20. သူတို့ကဗင်္ယာမိန်အမျိုးသားတို့အား``သင် တို့သည်စပျစ်ဥယျာဉ်များသို့သွား၍ ပုန်း အောင်း၍၊-
21. စောင့်ဆိုင်းနေကြလော့။ ရှိလောမြို့သူတို့သည် ပွဲခံအံ့သောငှာကခုန်လျက်လာကြလိမ့် မည်။ ထိုအခါစပျစ်ဥယျာဉ်များမှထွက်၍ သင်တို့နှင့်အိမ်ထောင်ဖက်ပြုရန်နှစ်သက် ရာအမျိုးသမီးကိုဗင်္ယာမိန်ပြည်သို့ဖမ်း ဆီးခေါ်ဆောင်သွားကြလော့။-
22. အကယ်၍သူတို့၏ဖခင်များသို့မဟုတ် မောင်များကလာရောက်ကန့်ကွက်လျှင် သင် တို့သည်သူတို့အား`ထိုအမျိုးသမီးတို့ကို ငါတို့အားသိမ်းပိုက်ခွင့်ပြုပါ။ အဘယ်ကြောင့် ဆိုသော်ငါတို့သည်သင်တို့အားတိုက်ခိုက်၍ သူတို့ကိုသိမ်းယူခြင်းမဟုတ်သောကြောင့် ဖြစ်ပါသည်။ ထိုမှတစ်ပါးသူတို့ကိုငါတို့ အားပေးစားသူမှာသင်တို့မဟုတ်သဖြင့် သင်တို့သည်မိမိတို့၏ကတိသစ္စာကိုချိုး ဖောက်ရာမရောက်ပါ' ဟုပြန်ပြောကြ လော့'' ဟူ၍မှာထားကြ၏။
23. ဗင်္ယာမိန်အမျိုးသားတို့သည်လည်းယင်းသို့ မှာထားသည့်အတိုင်းပြု၍ ကခုန်လျက်လာ ကြသောအမျိုးသမီးတို့အား ကိုယ်စီကိုယ် ငှရွေးယူဖမ်းဆီးခေါ်ဆောင်၍မိမိတို့နယ် မြေသို့ပြန်ပြီးလျှင်မိမိတို့၏မြို့များကို ပြန်လည်ထူထောင်ကာနေထိုင်ကြလေ၏။-
24. တစ်ချိန်တည်းမှာပင်အခြားဣသရေလ အမျိုးသားတို့သည် မိမိတို့၏အမျိုးအနွယ်၊ အိမ်ထောင်စုနှင့်အိုးအိမ်ရှိရာအရပ်အသီး သီးသို့ပြန်လည်ထွက်ခွာသွားကြကုန်၏။
25. ထိုခေတ်အခါကဣသရေလလူမျိုးတွင် ရှင်ဘုရင်မရှိသေးချေ။ လူတိုင်းပင်မိမိ အလိုရှိသည်အတိုင်းပြုသတည်း။ တရားသူကြီးမှတ်စာပြီး၏။