သူ​ကြီး 21:8-25 Common Language Bible (BCL)

8. မိ​ဇ​ပါ​မြို့​၌​စု​ရုံး​ရာ​သို့​ဣ​သ​ရေ​လ အ​မျိုး​အ​နွယ်​များ​ထဲ​မှ မ​လာ​မ​ရောက် သော​လူ​စု​ရှိ​ပါ​သ​လော​ဟု​စုံ​စမ်း​ကြ သော​အ​ခါ ဂိ​လဒ်​ပြည်​ယာ​ဗက်​မြို့​မှ​မည် သူ​တစ်​ဦး​တစ်​ယောက်​မျှ​မ​လာ​မ​ရောက် ကြောင်း​ကို​သိ​ရှိ​ရ​ကြ​လေ​သည်။-

9. တပ်​မ​တော်​မှ​နာ​မည်​ခေါ်​စာ​ရင်း​ကောက်​ယူ သော​အ​ခါ ဂိ​လဒ်​ပြည်​ယာ​ဗက်​မြို့​မှ​လူ တစ်​စုံ​တစ်​ယောက်​မျှ​မ​ပါ​ဝင်​ပေ။-

12. ထို​သူ​တို့​သည်​ယာ​ဗက်​မြို့​သား​များ​အ​နက် အ​ပျို​စင်​လေး​ရာ​ကို​တွေ့​ရှိ​သ​ဖြင့် သူ​တို့ အား​ရှိ​လော​မြို့​တပ်​စ​ခန်း​သို့​ခေါ်​ဆောင် ခဲ့​ကြ​၏။ ရှိ​လော​မြို့​သည်​ခါ​နာန်​ပြည်​တွင် ရှိ​သ​တည်း။

13. ထို​နောက်​စု​ဝေး​သော​သူ​အ​ပေါင်း​တို့​က ရိမ္မုန် ကျောက်​ရှိ​ဗင်္ယာ​မိန်​အ​မျိုး​သား​တို့​ထံ​သို့ စစ်​ပြေ​ငြိမ်း​ရန် ကမ်း​လှမ်း​ချက်​သ​တင်း​ကို ပေး​ပို့​လိုက်​ကြ​၏။-

14. ဗင်္ယာ​မိန်​အ​မျိုး​သား​တို့​သည်​ပြန်​လာ​ကြ သော​အ​ခါ အ​ခြား​ဣ​သ​ရေ​လ​အ​မျိုး​တို့ က​မိ​မိ​တို့​မ​သတ်​ဘဲ​ထား​သည့် ယာ​ဗက်​မြို့ သူ​အ​မျိုး​သ​မီး​တို့​ကို​ပေး​အပ်​လိုက်​လေ သည်။ သို့​ရာ​တွင်​ထို​အ​မျိုး​သ​မီး​အ​ရေ အ​တွက်​မှာ​ထို​သူ​တို့​အ​တွက်​လုံ​လောက် မှု​မ​ရှိ​ချေ။

15. ထာ​ဝ​ရ​ဘု​ရား​သည်​ဣ​သ​ရေ​လ​အ​မျိုး အ​နွယ်​တို့​၏​စည်း​လုံး​မှု​ကို​ပျက်​ပြား​စေ တော်​မူ​ပြီ​ဖြစ်​၍ လူ​တို့​သည်​ဗင်္ယာ​မိန်​အ​မျိုး သား​များ​အ​တွက်​ဝမ်း​နည်း​ကြ​လေ​သည်။-

16. သို့​ဖြစ်​၍​ခေါင်း​ဆောင်​တို့​က``ဗင်္ယာ​မိန်​အ​နွယ် ဝင်​အ​မျိုး​သ​မီး​များ​မ​ရှိ​ကြ​တော့​ပေ။ ကျန် ရှိ​နေ​သေး​သည့်​အ​မျိုး​သား​များ​အ​တွက် အ​ဘယ်​သို့​လျှင် မ​ယား​များ​ကို​ငါ​တို့​ရှာ ဖွေ​ပေး​ရ​ပါ​မည်​နည်း။-

17. ဣ​သ​ရေ​လ​တစ်​ဆယ့်​နှစ်​မျိုး​ရှိ​သည့် အ​နက်​တစ်​မျိုး​ပျောက်​ကွယ်​၍​မ​သွား စေ​အပ်။-

18. သို့​ရာ​တွင်​ငါ​တို့​သည်​မိ​မိ​တို့​၏​သ​မီး​များ နှင့်​သူ​တို့​အား​ထိမ်း​မြား​စုံ​ဖက်​ခွင့်​လည်း​မ ပြု​နိုင်။ အ​ဘယ်​ကြောင့်​ဆို​သော်​ယင်း​သို့​စုံ​ဖက် ရန်​ခွင့်​ပြု​သူ​သည် ငါ​တို့​၏​ကျိန်​စာ​သင့်​မည် ဖြစ်​သော​ကြောင့်​တည်း'' ဟု​ဆွေး​နွေး​တိုင်​ပင် ကြ​လေ​သည်။

