သူ​ကြီး 3:27-31 Common Language Bible (BCL)

27. သူ​သည်​ဧ​ဖ​ရိမ်​တောင်​ကုန်း​ဒေ​သ​သို့​ရောက် သော​အ​ခါ​တိုက်​ပွဲ​ဝင်​ရန်​တံ​ပိုး​ခ​ရာ​မှုတ် လိုက်​ရာ​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် သူ့​နောက်​သို့​လိုက်​၍​တောင်​ကုန်း​များ​ပေါ် မှ​ဆင်း​လာ​ကြ​၏။-

28. သူ​က``ငါ့​နောက်​သို့​လိုက်​ကြ​လော့။ ထာ​ဝ​ရ ဘု​ရား​သည်​သင်​တို့​အား​ရန်​သူ​ဖြစ်​သော မော​ဘ​အ​မျိုး​သား​တို့​အ​ပေါ်​၌​အောင်​ပွဲ ခံ​စေ​တော်​မူ​ပြီ'' ဟု​သူ​တို့​အား​ပြော​လေ သည်။ သို့​ဖြစ်​၍​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​သည်​တောင်​ကုန်း​ပေါ်​မှ​ဆင်း​၍ ဧ​ဟု​ဒ​၏ နောက်​သို့​လိုက်​ပြီး​လျှင်​မော​ဘ​အ​မျိုး​သား တို့​ကူး​ရာ​ယော်​ဒန်​မြစ်​ကူး​ဆိပ်​ကို​သိမ်း ယူ​ကြ​လေ​သည်။ ရန်​သူ​တို့​တစ်​ယောက်​မျှ မြစ်​ကို​ကူး​ခွင့်​မ​ရ​ကြ။-

29. ထို​နေ့​၌​မော​ဘ​အ​မျိုး​သား​လက်​ရွေး​စင်​စစ် သည် တစ်​သောင်း​မျှ​သုတ်​သင်​ခြင်း​ကို​ခံ​ရ​ကြ ၏။ သူ​တို့​တစ်​ယောက်​မျှ​မ​လွတ်​မြောက်​ပေ။-

30. ထို​နေ့​၌​မော​ဘ​အ​မျိုး​သား​တို့​အား​ဣ​သ ရေ​လ​အ​မျိုး​သား​တို့​က​နှိမ်​နင်း​အောင်​မြင် ပြီး​နောက် တိုင်း​ပြည်​တွင်​နှစ်​ပေါင်း​ရှစ်​ဆယ် တိုင်​ငြိမ်း​ချမ်း​သာ​ယာ​လျက်​နေ​သ​တည်း။

31. ထို​နောက်​ပေါ်​ထွန်း​လာ​သော​ခေါင်း​ဆောင်​မှာ အာ​နတ်​၏​သား​ရှံ​ဂါ​ဖြစ်​၏။ သူ​သည်​ဖိ​လိတ္တိ အ​မျိုး​သား​ခြောက်​ရာ​ကို​တုတ်​ချွန်​တစ်​ချောင်း ဖြင့်​သတ်​၍ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ကယ်​ဆယ်​ခဲ့​လေ​သည်။

သူ​ကြီး 3