8. မိဇပါမြို့၌စုရုံးရာသို့ဣသရေလ အမျိုးအနွယ်များထဲမှ မလာမရောက် သောလူစုရှိပါသလောဟုစုံစမ်းကြ သောအခါ ဂိလဒ်ပြည်ယာဗက်မြို့မှမည် သူတစ်ဦးတစ်ယောက်မျှမလာမရောက် ကြောင်းကိုသိရှိရကြလေသည်။-
9. တပ်မတော်မှနာမည်ခေါ်စာရင်းကောက်ယူ သောအခါ ဂိလဒ်ပြည်ယာဗက်မြို့မှလူ တစ်စုံတစ်ယောက်မျှမပါဝင်ပေ။-
12. ထိုသူတို့သည်ယာဗက်မြို့သားများအနက် အပျိုစင်လေးရာကိုတွေ့ရှိသဖြင့် သူတို့ အားရှိလောမြို့တပ်စခန်းသို့ခေါ်ဆောင် ခဲ့ကြ၏။ ရှိလောမြို့သည်ခါနာန်ပြည်တွင် ရှိသတည်း။
13. ထိုနောက်စုဝေးသောသူအပေါင်းတို့က ရိမ္မုန် ကျောက်ရှိဗင်္ယာမိန်အမျိုးသားတို့ထံသို့ စစ်ပြေငြိမ်းရန် ကမ်းလှမ်းချက်သတင်းကို ပေးပို့လိုက်ကြ၏။-
14. ဗင်္ယာမိန်အမျိုးသားတို့သည်ပြန်လာကြ သောအခါ အခြားဣသရေလအမျိုးတို့ ကမိမိတို့မသတ်ဘဲထားသည့် ယာဗက်မြို့ သူအမျိုးသမီးတို့ကိုပေးအပ်လိုက်လေ သည်။ သို့ရာတွင်ထိုအမျိုးသမီးအရေ အတွက်မှာထိုသူတို့အတွက်လုံလောက် မှုမရှိချေ။
15. ထာဝရဘုရားသည်ဣသရေလအမျိုး အနွယ်တို့၏စည်းလုံးမှုကိုပျက်ပြားစေ တော်မူပြီဖြစ်၍ လူတို့သည်ဗင်္ယာမိန်အမျိုး သားများအတွက်ဝမ်းနည်းကြလေသည်။-
16. သို့ဖြစ်၍ခေါင်းဆောင်တို့က``ဗင်္ယာမိန်အနွယ် ဝင်အမျိုးသမီးများမရှိကြတော့ပေ။ ကျန် ရှိနေသေးသည့်အမျိုးသားများအတွက် အဘယ်သို့လျှင် မယားများကိုငါတို့ရှာ ဖွေပေးရပါမည်နည်း။-
17. ဣသရေလတစ်ဆယ့်နှစ်မျိုးရှိသည့် အနက်တစ်မျိုးပျောက်ကွယ်၍မသွား စေအပ်။-
18. သို့ရာတွင်ငါတို့သည်မိမိတို့၏သမီးများ နှင့်သူတို့အားထိမ်းမြားစုံဖက်ခွင့်လည်းမ ပြုနိုင်။ အဘယ်ကြောင့်ဆိုသော်ယင်းသို့စုံဖက် ရန်ခွင့်ပြုသူသည် ငါတို့၏ကျိန်စာသင့်မည် ဖြစ်သောကြောင့်တည်း'' ဟုဆွေးနွေးတိုင်ပင် ကြလေသည်။
19. ထိုနောက်သူတို့သည်ရှိလောမြို့၌နှစ်စဉ် ကျင်းပမြဲဖြစ်သော ထာဝရဘုရား၏ပွဲ တော်ကျရောက်တော့မည်ကိုသတိရကြ ၏။ (ရှိလောမြို့သည်ဗေသလမြို့၏မြောက် ဘက်၊ လေဗောနမြို့၏တောင်ဘက်၊ ဗေသလ မြို့မှရှေခင်မြို့သို့သွားသောလမ်းအရှေ့ ဘက်၌တည်ရှိသတည်း။-)