သူ​ကြီး 4:1-6 Common Language Bible (BCL)

1. ဧ​ဟု​ဒ​သေ​လွန်​ပြီး​နောက်​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​သည် ထာ​ဝ​ရ​ဘု​ရား အား​တစ်​ဖန်​ပြစ်​မှား​ကြ​ပြန်​၏။-

2. သို့​ဖြစ်​၍​ထာ​ဝ​ရ​ဘု​ရား​သည်​ဟာ​ဇာ​မြို့ ၌​မင်း​ပြု​သူ​ခါ​နာန်​ဘု​ရင်​ရာ​ဘိန်​အား သူ​တို့ ကို​တိုက်​ခိုက်​အောင်​မြင်​စေ​တော်​မူ​၏။ ထို​မင်း ၏​စစ်​သူ​ကြီး​မှာ​လူ​မျိုး​ခြား​တို့​နေ​ရာ၊ ဟာ ရော​ရှက်​မြို့​သား​သိ​သ​ရ​ဖြစ်​၏။-

3. ရာ​ဘိန်​မင်း​ထံ​တွင်​သံ​ရ​ထား​ကိုး​ရာ​ရှိ​၏။ သူ သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​အ​နှစ် နှစ်​ဆယ်​တိုင်​တိုင် အ​ကြမ်း​ဖက်​၍​ရက်​စက်​စွာ အုပ်​စိုး​လေ​သည်။ ထို​အ​ခါ​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့ ကူ​မ​တော်​မူ​ရန်​ဟစ်​အော်​ကြ​ကုန်​၏။

4. ထို​အ​ခါ​လ​ဝိ​ဒုတ်​၏​ဇ​နီး​ဒေ​ဗော​ရ​သည် ပ​ရော​ဖက်​မ​ဖြစ်​၍ ဣ​သ​ရေ​လ​အ​မျိုး​သား တို့​အ​တွက်​တ​ရား​သူ​ကြီး​တစ်​ဦး​အ​ဖြစ် အ​မှု​ထမ်း​လျက်​နေ​၏။-

5. သူ​သည်​ဧ​ဖ​ရိမ်​တောင်​ကုန်း​ဒေ​သ​တွင်​ရာ​မ မြို့​နှင့် ဗေ​သ​လ​မြို့​စပ်​ကြား​ရှိ​စွန်​ပ​လွံ​ပင် အောက်​၌​ထိုင်​၍​နေ​လေ့​ရှိ​၏။ ဣ​သ​ရေ​လ အ​မျိုး​သား​တို့​သည်​လည်း​အ​ဆုံး​အ​ဖြတ် ကို​ခံ​ယူ​ရန် ထို​အ​ရပ်​သို့​သွား​ရောက်​လေ့ ရှိ​ကြ​၏။-

6. တစ်​နေ့​သ​၌​သူ​သည်​န​ဿ​လိ​နယ်​မြေ၊ ကေ ဒေ​ရှ​မြို့​မှ​အ​ဘိ​နောင်​၏​သား​ဗာ​ရက်​ကို ခေါ်​ပြီး​လျှင်``ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​က`သင်​သည်​န​ဿ​လိ အ​နွယ်​နှင့် ဇာ​ဗု​လုန်​အ​နွယ်​မှ​လူ​ပေါင်း​တစ် သောင်း​ကို​ခေါ်​ယူ​ကာ​တာ​ဗော်​တောင်​သို့ သွား​ရ​မည်။-

သူ​ကြီး 4