21. သိသရသည်အလွန်မောပန်းသဖြင့်အိပ် ပျော်သွားလေသည်။ ထိုအခါယေလသည်တူ တစ်လက်နှင့်တဲရှင်ငုတ်ချွန်တစ်ချောင်းကိုယူ၍ သူ့ထံသို့တိတ်ဆိတ်စွာသွားပြီးလျှင်ငုတ် ချွန်ကိုမြေ၌စွဲသည်တိုင်အောင်သူ၏နား ထင်သို့ရိုက်သွင်းလိုက်လေသည်။-
22. သိသရအားရှာဖွေရန်ဗာရက်ရောက်ရှိလာ သောအခါ ယေလသည်ထွက်၍ခရီးဦးကြို ပြုလျက်``တဲထဲသို့ဝင်ပါ။ သင်ရှာဖွေနေသူ အားကျွန်မပြပါမည်'' ဟုပြော၏။ ဗာရက် သည်ယေလနှင့်အတူတဲထဲသို့ဝင်လိုက် သောအခါနားထင်တွင်တဲရှင်ငုတ်ချွန်စိုက် ၍သေနေသူသိသရကိုတွေ့မြင်ရတော့၏။
23. ထိုနေ့၌ထာဝရဘုရားသည်ခါနာန်ဘုရင် ယာဘိန်၏အပေါ်၌ ဣသရေလအမျိုးသား တို့အားအောင်ပွဲခံစေတော်မူသတည်း။-
24. သူတို့သည်ထိုဘုရင်အားဆုံးရှုံးပျက်စီးသွား သည့်တိုင်အောင်တိုး၍တိုး၍ပြင်းပြင်းထန် ထန်တိုက်ခိုက်ကြ၏။