14. ထိုအခါဒေဗောရကဗာရက်အား``သင်သွား လော့။ ထာဝရဘုရားသည်သင့်အားရှေ့ဆောင် လျက်နေတော်မူပြီ။ ယနေ့၌ပင်ကိုယ်တော် သည်သင့်အားသိသရအပေါ်တွင်အောင်ပွဲ ခံစေတော်မူလေပြီ'' ဟုပြော၏။ သို့ဖြစ်၍ ဗာရက်သည်မိမိ၏လူတစ်သောင်းနှင့်အတူ တာဗော်တောင်မှဆင်းပြီးနောက်၊-
15. ရန်သူကိုတိုက်ခိုက်ရာထာဝရဘုရားသည် သိသရ၏သံရထားများနှင့်တပ်သားတို့ ကိုကစဥ့်ကရဲဖြစ်စေတော်မူသဖြင့် သိသရ သည်မိမိရထားမှဆင်း၍ခြေလျင်ထွက် ပြေးလေ၏။-
16. ဗာရက်သည်လည်းသူ၏ရထားများနှင့်တပ် သားတို့ကို လူမျိုးခြားတို့နေရာဟာရောရှက် မြို့သို့တိုင်အောင်လိုက်လံတိုက်ခိုက်ရာ သိသရ ၏တပ်သားတို့သည်တစ်ယောက်မျှမကျန် သေဆုံးကြကုန်၏။
17. သိသရသည်ကေနိအမျိုးသားဟေဗာ ၏ဇနီးယေလ၏တဲသို့ထွက်ပြေးသွားလေ သည်။ အဘယ်ကြောင့်ဆိုသော်ဟာဇော်ဘုရင် ယာဘိန်နှင့်ဟေဗာ၏မိသားစုသင့်မြတ် မှုရှိသောကြောင့်ဖြစ်၏။-
18. ယေလသည်ထွက်၍သိသရအား``ကြွတော် မူပါ။ ကျွန်တော်မတဲထဲသို့ဝင်တော်မူပါ။ ကြောက်လန့်တော်မမူပါနှင့်'' ဟုဖိတ်ခေါ် လေသည်။ သို့ဖြစ်၍စစ်သူကြီးသည်တဲထဲ သို့ဝင်လေသော်ယေလသည်သူ့အားကန့်လန့် ကာတစ်ခု၏နောက်တွင်ကွယ်ဝှက်၍ထား၏။-
19. သူကလည်း``ငါရေငတ်သည်၊ ရေတစ်ပေါက် လောက်သောက်ပါရစေ'' ဟုယေလအားပြော လျှင်ယေလသည်နွားနို့ထည့်ထားသော သားရေဘူးကိုဖွင့်၍ နို့တစ်ခွက်ကိုပေးပြီး နောက်သူ့အားပြန်၍ဝှက်ထားလေသည်။-
20. ထိုနောက်သိသရက``သင်သည်တဲတံခါးဝ ၌စောင့်နေပါလော့။ အကယ်၍တဲထဲတွင်လူ တစ်စုံတစ်ယောက်ရှိပါသလောဟုမေးမြန်း လာသူရှိပါက`မရှိပါ' ဟုပြန်ပြောပါ လေ'' ဟုယေလအားမှာထားလိုက်၏။
21. သိသရသည်အလွန်မောပန်းသဖြင့်အိပ် ပျော်သွားလေသည်။ ထိုအခါယေလသည်တူ တစ်လက်နှင့်တဲရှင်ငုတ်ချွန်တစ်ချောင်းကိုယူ၍ သူ့ထံသို့တိတ်ဆိတ်စွာသွားပြီးလျှင်ငုတ် ချွန်ကိုမြေ၌စွဲသည်တိုင်အောင်သူ၏နား ထင်သို့ရိုက်သွင်းလိုက်လေသည်။-