16. ဧဟုဒသည်တစ်ပေခွဲခန့်ရှိသောသံလျက် တစ်လက်ကိုပြုလုပ်ပြီးလျှင် ညာဘက်ပေါင် အဝတ်အစားများအောက်တွင်ချည်နှောင် ထား၏။-
17. ထိုနောက်လက်ဆောင်ပဏ္ဏာများကိုလူဝကြီး ဧဂလုန်ထံသို့ယူဆောင်သွားလေသည်။-
18. ဧဟုဒသည်ထိုလက်ဆောင်ပဏ္ဏာများကို ဆက်သပြီးသောအခါ ယင်းတို့ကိုသယ် ဆောင်လာသူတို့အားအိမ်သို့ပြန်စေ၏။-
19. သူမူကားဂိလဂါလမြို့အနီး၌ရှိသော ကျောက်ရုပ်တုများရှိရာမှပြန်လာ၍ဧဂ လုန်ကို``မင်းကြီးအားလျှောက်ထားရန်လျှို့ဝှက် သတင်းရှိပါသည်'' ဟုလျှောက်၏။ သို့ဖြစ်၍ မင်းကြီးသည်ကျေးကျွန်တို့အား``ငါတို့နှစ် ဦးတည်းပြောစရာရှိ၍ထွက်သွားကြလော့'' ဟုအမိန့်ပေးသဖြင့်ကျေးကျွန်အပေါင်း တို့သည်အပြင်သို့ထွက်သွားကြလေသည်။
20. မင်းကြီးသည်နွေနန်းဆောင်၌တစ်ကိုယ်တည်း ထိုင်လျက်နေစဉ် ဧဟုဒသည်ဘုရင်၏အနီး သို့သွားပြီးလျှင်``အရှင်မင်းကြီးအတွက် ဘုရားသခင်ထံမှအမိန့်တော်ရှိပါသည်'' ဟုဆို၏။ မင်းကြီးသည်လည်းမတ်တတ် ထတော်မူ၏။-
21. ထိုအခါဧဟုဒသည်မိမိဘယ်လက်ဖြင့် ညာပေါင်တွင်ချည်နှောင်ထားသောသံလျက် ကိုယူ၍မင်းကြီး၏ဝမ်းဗိုက်ကိုထိုးလိုက် ရာ၊-
22. သန်လျက်သည်လက်ကိုင်ရိုးနှင့်တကွမြုပ်ဝင် သွားပြီးလျှင် အဆီများဖြင့်ဖုံးအုပ်သွားလေ သည်။ ဧဟုဒသည်ထိုသန်လျက်ကိုဆွဲမနုတ် ချေ။ သန်လျက်သည်မင်းကြီး၏နောက်ဘက် တွင်ပေါင်နှစ်လုံးကြားမှထိုးထွက်လျက်နေ တော့၏။-
23. ထိုနောက်ဧဟုဒသည်အပြင်သို့ထွက်၍ တံခါးများကိုသော့ခတ်ပြီးလျှင်၊-
24. ထွက်ခွာသွားလေသည်။ ကျေးကျွန်များပြန် လာကြသောအခါ နန်းတော်တံခါးများ သော့ခတ်လျက်ထားသည်ကိုတွေ့မြင်ရကြ ၏။ သို့ရာတွင်သူတို့သည်နန်းတွင်း၌ မင်း ကြီးအခင်းသွားနေသည်ဟူ၍သာလျှင် ထင်မှတ်ကြလေသည်။-
25. အပြင်တွင်စောင့်ဆိုင်းသင့်သမျှစောင့်ဆိုင်းနေ သော်လည်း မင်းကြီးသည်တံခါးကိုမဖွင့်ဘဲ နေသေးသဖြင့် သူတို့သည်သော့ကိုယူ၍ဖွင့် လိုက်ကြ၏။ ထိုအခါမိမိတို့၏အရှင်မှာ ကြမ်းပြင်ပေါ်တွင်လဲလျက်သေနေသည် ကိုတွေ့မြင်ကြလေသည်။
26. ဧဟုဒသည်ယင်းသို့ထိုသူတို့စောင့်ဆိုင်းနေ ကြစဉ်အတွင်း၌ထွက်ပြေးသွားလေသည်။ သူသည်ကျောက်ရုပ်တုတို့ကိုကျော်လွန်ကာ စိရပ်ရွာသို့လွတ်မြောက်သွားလေ၏။-