19. ထို​နောက်​သူ​တို့​သည်​ရှိ​လော​မြို့​၌​နှစ်​စဉ် ကျင်း​ပ​မြဲ​ဖြစ်​သော ထာ​ဝ​ရ​ဘု​ရား​၏​ပွဲ တော်​ကျ​ရောက်​တော့​မည်​ကို​သ​တိ​ရ​ကြ ၏။ (ရှိ​လော​မြို့​သည်​ဗေ​သ​လ​မြို့​၏​မြောက် ဘက်၊ လေ​ဗော​န​မြို့​၏​တောင်​ဘက်၊ ဗေ​သ​လ မြို့​မှ​ရှေ​ခင်​မြို့​သို့​သွား​သော​လမ်း​အ​ရှေ့ ဘက်​၌​တည်​ရှိ​သ​တည်း။-)

20. သူ​တို့​က​ဗင်္ယာ​မိန်​အ​မျိုး​သား​တို့​အား``သင် တို့​သည်​စ​ပျစ်​ဥ​ယျာဉ်​များ​သို့​သွား​၍ ပုန်း အောင်း​၍၊-

21. စောင့်​ဆိုင်း​နေ​ကြ​လော့။ ရှိ​လော​မြို့​သူ​တို့​သည် ပွဲ​ခံ​အံ့​သော​ငှာ​က​ခုန်​လျက်​လာ​ကြ​လိမ့် မည်။ ထို​အ​ခါ​စပျစ်​ဥ​ယျာဉ်​များ​မှ​ထွက်​၍ သင်​တို့​နှင့်​အိမ်​ထောင်​ဖက်​ပြု​ရန်​နှစ်​သက် ရာ​အ​မျိုး​သ​မီး​ကို​ဗင်္ယာ​မိန်​ပြည်​သို့​ဖမ်း ဆီး​ခေါ်​ဆောင်​သွား​ကြ​လော့။-

22. အ​ကယ်​၍​သူ​တို့​၏​ဖ​ခင်​များ​သို့​မ​ဟုတ် မောင်​များ​က​လာ​ရောက်​ကန့်​ကွက်​လျှင် သင် တို့​သည်​သူ​တို့​အား`ထို​အ​မျိုး​သ​မီး​တို့​ကို ငါ​တို့​အား​သိမ်း​ပိုက်​ခွင့်​ပြု​ပါ။ အ​ဘယ်​ကြောင့် ဆို​သော်​ငါ​တို့​သည်​သင်​တို့​အား​တိုက်​ခိုက်​၍ သူ​တို့​ကို​သိမ်း​ယူ​ခြင်း​မ​ဟုတ်​သော​ကြောင့် ဖြစ်​ပါ​သည်။ ထို​မှ​တစ်​ပါး​သူ​တို့​ကို​ငါ​တို့ အား​ပေး​စား​သူ​မှာ​သင်​တို့​မ​ဟုတ်​သ​ဖြင့် သင်​တို့​သည်​မိ​မိ​တို့​၏​ကတိ​သစ္စာ​ကို​ချိုး ဖောက်​ရာ​မ​ရောက်​ပါ' ဟု​ပြန်​ပြော​ကြ လော့'' ဟူ​၍​မှာ​ထား​ကြ​၏။

23. ဗင်္ယာ​မိန်​အ​မျိုး​သား​တို့​သည်​လည်း​ယင်း​သို့ မှာ​ထား​သည့်​အ​တိုင်း​ပြု​၍ က​ခုန်​လျက်​လာ ကြ​သော​အ​မျိုး​သ​မီး​တို့​အား ကိုယ်​စီ​ကိုယ် ငှ​ရွေး​ယူ​ဖမ်း​ဆီး​ခေါ်​ဆောင်​၍​မိ​မိ​တို့​နယ် မြေ​သို့​ပြန်​ပြီး​လျှင်​မိ​မိ​တို့​၏​မြို့​များ​ကို ပြန်​လည်​ထူ​ထောင်​ကာ​နေ​ထိုင်​ကြ​လေ​၏။-

24. တစ်​ချိန်​တည်း​မှာ​ပင်​အ​ခြား​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​သည် မိ​မိ​တို့​၏​အ​မျိုး​အ​နွယ်၊ အိမ်​ထောင်​စု​နှင့်​အိုး​အိမ်​ရှိ​ရာ​အ​ရပ်​အ​သီး သီး​သို့​ပြန်​လည်​ထွက်​ခွာ​သွား​ကြ​ကုန်​၏။

25. ထို​ခေတ်​အ​ခါ​က​ဣ​သ​ရေ​လ​လူ​မျိုး​တွင် ရှင်​ဘု​ရင်​မ​ရှိ​သေး​ချေ။ လူ​တိုင်း​ပင်​မိ​မိ အ​လို​ရှိ​သည်​အ​တိုင်း​ပြု​သ​တည်း။ တ​ရား​သူ​ကြီး​မှတ်​စာ​ပြီး​၏။

သူ​ကြီး 21