4. ထိုအခါလဝိဒုတ်၏ဇနီးဒေဗောရသည် ပရောဖက်မဖြစ်၍ ဣသရေလအမျိုးသား တို့အတွက်တရားသူကြီးတစ်ဦးအဖြစ် အမှုထမ်းလျက်နေ၏။-
5. သူသည်ဧဖရိမ်တောင်ကုန်းဒေသတွင်ရာမ မြို့နှင့် ဗေသလမြို့စပ်ကြားရှိစွန်ပလွံပင် အောက်၌ထိုင်၍နေလေ့ရှိ၏။ ဣသရေလ အမျိုးသားတို့သည်လည်းအဆုံးအဖြတ် ကိုခံယူရန် ထိုအရပ်သို့သွားရောက်လေ့ ရှိကြ၏။-
6. တစ်နေ့သ၌သူသည်နဿလိနယ်မြေ၊ ကေ ဒေရှမြို့မှအဘိနောင်၏သားဗာရက်ကို ခေါ်ပြီးလျှင်``ဣသရေလအမျိုးသားတို့ဘုရားသခင်ထာဝရဘုရားက`သင်သည်နဿလိ အနွယ်နှင့် ဇာဗုလုန်အနွယ်မှလူပေါင်းတစ် သောင်းကိုခေါ်ယူကာတာဗော်တောင်သို့ သွားရမည်။-
7. သင့်ကိုတိုက်ခိုက်စေရန်ရာဘိန်မင်း၏စစ်သူ ကြီးသိသရကိုကိရှုန်မြစ်သို့ငါခေါ်ဆောင် ခဲ့မည်။ သူ၏ထံတွင်ရထားများနှင့်စစ်သည် ဗိုလ်ပါများပါရှိလိမ့်မည်။ သို့ရာတွင်ငါသည် သင့်အားသူ့ကိုနိုင်နင်းအောင်မြင်စေမည်' ဟု သင့်အားမိန့်တော်မူလေပြီ'' ဟုပြော၏။
8. ထိုအခါဗာရက်က``အကယ်၍အကျွန်ုပ်နှင့် အတူ အရှင်လိုက်မည်ဆိုလျှင်အကျွန်ုပ်သွား ပါမည်။ အရှင်မလိုက်လိုပါကအကျွန်ုပ် လည်းမသွားလိုပါ'' ဟုဆို၏။
9. ဒေဗောရကလည်း``ကောင်းပြီ၊ သင်နှင့်အတူ ငါလိုက်ပါအံ့။ သို့ရာတွင်သင်သည်ထိုအောင် ပွဲနှင့်ဆိုင်သောဂုဏ်အသရေကိုရရှိလိမ့် မည်မဟုတ်။ အဘယ်ကြောင့်ဆိုသော်ထာဝရ ဘုရားသည်သိသရကိုအမျိုးသမီးလက် သို့ပေးအပ်တော်မူလိမ့်မည်ဖြစ်သောကြောင့် တည်း'' ဟုဆို၏။ သို့ဖြစ်၍ဒေဗောရသည် ဗာရက်နှင့်အတူကိရှန်မြစ်သို့ထွက်ခွာ သွား၏။-
10. ဗာရက်သည်နဿလိအနွယ်ဝင်နှင့်ဇာဗုလုန် အနွယ်ဝင်တို့ကို ကေဒေရှမြို့သို့ခေါ်ယူရာ သူ၏နောက်သို့လူပေါင်းတစ်သောင်းလိုက်ကြ ၏။ ဒေဗောရသည်လည်းသူနှင့်အတူလိုက် လေသည်။