သူ​ကြီး 4:20-24 Common Language Bible (BCL)

20. ထို​နောက်​သိ​သ​ရ​က``သင်​သည်​တဲ​တံ​ခါး​ဝ ၌​စောင့်​နေ​ပါ​လော့။ အ​ကယ်​၍​တဲ​ထဲ​တွင်​လူ တစ်​စုံ​တစ်​ယောက်​ရှိ​ပါ​သ​လော​ဟု​မေး​မြန်း လာ​သူ​ရှိ​ပါ​က`မ​ရှိ​ပါ' ဟု​ပြန်​ပြော​ပါ လေ'' ဟု​ယေ​လ​အား​မှာ​ထား​လိုက်​၏။

21. သိ​သ​ရ​သည်​အ​လွန်​မော​ပန်း​သ​ဖြင့်​အိပ် ပျော်​သွား​လေ​သည်။ ထို​အ​ခါ​ယေ​လ​သည်​တူ တစ်​လက်​နှင့်​တဲ​ရှင်​ငုတ်​ချွန်​တစ်​ချောင်း​ကို​ယူ​၍ သူ့​ထံ​သို့​တိတ်​ဆိတ်​စွာ​သွား​ပြီး​လျှင်​ငုတ် ချွန်​ကို​မြေ​၌​စွဲ​သည်​တိုင်​အောင်​သူ​၏​နား ထင်​သို့​ရိုက်​သွင်း​လိုက်​လေ​သည်။-

22. သိ​သ​ရ​အား​ရှာ​ဖွေ​ရန်​ဗာ​ရက်​ရောက်​ရှိ​လာ သော​အ​ခါ ယေ​လ​သည်​ထွက်​၍​ခ​ရီး​ဦး​ကြို ပြု​လျက်``တဲ​ထဲ​သို့​ဝင်​ပါ။ သင်​ရှာ​ဖွေ​နေ​သူ အား​ကျွန်​မ​ပြ​ပါ​မည်'' ဟု​ပြော​၏။ ဗာ​ရက် သည်​ယေ​လ​နှင့်​အ​တူ​တဲ​ထဲ​သို့​ဝင်​လိုက် သော​အ​ခါ​နား​ထင်​တွင်​တဲ​ရှင်​ငုတ်​ချွန်​စိုက် ၍​သေ​နေ​သူ​သိ​သ​ရ​ကို​တွေ့​မြင်​ရ​တော့​၏။

23. ထို​နေ့​၌​ထာ​ဝ​ရ​ဘု​ရား​သည်​ခါ​နာန်​ဘု​ရင် ယာ​ဘိန်​၏​အ​ပေါ်​၌ ဣ​သ​ရေ​လ​အ​မျိုး​သား တို့​အား​အောင်​ပွဲ​ခံ​စေ​တော်​မူ​သ​တည်း။-

24. သူ​တို့​သည်​ထို​ဘုရင်​အား​ဆုံး​ရှုံး​ပျက်​စီး​သွား သည့်​တိုင်​အောင်​တိုး​၍​တိုး​၍​ပြင်း​ပြင်း​ထန် ထန်​တိုက်​ခိုက်​ကြ​၏။

သူ​ကြီး 4