14. ဣသရေလအမျိုးသားတို့သည်တစ်ဆယ့် ရှစ်နှစ်ပတ်လုံးဧဂလုန်ထံ၌ကျွန်ခံရကြ လေသည်။
15. ထိုနောက်ဣသရေလအမျိုးသားတို့သည် ထာဝရဘုရားထံတော်သို့ဟစ်အော်ကြ သောအခါ ကိုယ်တော်သည်သူတို့ကိုကယ် ဆယ်မည့်သူတစ်ဦးကိုစေလွှတ်တော်မူ၏။ ထိုသူသည်ဗင်္ယာမိန်အနွယ်ဝင်ဂေရ၏သား၊ ဘယ်သန်သူဧဟုဒဖြစ်၏။ ဣသရေလ အမျိုးသားတို့သည်ဧဟုဒအားမောဘ ဘုရင်ဧဂလုန်ထံသို့လက်ဆောင်ပဏ္ဏာ များနှင့်အတူစေလွှတ်လိုက်ကြ၏။-
16. ဧဟုဒသည်တစ်ပေခွဲခန့်ရှိသောသံလျက် တစ်လက်ကိုပြုလုပ်ပြီးလျှင် ညာဘက်ပေါင် အဝတ်အစားများအောက်တွင်ချည်နှောင် ထား၏။-
17. ထိုနောက်လက်ဆောင်ပဏ္ဏာများကိုလူဝကြီး ဧဂလုန်ထံသို့ယူဆောင်သွားလေသည်။-
18. ဧဟုဒသည်ထိုလက်ဆောင်ပဏ္ဏာများကို ဆက်သပြီးသောအခါ ယင်းတို့ကိုသယ် ဆောင်လာသူတို့အားအိမ်သို့ပြန်စေ၏။-
19. သူမူကားဂိလဂါလမြို့အနီး၌ရှိသော ကျောက်ရုပ်တုများရှိရာမှပြန်လာ၍ဧဂ လုန်ကို``မင်းကြီးအားလျှောက်ထားရန်လျှို့ဝှက် သတင်းရှိပါသည်'' ဟုလျှောက်၏။ သို့ဖြစ်၍ မင်းကြီးသည်ကျေးကျွန်တို့အား``ငါတို့နှစ် ဦးတည်းပြောစရာရှိ၍ထွက်သွားကြလော့'' ဟုအမိန့်ပေးသဖြင့်ကျေးကျွန်အပေါင်း တို့သည်အပြင်သို့ထွက်သွားကြလေသည်။
20. မင်းကြီးသည်နွေနန်းဆောင်၌တစ်ကိုယ်တည်း ထိုင်လျက်နေစဉ် ဧဟုဒသည်ဘုရင်၏အနီး သို့သွားပြီးလျှင်``အရှင်မင်းကြီးအတွက် ဘုရားသခင်ထံမှအမိန့်တော်ရှိပါသည်'' ဟုဆို၏။ မင်းကြီးသည်လည်းမတ်တတ် ထတော်မူ၏။-
21. ထိုအခါဧဟုဒသည်မိမိဘယ်လက်ဖြင့် ညာပေါင်တွင်ချည်နှောင်ထားသောသံလျက် ကိုယူ၍မင်းကြီး၏ဝမ်းဗိုက်ကိုထိုးလိုက် ရာ၊-
22. သန်လျက်သည်လက်ကိုင်ရိုးနှင့်တကွမြုပ်ဝင် သွားပြီးလျှင် အဆီများဖြင့်ဖုံးအုပ်သွားလေ သည်။ ဧဟုဒသည်ထိုသန်လျက်ကိုဆွဲမနုတ် ချေ။ သန်လျက်သည်မင်းကြီး၏နောက်ဘက် တွင်ပေါင်နှစ်လုံးကြားမှထိုးထွက်လျက်နေ တော့၏။-