွန့်​စား​ကြ​သ​တည်း။

19. ရှင်​ဘု​ရင်​တို့​သည်​လာ​၍​မေ​ဂိဒ္ဒေါ​ချောင်း အ​နီး တာ​နက်​မြို့​၌​တိုက်​ခိုက်​ကြ​၏။ခါ​နာန်​ဘု​ရင်​တို့​သည်​တိုက်​ခိုက်​ကြ​သော်​လည်း ငွေ​ကို​လု​ယူ​ခွင့်​မ​ရ​ကြ။

20. ကြယ်​နက္ခတ်​တို့​သည်​ကောင်း​ကင်​ပြင်​မှ တိုက်​ခိုက်​ကြ​၏။သူ​တို့​သည်​မိုး​ကောင်း​ကင်​ကို​ဖြတ်​သန်း​သွား​စဉ် သိ​သ​ရ​ကို​တိုက်​ခိုက်​ကြ​၏။

21. အ​ဟုန်​ပြင်း​သည့်​ကိ​ရှုန်​မြစ်​သည်​ရေ​လျှံ​၍ ရန်​သူ​တို့​အား​မျော​ပါ​သွား​စေ​၏။ငါ​ချီ​တက်​မည်။ ခွန်​အား​ဗ​လ​နှင့်​ရှေ့​သို့ ချီ​တက်​မည်။

22. ထို​အ​ခါ​မြင်း​တို့​သည်​ဒုန်း​စိုင်း​၍​မြေ​ကို ခွာ​နှင့် ပေါက်​လျက်​လာ​ကြ​၏။

23. ထာ​ဝ​ရ​ဘု​ရား​၏​ကောင်း​ကင်​တ​မန်​က ``မေ​ရော​ဇ​မြို့​ကို​ကျိန်​ဆဲ​ကြ​လော့။ထို​မြို့​သား​တို့​အား​ကျိန်​ဆဲ​ကြ​လော့။သူ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​၏​ဘက်​မှ ကူ​ညီ​ရန်​မ​လာ​ကြ။ထာ​ဝ​ရ​ဘု​ရား​အ​တွက်​တိုက်​ခိုက်​ရန်စစ်​သည်​တော်​များ​မ​လာ​ကြ'' ဟု​မြွက်​ဆို​၏။

သူ​ကြီး 5