10. ကုန်းနှီးပေါ်တွင်ထိုင်၍မြည်းဖြူကိုစီးကြ သူတို့နှင့် သွားလာလေရာတွင်ခြေလျင်လျှောက်ရသူတို့ဤအကြောင်း အရာကို စဉ်းစားဆင်ခြင်ကြလော့။
11. နားထောင်ကြလော့။ရေတွင်းများပတ်လည်တွင်ဆူညံနေသော လူအုပ်တို့သည်ထာဝရဘုရား၏အောင်ပွဲတော် အကြောင်းကိုလည်းကောင်းဣသရေလအမျိုးသားတို့၏အောင်ပွဲများအကြောင်းကိုလည်းကောင်းပြောကြားလျက်နေ ကြ၏။ထိုအခါထာဝရဘုရား၏လူမျိုးတော်သည် မိမိတို့မြို့များမှချီတက်လာကြ၏။
12. ရှေ့ဆောင်ပါလော့။ အို ဒေဗောရရှေ့ဆောင်ပါလော့။ရှေ့ဆောင်ပါလော့။ သီချင်းဆိုပါလော့။ ရှေ့ဆောင်ပါလော့။အဘိနောင်၏သားဗာရက်ရှေ့သို့ချီတက်ပါလော့။သင်၏သုံ့ပန်းတို့ကိုထုတ်ဆောင်သွားပါလော့။
13. ထိုနောက်သစ္စာရှိသူတို့သည်မိမိတို့၏ ခေါင်းဆောင်များထံသို့လာကြ၏။ထာဝရဘုရား၏လူမျိုးတော်သည်စစ်ပွဲဝင်ရန် အသင့်ပြင်လျက်သူ့ထံသို့လာကြ၏။
14. သူတို့သည်ဗင်္ယာမိန်အနွယ်ဝင်တို့နောက်က လိုက်၍ဧဖရိမ်နယ်မြေမှချိုင့်ဝှမ်းထဲသို့ဆင်းလာ ကြ၏။စစ်သူကြီးများသည်မာခိရအနွယ်ထဲမှ လည်းကောင်းစစ်အရာရှိတို့သည်ဇာဗုလုန်အနွယ် ထဲမှလည်းကောင်းဆင်းလာကြ၏။
15. ဣသခါအနွယ်ဝင်တို့၏ခေါင်းဆောင်များ သည် ဒေဗောရနှင့်အတူလိုက်ပါလာကြ၏။ဣသခါအနွယ်ဝင်တို့သည်ဗာရက်နှင့်အတူ လိုက်လာကြ၏။သူတို့သည်ဗာရက်နှင့်အတူလိုက်၍ ချိုင့်ထဲသို့ဆင်းခဲ့ကြ၏။ရုဗင်အနွယ်ဝင်တို့မူကားညီညွတ်မှုမရှိသဖြင့် လိုက်ပါလာရန်မိမိတို့စိတ်ကိုမဆုံးဖြတ်နိုင်ကြ။
16. သူတို့သည်အဘယ်ကြောင့်သိုးများနှင့်အတူ နေရစ်ခဲ့ကြပါသနည်း။သိုးစုများအားသိုးထိန်းတို့ခေါ်သံကို နားထောင်လို၍လော။ရုဗင်အနွယ်ဝင်တို့ညီညွတ်မှုမရှိသည်ကား မှန်၏။ သူတို့သည်မိမိတို့၏စိတ်ကိုမဆုံးဖြတ်နိုင်ကြ။
17. ဂိလဒ်အနွယ်ဝင်တို့သည်ယော်ဒန်မြစ် အရှေ့ဘက်တွင်နေရစ်ကြ၏။ဒန်အနွယ်ဝင်တို့သည်လည်းသင်္ဘောများ အနီးတွင်နေရစ်ကြ၏။အာရှာအနွယ်ဝင်တို့သည်ပင်လယ်ကမ်းခြေ အနီးတွင်နေရစ်ကြလေသည်။
18. သို့ရာတွင်ဇာဗုလုန်နယ်နှင့်နဿလိနယ်မှ လူတို့သည်ကားစစ်မြေပြင်တွင်၊မိမိတို့၏အသက်ကိုပမာဏမပြုဘဲ စွန့်စားကြသတည်း။
19. ရှင်ဘုရင်တို့သည်လာ၍မေဂိဒ္ဒေါချောင်း အနီး တာနက်မြို့၌တိုက်ခိုက်ကြ၏။ခါနာန်ဘုရင်တို့သည်တိုက်ခိုက်ကြသော်လည်း ငွေကိုလုယူခွင့်မရကြ။
20. ကြယ်နက္ခတ်တို့သည်ကောင်းကင်ပြင်မှ တိုက်ခိုက်ကြ၏။သူတို့သည်မိုးကောင်းကင်ကိုဖြတ်သန်းသွားစဉ် သိသရကိုတိုက်ခိုက်ကြ၏။